“Via Myanmar Group of Companies ၏ CEO ႏွင့္ တည္ေထာင္သူ ကုိသီဟပုိင္ႏွင့္ ေတြ႕ဆုံျခင္း”
အခုလက္ရွိအြန္လိုင္းေရွာ့ပင္းေတြတရား၀င္လုပ္ဖို႔ဆိုတဲ့ကိစၥနဲ႔ပတ္သက္ျပီးအျမင္ေလးကို ေျပာျပေပးပါဦး။
---------------- Online Shop ေတြတရား၀င္ဖုိ႔အတြက္အျပင္ကစတုိး လုပ္ငန္းေတြလုိလုပ္ငန္းလုိင္စင္ေတြအျပင္Online Business Licence အမ်ဳိးအစားတစ္ခုထပ္ထုတ္ေပးဖုိ႔လုိမယ္။ၿပီးေတာ့မွတ္ပုံတင္ခက ေစ်းအသက္သာဆုံးျဖစ္ဖို႔လိုတယ္။ဦးေဆာင္လုပ္ေနတဲ့သူေတြအသင္း လည္း ေထာင္သင့္တယ္။စာသုံးသူေတြကဒီShop ကမွန္လား၊ မမွန္လားစစ္ေဆးႏုိင္တဲ့Trust List လည္းရွိသင့္ပါတယ္။
ဒီကိစၥကိုသာတကယ္တမ္းအတည္ျပဳလုပ္ေဆာင္ၿပီးအေရးယူမယ္ဆိုရင္ လက္ရွိလုပ္ေနတဲ့အြန္လုိင္းေရွာ႔ပင္း ေတြအတြက္ဘယ္လိုအက်ိဳး သက္ေရာက္မႈေတြ ျဖစ္လာမယ္လုိ႔ထင္ျမင္မိပါသလဲ။
---------------- အေရးယူတယ္ဆုိတဲ့အပုိင္းကလိမ္လည္တဲ့အပုိင္းရယ္၊ ပစၥည္းအတုေတြရယ္၊တရားမ၀င္ေဆး၀ါးေတြအႏၲရာယ္ရွိတဲ့စားေသာက္ ကုန္၊အလွကုန္ေတြဆုိရင္Online မွမဟုတ္ဘူး။အျပင္မွာ ေရာင္းလည္း အေရးယူလုိ႔ရတယ္။ရွိၿပီးသားဥပေဒေအာက္မွာအကုန္အက်ဳံး၀င္ၿပီးသားပါ။Online မွာေစ်းေရာင္းသူတုိင္းကလူလိမ္ေတြမဟုတ္ပါဘူးေလ။
FDA စစ္ေဆးျခင္းမျပဳရတဲ့အတြက္စားသံုးရန္သင့္မသင့္၊ အႏၲရာယ္ရွိ၊ မရိွဆိုတဲ့အခ်က္နဲ႔ပတ္သက္ၿပီးေတာ့ေရာအျမင္ေလးသိပါရေစ။
---------------- FDA စစ္ေဆးမႈမလုပ္ထားတဲ့ပါးစပ္ထဲထည့္ရတဲ့ ဘယ္ကုန္စည္မဆုိ ေထာက္ခံခ်က္ယူၿပီးမွတင္သြင္းရတာပါ။ ေနာက္ၿပီး အစားအေသာက္၊ ေဆး၀ါး၊အလွကုန္ေတြကသြင္းကုန္လုိင္စင္လည္း လုိပါေသးတယ္။တရားမ၀င္တာေတြ ေစ်းကြက္ထဲေရာက္ေနတယ္ ဆုိရင္ေတာ့အဓိက၀င္ေနတဲ့နယ္စပ္ေတြ ေရဆိပ္ေတြကုိၾကပ္မတ္စစ္ေဆး ေပါ့။မလြတ္ထြက္ေအာင္ဖမ္းေပါ့။ ေတြ႕ရင္သိမ္းဆည္းဖမ္းေပါ့။ အခုလည္း တရားမ၀င္ကုန္သြယ္မႈတားဆီးေရးဗဟုိအဖဲြ႕ေရာ၊Customs ေရာစားသုံးသူ ကာကြယ္ေရးအဖဲြ႕ေတြလည္းရွိေနတာပဲ။ ျပည္တြင္းထုတ္ကုန္ေတြဆုိရင္ လည္းအႏၲရာယ္ရွိလာရင္FDA Website ေတြ၊သတင္းစာေတြFacebook Page ေတြမွာလည္းထုတ္ျပန္ေပးေနတာပဲေလ။
ျပည္တြင္းကSMEs ပံုစံမ်ိဳးတစ္ပိုင္တစ္ႏိုင္ေရာင္းခ်ေနၾကတဲ႔ လုပ္ငန္းငယ္ ေတြနဲ႔ၾကားခံ၀ယ္ေရာင္း ျပဳလုပ္ေပးေနတဲ႔အြန္လုိင္းေရွာ့ပင္းေတြ အေပၚေရာ ဘယ္လိုျမင္မိပါသလဲ။
---------------- SMEs ဆုိတာအေသးစားလုပ္ငန္းေတြပါ။Online Shop ေတြဆုိတာလည္းအေသးစားပါပဲ။ဆုိင္မဖြင့္ႏုိင္လုိ႔Online ကေနတစ္ပုိင္ တစ္ႏုိင္ကေနOnline မွာေရာင္းၾကတယ္။နာမည္ရလာ၊ ေစ်းကြက္ရလာ ေတာ့ဆုိင္ေလးေတြကုိယ္စီဖြင့္ၾကတယ္၊ ေျပာရမယ္ဆုိရင္Online Shop ကေနBusiness တစ္ခုကုိတည္ေထာင္လိုက္ႏုိင္တာပါ။ ေစ်းမ်ားတယ္။ နည္းတယ္။မွန္ကန္၊မမွန္ကန္ဘူးဆုိတာစားသုံးသူကစစ္ေဆးလုိ႔ရတယ္။ တန္ရင္၀ယ္မယ္။မတန္ရင္မ၀ယ္ဘူးေပါ့။
MLM ေတြအြန္လိုင္းမွာလုပ္ကိုင္ေနတာမ်ိဳးရွိသလိုတခ်ိဳ႕အလွကုန္၊ ေဆး၀ါးေတြကိုMLM ပံုစံမဟုတ္ဘဲ ေရာင္းခ်ေနတာမ်ိဳးလည္းရွိပါတယ္၊ အဲဒီအေပၚေရာဘယ္လိုျမင္မိပါသလဲရွင့္။
---------------- MLM ပစၥည္းေတြကOnline ေပၚတက္လာတာဟာသူတုိ႔ ေစ်းကြက္ကုိခ်ဲ႕ထြင္တာပါ။MLM ပစၥည္းေတြဆုိ ေစ်းႀကီးတာထုံးစံပါပဲ။ ေနာက္သူတုိ႔ကုန္စည္ေတြကုိOnline မွာစစ္ၾကည့္ေပါ့။သိရတာေပါ့။FDA တုိ႔အလွကုန္နဲ႔ပတ္သက္တဲ့ဥပေဒလည္းရွိတယ္။ကုိက္ညီရင္ ေရာင္းေပါ့။ မဟုတ္တာႀကီးကုိOver Promote မလုပ္မိဖုိ႔ေတာ့လုိတယ္။စားသုံးသူ ကလည္း ေသခ်ာစစ္ေဆးဖို႔လုိတယ္။ ေကာင္းတယ္ေျပာတုိင္းမယုံသင့္ဘူး ေလ။ ေပးရမယ့္ေငြနဲ႔တန္တယ္မတန္တယ္ဆုိတာ၀ယ္သူဘက္က ခ်င့္ခ်ိန္ရမွာပါပဲ။
အခုလႊတ္ေတာ္မွာေျပာသြားတဲ႔အထဲမွာစားသံုးသူကာကြယ္ေရးကိစၥလည္းပါေတာ့အဲဒီအပိုင္းကိုဘယ္လိုျမင္မိပါသလဲ။
---------------- အေရာင္းအ၀ယ္လုပ္ငန္းမွာထုတ္လုပ္သူ၊ ျဖန္႔ျဖဴးသူ၊ တင္သြင္းသူ၊ ေရာင္းခ်သူေတြအားလုံးမွာစားသုံးသူကအဓိက အက်ဆုံးပါ။ စားသုံးသူကာကြယ္ေပးေရးဥပေဒေတြအျပင္အရည္အေသြးထိန္းခ်ဳပ္တာနဲ႔ပတ္သက္တဲ့ဥပေဒလည္းရွိေသးတယ္။တခ်ဳိ႕ဥပေဒေတြက ျပဌာန္းထားေပ မယ့္နည္းဥပေဒေတြ ေကာ္မရွင္ေတြမရွိေသးဘူး။တင္သြင္းသူ၊ ေရာင္းခ် သူေတြစားသုံးသူေတြေတာင္တခ်ဳိ႕ဥပေဒေတြကုိမသိေသးဘူး။
အခုကိစၥမ်ိဳး ျပည္ပႏိုင္ငံေတြမွာေရာဘယ္လိုပံုစံရွိတာပါလဲ။
---------------- တုိးတက္တဲ႔ႏုိင္ငံတုိင္းမွာထိန္းခ်ဳပ္မႈေတြဥပေဒေတြ အကုန္ရွိပါတယ္။မတန္တဆ ေစ်းတင္ေရာင္းတာတုိ႔Over Promote လုပ္ရင္ေတာင္စားသုံးသူကမေက်နပ္ရင္အေရးယူလုိ႔ရပါတယ္။စားသုံးသူက ေစ်းကြက္စီးပြားေရးမွာအေရးပါဆုံးပါ။စားသုံးသူကုိသိပ္အေလးထားၾက ပါတယ္။သူတုိ႔ေတြစီမွာOnline ကေစ်း၀ယ္ရင္Tax ပါ။တခါတည္း ေကာက္တာေတြရွိတယ္။အစုိးရကုိယ္တုိင္အားေပးတဲ့Market Platform ေတြလည္းရွိတယ္။Online ေငြေၾကးစနစ္ေတြ၊ဘဏ္စနစ္ေတြ၊Credit Card စနစ္ေတြ၊တာ၀န္ခံတာေတြထိပါရွိတယ္။Ecommerce စနစ္ကုိ သိပ္ကုိအားေပးၾကတယ္။Logistics ေတြလည္းသိပ္ကုိေကာင္းၾကပါတယ္။
ျပည္တြင္းကလုပ္ငန္းေသးေလးေတြအေနနဲ႔အစိုးရကအခုေကာက္ခံမယ့္ပံုစံအတုိင္း ေပးႏိုင္မယ္လုိ႔ယူဆပါသလားရွင့္၊သူတို႔အတြက္အဆင္မေျပဘူးလို႔ ေျပာၾကတာနဲ႔ပတ္သက္ျပီးဘယ္လိုျမင္ပါသလဲ။
---------------- ႏုိင္ငံတြင္းဘယ္ကုန္စည္မဆုိအခြန္ေဆာင္ထားၿပီးသားပါ။ အခြန္မေဆာင္ထားဘူးဆုိတာကေတာ့တရားမ၀င္တင္သြင္းတဲ့အပုိင္းျဖစ္သြားပါၿပီ။တရားမ၀င္တင္သြင္းရင္ထုတ္ကုန္သြင္းကုန္ဥပေဒအျပင္ Customs ကSea Csutoms Act, Land Customs Act ေတြအရ အေရးယူရမွာပါ။အခြန္နဲ႔ပတ္သက္ရင္၂၀၁၆အခြန္ဥပေဒမွာကုန္သြယ္ခြန္ ကင္းလြတ္တဲ့အုပ္စုအမ်ဳိးစားထဲပါႏုိင္ပါတယ္။ဥပေဒကုိလုိသလုိျဖတ္ ေတာက္တာဆုိရင္Online Marketing Services ဆုိတဲ့စကားရပ္ေတြ Online Business လုပ္ငန္းလုိင္စင္ေတြလိုအပ္ပါလိမ့္မယ္။ဥပေဒမွာ ထပ္မံျပဌာန္းေပါ့။ အေသးအဖဲြေလးေတြသာအခ်င္းခ်င္းေရာင္းၾက ၀ယ္ၾက တာပါ။Online ေစ်းကြက္E Commerce လုပ္တာက်ယ္ျပန္႔လာတာနဲ႔ ဆုိင္ေလးေတြဖြင့္ၾကCompany ေတြေထာင္ၾကပါတယ္။အဲၾကရင္ ပထမျပဌာန္းထားတဲ့စတိုးလုပ္ငန္းတို႔Company တုိ႔ေအာက္အက်ဳံး၀င္ သြားပါလိမ့္မယ္။ ျမန္မာျပည္Online ကေစ်းေရာင္းတာဟာအခြန္ေပးၿပီး သားသာျဖစ္ပါတယ္။ထပ္လုိခ်င္လုိ႔ထပ္မံစည္းက်ပ္လုိရင္ေတာ့အထူး ကုန္စည္လုိထပ္ထည့္ေပါ့ေလ။ဥပေဒရွိရင္ေတာ့မတတ္ႏုိင္ဘူးေလ။ ေဆာင္ရေတာ့မွာေပါ့။အခြန္ေပၚအခြန္ထပ္သြားတာကေတာ့ ေမးစရာျဖစ္ မွာေပါ့။
အိမ္တုိင္ရာေရာက္Door to Door ေရာင္းခ်မႈေတြကအခြန္လြတ္ေနတယ္ ဆုိတာနဲ႔ပတ္သက္ၿပီး ေျပာျပေပးပါဦး။
---------------- Door to Door ဆုိတာကြၽန္ေတာ္တုိ႔ဆီမွာကပစၥည္း သြားပုိ႔မွ ေငြရတာပါ။ပုိ႔ေနတုန္းအိမ္ေရာက္သြားလုိ႔မႀကဳိက္လုိ႔ေနာ္ ဆုိရင္ျပန္ယူလာရတာပါ။Risk Marketing ေခၚမွာေပါ့ေလ။ ေငြေခ်စနစ္ ေတြ ေပၚေနေပမယ့္လူတုိင္းမသုံးႏုိင္ေသးဘူး။အခြန္ကလြတ္ေနတာမဟုတ္ ေဆာင္ထားၿပီးသားပါလို႔အင္တာနက္မွာေရာင္းတာနဲ႔ပတ္သက္ၿပီးေျပာရင္သူဟာတင္သြင္းသူလည္းမဟုတ္ဘူး။ထုတ္လုပ္သူလည္းမဟုတ္ဘူးဆုိရင္သူကRetail ေရာင္းခ်သူျဖစ္ပါတယ္။အိမ္အေရာက္ပုိ႔ေဆာင္ေပးသူပါ။ အျပင္မွာဆုိင္ဖြင့္တာမဟုတ္လုိ႔စည္ပင္လုပ္ငန္းလုိင္စင္မရွိပါဘူး။ဆုိင္ဖြင့္ ရင္ေတာ့သူေဆာင္ရပါလိမ့္မယ္။Online တုိ႔Facebook တုိ႔ကဆုိင္ေတြ ကစည္ပင္Area ထဲမပါဘူးလားပါလားေတာ့ကြၽန္ေတာ္မေျပာတတ္ပါဘူး။ အင္တာနက္ဖုိးဖုန္းဖုိးကလည္းအလကားမရတာဆုိေတာ့ေလ။
ဘာမ်ားျဖည့္စြက္ေျပာခ်င္ပါေသးလဲ။
---------------- ကြၽန္ေတာ္တုိ႔ႏုိင္ငံကအခုမွစၿပီးအားယူေနတဲ႔ အေန အထားပါလူငယ္ေတြ ေတာ္ေတာ္မ်ားမ်ားFacebook Social Network ေၾကာင့္အလုပ္အကုိင္သစ္ေတြဖြံ႕ၿဖဳိးလာတယ္။ ေစ်းကြက္အျမင္ေတြလည္း ရွိလာၾကတယ္ဗ်ာ။ဒီတစ္ခုေႀကာင့္လူငယ္ေလးေတြေတာ္ေတာ္မ်ားမ်ား ေအာင္ျမင္ၾကတယ္။အစကface-book Online Page ေလးကေနအျပင္ Showroom ေနာက္Company တျဖည္းျဖည္းတုိးတက္လာပါတယ္။အခုက ေထာင္ဒဏ္ေတြ၊ဥပေဒေတြ၊အခြန္ပုိင္းေတြနဲ႔Developing Trend တစ္ခု ကုိကန္႔သတ္ခ်င္ေနၾကတဲ့အေနအထား ေတြ႕လာရပါတယ္။တကယ္ေတာ့ Online Shop ေတြကအခြန္စည္းၾကပ္မႈေအာက္ကေနမထြက္ပါဘူး။ ဒါေၾကာင့္မကန္႔သတ္ပါနဲ႔ပ်ဳိးေထာင္ေပးပါလို႔ေျပာခ်င္ပါတယ္။
အခုလိုေျဖေပးတာေက်းဇူးတင္ပါတယ္။
ရဲလင္းလင္းသန္းေတြ႕ဆုံေမးျမန္းသည္။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
*****************************************************************
*****************************************************************
(Unicode Version)
<Online Shop တွေ တရားဝင်၊ မဝင် သူတို့၏သုံးသပ်ချက် …..>
“Via Myanmar Group of Companies ၏ CEO နှင့် တည်ထောင်သူ ကိုသီဟပိုင်နှင့် တွေ့ဆုံခြင်း”
အခုလက်ရှိအွန်လိုင်းရှော့ပင်းတွေတရားဝင်လုပ်ဖို့ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးအမြင်လေးကို ပြောပြပေးပါဦး။
---------------- Online Shop တွေတရားဝင်ဖို့အတွက်အပြင်ကစတိုး လုပ်ငန်းတွေလိုလုပ်ငန်းလိုင်စင်တွေအပြင်Online Business Licence အမျိုးအစားတစ်ခုထပ်ထုတ်ပေးဖို့လိုမယ်။ပြီးတော့မှတ်ပုံတင်ခက စျေးအသက်သာဆုံးဖြစ်ဖို့လိုတယ်။ဦးဆောင်လုပ်နေတဲ့သူတွေအသင်း လည်း ထောင်သင့်တယ်။စာသုံးသူတွေကဒီShop ကမှန်လား၊ မမှန်လားစစ်ဆေးနိုင်တဲ့Trust List လည်းရှိသင့်ပါတယ်။
ဒီကိစ္စကိုသာတကယ်တမ်းအတည်ပြုလုပ်ဆောင်ပြီးအရေးယူမယ်ဆိုရင် လက်ရှိလုပ်နေတဲ့အွန်လိုင်းရှော့ပင်း တွေအတွက်ဘယ်လိုအကျိုး သက်ရောက်မှုတွေ ဖြစ်လာမယ်လို့ထင်မြင်မိပါသလဲ။
---------------- အရေးယူတယ်ဆိုတဲ့အပိုင်းကလိမ်လည်တဲ့အပိုင်းရယ်၊ ပစ္စည်းအတုတွေရယ်၊တရားမဝင်ဆေးဝါးတွေအန္တရာယ်ရှိတဲ့စားသောက် ကုန်၊အလှကုန်တွေဆိုရင်Online မှမဟုတ်ဘူး။အပြင်မှာ ရောင်းလည်း အရေးယူလို့ရတယ်။ရှိပြီးသားဥပဒေအောက်မှာအကုန်အကျုံးဝင်ပြီးသားပါ။Online မှာစျေးရောင်းသူတိုင်းကလူလိမ်တွေမဟုတ်ပါဘူးလေ။
FDA စစ်ဆေးခြင်းမပြုရတဲ့အတွက်စားသုံးရန်သင့်မသင့်၊ အန္တရာယ်ရှိ၊ မရှိဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ရောအမြင်လေးသိပါရစေ။
---------------- FDA စစ်ဆေးမှုမလုပ်ထားတဲ့ပါးစပ်ထဲထည့်ရတဲ့ ဘယ်ကုန်စည်မဆို ထောက်ခံချက်ယူပြီးမှတင်သွင်းရတာပါ။ နောက်ပြီး အစားအသောက်၊ ဆေးဝါး၊အလှကုန်တွေကသွင်းကုန်လိုင်စင်လည်း လိုပါသေးတယ်။တရားမဝင်တာတွေ စျေးကွက်ထဲရောက်နေတယ် ဆိုရင်တော့အဓိကဝင်နေတဲ့နယ်စပ်တွေ ရေဆိပ်တွေကိုကြပ်မတ်စစ်ဆေး ပေါ့။မလွတ်ထွက်အောင်ဖမ်းပေါ့။ တွေ့ရင်သိမ်းဆည်းဖမ်းပေါ့။ အခုလည်း တရားမဝင်ကုန်သွယ်မှုတားဆီးရေးဗဟိုအဖွဲ့ရော၊Customs ရောစားသုံးသူ ကာကွယ်ရေးအဖွဲ့တွေလည်းရှိနေတာပဲ။ ပြည်တွင်းထုတ်ကုန်တွေဆိုရင် လည်းအန္တရာယ်ရှိလာရင်FDA Website တွေ၊သတင်းစာတွေFacebook Page တွေမှာလည်းထုတ်ပြန်ပေးနေတာပဲလေ။
ပြည်တွင်းကSMEs ပုံစံမျိုးတစ်ပိုင်တစ်နိုင်ရောင်းချနေကြတဲ့ လုပ်ငန်းငယ် တွေနဲ့ကြားခံဝယ်ရောင်း ပြုလုပ်ပေးနေတဲ့အွန်လိုင်းရှော့ပင်းတွေ အပေါ်ရော ဘယ်လိုမြင်မိပါသလဲ။
---------------- SMEs ဆိုတာအသေးစားလုပ်ငန်းတွေပါ။Online Shop တွေဆိုတာလည်းအသေးစားပါပဲ။ဆိုင်မဖွင့်နိုင်လို့Online ကနေတစ်ပိုင် တစ်နိုင်ကနေOnline မှာရောင်းကြတယ်။နာမည်ရလာ၊ စျေးကွက်ရလာ တော့ဆိုင်လေးတွေကိုယ်စီဖွင့်ကြတယ်၊ ပြောရမယ်ဆိုရင်Online Shop ကနေBusiness တစ်ခုကိုတည်ထောင်လိုက်နိုင်တာပါ။ စျေးများတယ်။ နည်းတယ်။မှန်ကန်၊မမှန်ကန်ဘူးဆိုတာစားသုံးသူကစစ်ဆေးလို့ရတယ်။ တန်ရင်ဝယ်မယ်။မတန်ရင်မဝယ်ဘူးပေါ့။
MLM တွေအွန်လိုင်းမှာလုပ်ကိုင်နေတာမျိုးရှိသလိုတချို့အလှကုန်၊ ဆေးဝါးတွေကိုMLM ပုံစံမဟုတ်ဘဲ ရောင်းချနေတာမျိုးလည်းရှိပါတယ်၊ အဲဒီအပေါ်ရောဘယ်လိုမြင်မိပါသလဲရှင့်။
---------------- MLM ပစ္စည်းတွေကOnline ပေါ်တက်လာတာဟာသူတို့ စျေးကွက်ကိုချဲ့ထွင်တာပါ။MLM ပစ္စည်းတွေဆို စျေးကြီးတာထုံးစံပါပဲ။ နောက်သူတို့ကုန်စည်တွေကိုOnline မှာစစ်ကြည့်ပေါ့။သိရတာပေါ့။FDA တို့အလှကုန်နဲ့ပတ်သက်တဲ့ဥပဒေလည်းရှိတယ်။ကိုက်ညီရင် ရောင်းပေါ့။ မဟုတ်တာကြီးကိုOver Promote မလုပ်မိဖို့တော့လိုတယ်။စားသုံးသူ ကလည်း သေချာစစ်ဆေးဖို့လိုတယ်။ ကောင်းတယ်ပြောတိုင်းမယုံသင့်ဘူး လေ။ ပေးရမယ့်ငွေနဲ့တန်တယ်မတန်တယ်ဆိုတာဝယ်သူဘက်က ချင့်ချိန်ရမှာပါပဲ။
အခုလွှတ်တော်မှာပြောသွားတဲ့အထဲမှာစားသုံးသူကာကွယ်ရေးကိစ္စလည်းပါတော့အဲဒီအပိုင်းကိုဘယ်လိုမြင်မိပါသလဲ။
---------------- အရောင်းအဝယ်လုပ်ငန်းမှာထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ တင်သွင်းသူ၊ ရောင်းချသူတွေအားလုံးမှာစားသုံးသူကအဓိက အကျဆုံးပါ။ စားသုံးသူကာကွယ်ပေးရေးဥပဒေတွေအပြင်အရည်အသွေးထိန်းချုပ်တာနဲ့ပတ်သက်တဲ့ဥပဒေလည်းရှိသေးတယ်။တချို့ဥပဒေတွေက ပြဌာန်းထားပေ မယ့်နည်းဥပဒေတွေ ကော်မရှင်တွေမရှိသေးဘူး။တင်သွင်းသူ၊ ရောင်းချ သူတွေစားသုံးသူတွေတောင်တချို့ဥပဒေတွေကိုမသိသေးဘူး။
အခုကိစ္စမျိုး ပြည်ပနိုင်ငံတွေမှာရောဘယ်လိုပုံစံရှိတာပါလဲ။
---------------- တိုးတက်တဲ့နိုင်ငံတိုင်းမှာထိန်းချုပ်မှုတွေဥပဒေတွေ အကုန်ရှိပါတယ်။မတန်တဆ စျေးတင်ရောင်းတာတို့Over Promote လုပ်ရင်တောင်စားသုံးသူကမကျေနပ်ရင်အရေးယူလို့ရပါတယ်။စားသုံးသူက စျေးကွက်စီးပွားရေးမှာအရေးပါဆုံးပါ။စားသုံးသူကိုသိပ်အလေးထားကြ ပါတယ်။သူတို့တွေစီမှာOnline ကစျေးဝယ်ရင်Tax ပါ။တခါတည်း ကောက်တာတွေရှိတယ်။အစိုးရကိုယ်တိုင်အားပေးတဲ့Market Platform တွေလည်းရှိတယ်။Online ငွေကြေးစနစ်တွေ၊ဘဏ်စနစ်တွေ၊Credit Card စနစ်တွေ၊တာဝန်ခံတာတွေထိပါရှိတယ်။Ecommerce စနစ်ကို သိပ်ကိုအားပေးကြတယ်။Logistics တွေလည်းသိပ်ကိုကောင်းကြပါတယ်။
ပြည်တွင်းကလုပ်ငန်းသေးလေးတွေအနေနဲ့အစိုးရကအခုကောက်ခံမယ့်ပုံစံအတိုင်း ပေးနိုင်မယ်လို့ယူဆပါသလားရှင့်၊သူတို့အတွက်အဆင်မပြေဘူးလို့ ပြောကြတာနဲ့ပတ်သက်ပြီးဘယ်လိုမြင်ပါသလဲ။
---------------- နိုင်ငံတွင်းဘယ်ကုန်စည်မဆိုအခွန်ဆောင်ထားပြီးသားပါ။ အခွန်မဆောင်ထားဘူးဆိုတာကတော့တရားမဝင်တင်သွင်းတဲ့အပိုင်းဖြစ်သွားပါပြီ။တရားမဝင်တင်သွင်းရင်ထုတ်ကုန်သွင်းကုန်ဥပဒေအပြင် Customs ကSea Csutoms Act, Land Customs Act တွေအရ အရေးယူရမှာပါ။အခွန်နဲ့ပတ်သက်ရင်၂၀၁၆အခွန်ဥပဒေမှာကုန်သွယ်ခွန် ကင်းလွတ်တဲ့အုပ်စုအမျိုးစားထဲပါနိုင်ပါတယ်။ဥပဒေကိုလိုသလိုဖြတ် တောက်တာဆိုရင်Online Marketing Services ဆိုတဲ့စကားရပ်တွေ Online Business လုပ်ငန်းလိုင်စင်တွေလိုအပ်ပါလိမ့်မယ်။ဥပဒေမှာ ထပ်မံပြဌာန်းပေါ့။ အသေးအဖွဲလေးတွေသာအချင်းချင်းရောင်းကြ ၀ယ်ကြ တာပါ။Online စျေးကွက်E Commerce လုပ်တာကျယ်ပြန့်လာတာနဲ့ ဆိုင်လေးတွေဖွင့်ကြCompany တွေထောင်ကြပါတယ်။အဲကြရင် ပထမပြဌာန်းထားတဲ့စတိုးလုပ်ငန်းတို့Company တို့အောက်အကျုံးဝင် သွားပါလိမ့်မယ်။ မြန်မာပြည်Online ကစျေးရောင်းတာဟာအခွန်ပေးပြီး သားသာဖြစ်ပါတယ်။ထပ်လိုချင်လို့ထပ်မံစည်းကျပ်လိုရင်တော့အထူး ကုန်စည်လိုထပ်ထည့်ပေါ့လေ။ဥပဒေရှိရင်တော့မတတ်နိုင်ဘူးလေ။ ဆောင်ရတော့မှာပေါ့။အခွန်ပေါ်အခွန်ထပ်သွားတာကတော့ မေးစရာဖြစ် မှာပေါ့။
အိမ်တိုင်ရာရောက်Door to Door ရောင်းချမှုတွေကအခွန်လွတ်နေတယ် ဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
---------------- Door to Door ဆိုတာကျွန်တော်တို့ဆီမှာကပစ္စည်း သွားပို့မှ ငွေရတာပါ။ပို့နေတုန်းအိမ်ရောက်သွားလို့မကြိုက်လို့နော် ဆိုရင်ပြန်ယူလာရတာပါ။Risk Marketing ခေါ်မှာပေါ့လေ။ ငွေချေစနစ် တွေ ပေါ်နေပေမယ့်လူတိုင်းမသုံးနိုင်သေးဘူး။အခွန်ကလွတ်နေတာမဟုတ် ဆောင်ထားပြီးသားပါလို့အင်တာနက်မှာရောင်းတာနဲ့ပတ်သက်ပြီးပြောရင်သူဟာတင်သွင်းသူလည်းမဟုတ်ဘူး။ထုတ်လုပ်သူလည်းမဟုတ်ဘူးဆိုရင်သူကRetail ရောင်းချသူဖြစ်ပါတယ်။အိမ်အရောက်ပို့ဆောင်ပေးသူပါ။ အပြင်မှာဆိုင်ဖွင့်တာမဟုတ်လို့စည်ပင်လုပ်ငန်းလိုင်စင်မရှိပါဘူး။ဆိုင်ဖွင့် ရင်တော့သူဆောင်ရပါလိမ့်မယ်။Online တို့Facebook တို့ကဆိုင်တွေ ကစည်ပင်Area ထဲမပါဘူးလားပါလားတော့ကျွန်တော်မပြောတတ်ပါဘူး။ အင်တာနက်ဖိုးဖုန်းဖိုးကလည်းအလကားမရတာဆိုတော့လေ။
ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
---------------- ကျွန်တော်တို့နိုင်ငံကအခုမှစပြီးအားယူနေတဲ့ အနေ အထားပါလူငယ်တွေ တော်တော်များများFacebook Social Network ကြောင့်အလုပ်အကိုင်သစ်တွေဖွံ့ဖြိုးလာတယ်။ စျေးကွက်အမြင်တွေလည်း ရှိလာကြတယ်ဗျာ။ဒီတစ်ခုကြောင့်လူငယ်လေးတွေတော်တော်များများ အောင်မြင်ကြတယ်။အစကface-book Online Page လေးကနေအပြင် Showroom နောက်Company တဖြည်းဖြည်းတိုးတက်လာပါတယ်။အခုက ထောင်ဒဏ်တွေ၊ဥပဒေတွေ၊အခွန်ပိုင်းတွေနဲ့Developing Trend တစ်ခု ကိုကန့်သတ်ချင်နေကြတဲ့အနေအထား တွေ့လာရပါတယ်။တကယ်တော့ Online Shop တွေကအခွန်စည်းကြပ်မှုအောက်ကနေမထွက်ပါဘူး။ ဒါကြောင့်မကန့်သတ်ပါနဲ့ပျိုးထောင်ပေးပါလို့ပြောချင်ပါတယ်။
အခုလိုဖြေပေးတာကျေးဇူးတင်ပါတယ်။
ရဲလင်းလင်းသန်းတွေ့ဆုံမေးမြန်းသည်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
https://m.facebook.com/story.php?story_fbid=751772405001498&id=387849971393745
No comments:
Post a Comment