ဒီနေ့ 21/0/2014 မနက် 10 : 00 ကနေ ညနေ 4 နာရီထိ မန္တလေး က မိတ်ဆွေတယောက် အတွက် ကား တစီးလိုက်ရှာပေးလိုက်ပါတယ် - Pick up ကားနဲ့ ပတ်သတ်ပြီး ဈေးတန်းတွေ ရော အခြေနေတွေရော သိခဲ့ရတယ် ကိုယ်တွေက Japan ဘက်ခြမ်း RO Ro ကားတွေ ကိုပဲ စိတ်ဝင်စားနေတော့ Thailand ကနေလာတဲ့ကားတွေ ဘက်ကို သိပ်မသိလိုက်ဘူး အခုတော့ ကောင်းကောင်းသိလိုက်ပါပီ -ဈေးတွေနဲ့ ကားအကြောင်းတော်တော်လေး သိလိုက်ပါပြီ ဖြစ်ကြောင်း
Pick up ကားတွေ ကို ၀ယ်မယ်ဆိုရင် - တော်တော်လေး မူးရပါတယ် Grade ပေါ်မှာ မူတည်သလို Brand New - Recon - အင်ဂျင်ပါဝါ 2.5 - 3.0 ( G - E ) - ပစ္စည်းစုံမစုံ - ကာလာ အဖြူ -အမဲ - ရွေရောင် - ငွေရောင် - နောက်ဖုံး ပါမပါ ဂျိုင်းပြဲ မပြဲ ကီလို 5 သောင်း ကျော် 1 သိန်းကျော် Tv - Back ပါမပါ စုံပလုံနေတာပါပဲ -
ဒီနေ့လိုက်ရှာတော့ ဒီလိုကားတွေ အများကြီးတွေ့ခဲ့တယ် အများစုံးကားကတော့
Hilux Vigo Champ 2014 Brand New 4W 3.0 G အသစ်စက်စက် ပစ္စည်း စုံတာ အဖြူရောင်တော်တော်များများ ကို တွေ့ခွဲပါတယ် အဖြူတွေများတယ် တချို့လူတွေ က 330 ထိ ခေါ် ပြီးတချို့ကတော့ 305 လောက်ခေါ်တယ် 305 ခေါ်တဲ့ ကားကိုကြည့်တော့ ဘာဆိုဘာမှမပါဘူး ရှေ့ ဘန်ပါတွေ TV တွေ နောက် ဘက်တွေ မပါဘူး အသစ်ချက်ချွတ်ဖြစ်တာတခုပဲ 315 ကားကိုကြည့်တော့ စုံလိုက်တာမှ ပြန်လို့လန်လို့ 330 ခေါ်တဲ့ ကားကတော့ မေးလိုက်ရုံပါပဲ ရောက်တောင်မရောက်ဘူး
Hilux Vigo Champ 2014 Brand New 4W 2.5 တွေကလည် ကတုံးတွေရော ဆင်ထားတာတွေ ရောများမှ များပဲ အဖြူရောင် အလုံးဝ အသစ်စက်စက်တွေ 275 ဆိုတဲ့ ကားက ကတုံး - 280 ဆိုတဲ့ ကားက စင်ထားတဲ့ ကား ပစည်း နည်းနည်း စုံပေါ့
နောက်တခုကတော့ PRE rUNNER ကပ်ထားတဲ့ ကားတွေ ဒါတွေကြတော့ 2 w - 2010 ကားတွေများတယ် အမဲ တွေများတယ် ဈေးတွေကလည်ူ 140 ပတ်ဝန်းကျင်တွေ တော်တော်များတယ် -
နောက်ကြည့်ခဲ့တဲကားတွေကတော့ ဒီကားတွေပါပဲ
2014 Hilux Vigo Brand new ရင်ကွဲတံခါး 4W 3.0 G
2013 Hilux Vigo Brand new ရင်ကွဲတံခါး 4W 3.0 G
2013 Hilux Vigo Brand new ရင်ကွဲတံခါး 4W 3.0 E
2014 Hilux Vigo Brand new ရင်ကွဲတံခါး 2W 2.5
2010 Hilux Vigo Brand new ရင်ကွဲတံခါး 2W D4D 2.5
2012 Hilux Vigo recon ရင်ကွဲတံခါး 4W 3.0 E
2006 Japan Tiger Hilux ရင်ကွဲတံခါး 4W 3.0
2005 thai Tiger Hilux တခန်း 4 W
2005-2006 FORD Ranger
တော်တော်လေးတော့မောသွားတယ် - 2010 4W Recon ကီလို 5 သောင်း အမဲ 3.0 တစီးကို 210 နဲ့ တွေ့ခဲ့တယ် အဲတာ စိတ်ဝင်စားတယ်ဆိုလို့ သူကို ပိုင်ရှင်နဲ့ ချိတ်ပြီး ထားခဲ့လိုက်တယ်
ရောက်ခဲ့တဲ့နေရာတွေ့တော့
မြောက်ဥက္ကလာ 2 နေရာ ( Cardb )
သံသုမာလမ်းက Wave
ကို ရူပ KO YU PA ( 9 မိုင် ခြံ )
အလုံးကား ရပ်နားကွင်း
မော်တင်လမ်း ( Cardb )
သူများအကျိုးဆောင် ကိုယ့် အကျိုးအောင်တဲ့ - အခမဲ့ ကူညီပေမယ့် ပြန်ရလိုက်တဲ့ အတွေ့ကြုံကတော့ Pickup ကားဈေးတွေနဲ့ ပတ်သတ်ရင် -တော်တော်လေး သိလိုက်ရပြီ
ကိုနေစေး