လောကကြီးမှာ သင်ယူစရာတွေသိပ်များတယ်
ကျွန်တော်က အင်ဂျင်နီယာလဲမဟုတ်ဘူး ကားသမားလဲ မဟုတ်ဘူး အိုင်တီသမားလဲ မဟုတ်ဘူး စာရေးဆရာလဲ မဟုတ်ပါဘူး သာမန်လူတဦးပေါ့
ဒီလိုနဲ့ အလုပ်ထဲမှာကျင်လည်ရင်း စာတွေသင်ရပါတယ် လေ့လာမှတ်သားရပါတယ် အလုပ်တွေလုပ်ရင်း ပစည်းတွေရောင်းရင်း ကိုယ်ရောင်းတဲ့ ပစည်းအကြောင်းကိုအရင်သင်ယူရပါတယ် အတွေ့အကြုံကတော့ စုံမှစုံပဲ
boat တစီးဆင်တော့ အင်ဂျင် အကောင်ရေအားတို့ အင်ဂျင်အမည်တွေ ပတ်အားတွေ နောက် ဘီးဖြုတ်တဲ့ wrech လေးတွေရောင်းတော့ ဝယ်သူက မေးတယ် ဘယ်လောက်ပေါင်ရလဲတဲ့ ဟပြသနာပဲ ကျနော်လဲ မသိ သူဆိုလိုတာ ဘာကိုလဲမသိတာပါ အဲတာနဲ့ အင်တာနက်မှာလေ့လာရပြန်ပါတယ် Torque ပေါင် တင်းအားကျပ်အား NM တွေ အကြောင်းသိရပါတယ် နောက်တယောက်ကမေးပြန်ပါတယ် ဘယ်လောက် KG ခံ နိင်လဲ တဲ့ Capacity weight တွေ လေ့လာရပြန်တယ်
နောက်ပြေးစက်ရောင်းတယ် မော်တာ ဘယ်လောက်အားလဲ လေ့လာပြန်တယ် မော်တာအား နောက် ဘယ်လောက် Votage လဲ ထောင်လို့ရလား ဟိုက်ဒရောလစ်ပါလား KW ဆိုရင်ရော AC လား DC လား မီးလုံးရောင်းရင် ဘယ်လောက် ဝပ်လဲ လေထိုးစက်ရောင်းရင် PSI ဘယ်လောက်လဲ တနာရီကို ဘယ်နှစ်ပေါင်လဲ ပေါင် ပြောရင် KG ဖွဲ့ရတယ် နောက် ဘယ်လောက်ရှည်လဲ မေးရင် ပေ ပြောရတယ် နောက် မီတာ နဲ့ ပြောရတယ် တခါ စင်တီမီတာ Product detail တွေ ဖတ်ရတယ် တွက်ရတယ် ချက်ရတယ် HP တွေ PS တွေ လေ့လာရတယ် ပြီးရင် အလုပ်လုပ်ပုံတွေ အဆိပ်ထုတ်စက်ရောင်းတော့ Untralsonic တို့ Ozone တို့ အပူချိန်တို့ အကြောင်း လေ့လာရပြန်တယ် TV ရောင်းတော့လဲ Ratio တွေ Resoulation တွေ support တွေ ဘာFormat ဆို ဖတ်တယ်မဖတ်ဘူး ပရိုဂျက်တာကြတော့လဲ Constarnt ဘယ်လောက် စတာတွေ Mouse ရောင်းတော့ DPI တွေ အကြောင်း speed point တွေအကြောင်းကီးဘုတ်ရောင်းတော့ မက်ကနီကယ်ဆိုတာ ဘာလဲ ညာလဲ စတာတွေ လေ့လာရတယ် မူလီ ဆိုဒ်တွေလဲ သိထားရပြန်တယ်
aircooler ရောင်းတော့လဲ အအေးချိန် စင်တီဂရိတ်တွေ ဘာတွေ ဖတ်ရမှတ်ရပြန်တယ် Golf ပစည်းဆိုရင်လဲ ကွေးညွတ်အားတွေ alloy လား metal လား ဟော်လို လား ဂရက်ဖိုက်လားစတာတွေ အပြင် Brand လား ဘားလား ငါးမျှားတဲ့ သံပြားတောင် ဘယ်လောက် Gram လဲ ဘာလဲ အိုဗျာ စုံလို့ပါပဲ translate ကိစတွေတောင်ပါသေးတယ်
ဒါတွေ ကို အရင်က ကျွန်တော်မသိဘူး တကယ်ကိုမသိတာ ဝန်ခံပါတယ် အခုတော့ မေးကြတယ် အမေးခံရတော့လေ့လာရပါတယ် ဒီလိုနဲ့လေ့လာရင်း တော်တော်လေးတော့ သိလာပြီ လို့ ပြောလို့ရပါတယ် လူဆိုတာ မွေးကတည်းကတော့ ဘယ်တတ်ပါ့မလဲ ဗျာ ဒီလိုပဲလေ့လာမှတ်သား သင်ယူရတာပေါ့
ကျွန်တော်ကလဲ လွန်ပါတယ် တလောကလုံးအလုပ် ကျွန်တော့်အလုပ်လို့ ကိုထင်ထားတာ ဘယ်နေရာမဆိုလေ့လာ ရတော့လဲ တခါတလေ ခေါင်းထဲ မှာတော်တော်များလာတယ် Office ပိုင်းဆိုလဲ system တွေ Cash flow တွေ management တွေ ဆိုက်ကို Test တွေ HR တွေ EQ သဘောတွေ နောက် social knowledge တွေ Bank systemတွေ Payment term တွေ ချေးငွေ အတိုးနူန်း ငွေဈေး တွေ အချိန်တွက်ရတာတွေ space.တွေ အိုးများမှ များပဲ
တော်သေးတာတခုက wikipedia ရယ် Google ရယ်က ကျွန်တော်သိချင်တာတွေ ပေးနေလို့ နိ့မဆို ဘယ်လိုသင်နိင်ပါ့မလဲ ဗျာ နောက်ကိုလှည့်ကြည့်လိုက်ရင် ကျွန်တော် ပုံစံက တော်တော်လေး ကိုအရှိန်နဲ့သွားနေတာပဲ လည်လွန်းတဲ့ဘီး တခုခု မဖြစ်အောင်တော့ ထိန်းရမှာပဲ
ဒီလိုနဲ့ပဲတဖြည်းဖြည်း တည်ဆောက် လီဘာတင်သင့်တာတင် ဖြေးဖြေးရွေ့သင့်တာရွေ့ပေါ့ လေ ကျွန်တော် လုပ်စရာတွေ ကျန်သေးတယ် Target တွေအများကြီးပေါ့ဗျာ
ကိုနေစေး
Via myanmar group