ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့ မှုဖြေရှင်းရန်အတွက် (အထူးအစီစဉ် ) မော်တော်ယဉ်ပါမစ် ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခြင်း
ဒီနေ့ အစည်းအဝေး ထူးခြားတာကတော့ ...
ကားသွင်းခွင့်ပါမစ် ကန့်သတ်ဖို့( ပိတ်ဖို့မဟုတ်ပါ ) ကိစ္စ ဆွေးနွေးကြတဲ့သဘောပါ အင်ဂျင်နီယာ တွေရော စီးကူးရော - ကညနရော - ကားဝယ်ရောင်းတွေရော - ကား sales center တွေကောပေါ့ .. အခုကားကျပ်တယ် ကားတွေများလာတယ် ဆိုတဲ့ အသံတွေ အရမ်းပေါ် လာတော့ ဆွေးနွေးအဖြေရှာ ကြတဲ့သဘောပါ ။
စီကူးဝန်ကြီး ဟို့နေ့ကပြောတယ်လေ ကားသွင်းဖို့လိုအပ်တဲ့ အချက် ကို ထပ်တိုးမယ်ဆိုတာနဲ့ ပတ်သက်ပြီးနောက်အပတ်မှာ လွတ်တော်မှာ ပြန်တင် ရမှာဆိုတော့ ၀န်ကြီးတို့ အနေနဲ့ ကားအသင်း ကားဝယ်ရောင်းတွေရဲ့ အသံ ကို နားထောင်တဲ့ သဘောပါ ။ ပြည်သူ အသံကိုနားထောင်တယ်ဆို လဲ မမှားဘူးပေါ့
အခုရန်ကုန်မှာ ကားတွေ ပိတ်တယ် ကျပ်တည်ဆိုတာနဲ့ ပတ်သတ်ပြီး အချက် 22 ချက်တောင်မှ ရှိပါသတဲ့ အဲဒီ ထဲက မှ 3 ချက် ကျွန်တော်တို့ ကား IMPORT တွေနဲ့ ပတ်သက်တယ်ပေါ့ဗျာ အခြားဌာနတွေက လည်း ကားတွေ မတရားသွင်းလို့ ကားပိတ် ရတယ်ပေါ့ ၀ိုင်းပြောတယ်ပေါ့ ဒီတော့ ပြောစရာက ရှိလာပြီလေ ကားတွေ သွင်းတာ ရန်ကုန် အတိုင်းတာ တခု ထဲ ကျပ်နေတာ နယ်တွေမှာ အခု ထိ ကား ကို လူတိုင်းစေ့ မစီးနိုင်သေးဘူးလေ တကယ်ဖြစ်ရမှာ ကားသွင်း တဲ့ ကိစ္စ မဟုတ်ပဲ မြို့ပြ တည်ဆောက်မှု စည်ပင်သာယာရေး အပိုင်းတွေမှာလည်း မူတည်တာပေါ့ ထားပါတော့
အဲဒီတော့ ကားကျပ် တယ် ကားတွေ ပိတ်တယ် ဒီတော့ အခုလုပ်တဲ့ အစည်းဝေးက ကားပိတ်တဲ့ကိစ္စ ကိုမှ ကားသွင်းခွင့် ကို ပြန်ဆွေးနွေးတယ် အဲဒီ အထဲမှာမှ ကားသွင်းခွင့် ပိတ်မဟုတ်ပဲ ပြန်လည် တင်းကျပ်ဖို့ စည်းနဲကမ်းနဲ့ လုပ်ဖို့ ဆွေးနွေးတယ် ပေါ့ဗျာ
အဲတော့ အသင်းသားတွေ ၀ယ်ရောင်းတွေ သက်ဆိုင်ရာနယ်ပယ်တွေ ပြောကြပါတယ် အကြမ်းဖျင်းအရတော့
( ၁ ) လူတယောက် နာမည်သုံးငွေခံတာ 5 သောင်း နဲ့ မှတ်ပုံတင် ဌားတာကို အရမ်းလွယ် တယ် အဲတာမဖြစ်သင့်ဘူးလို့လဲ ဆိုတယ် အဲဒီကိစ္စ ကိုလဲ ပြောကြတယ် ။
( ၂ ) ကားပါကင်ရှိမှ ကားသွင်းခွင့်ပေးမယ် ဆိုတာလည်း ကြားခဲ့တယ် အဓိပ္ပာယ်မရှိကြောင်းကိုလည်း ပြန်လည်တင်ပြကြတယ်
( ၃ ) သန်းခေါင်စာရင်တခု အိမ်ထောင်စု တစုကို ကား တစီး နူန်းဆိုပြီးလဲ ပြောကြတယ် အဲဒီမှာ ကဲ သန်ခေါင်စာရင်းမှာလူ 4ယောက်ရှိတယ် 4 ယောက်လုံး လုပ်ငန်းရှင်တွေဆို ကားသွင်းဖို့ မဲနိုက်ရမလို ဖြစ်နေပြီ ဒီလိုလဲ ပြန်ရှင်းကြတယ်
( ၄ ) ကားသွင်းထား အဲတာကို ရောင်းရင် အခွန်ဆောင်မယ် အဲဒီ အခွန်ဆောင်ထားတဲ့ စာရွက်ပြပြီး ကားသွင်းခွင့်ပေးမယ် ထပ်ဖြစ်ကြပြန်တယ် ။ ဒါကြီးက ပိုခက်တယ် ပိုရူပ်မယ် အခွန်ဝန်ကြီးတွေ နဲ့ လဲ ပြန်ညိရမယ်
( ၅ ) နောက်တခုကတော့ ဘဏ်မှာ သင်္ဘောသား တို့ နိုင်ငံခြား သွားတဲ့ သူတွေလို ကားသွင်းမယ့်လူက ဘဏ်မှာ သိန်း 50 လောက်ထည့်ထားပြီး Show money ပြ အဲတာဆို 5 သောင်းလုပ်စားသမားကို ကာကွယ်နိုင်တယ်ဆိုပြန်တယ်
( ၆ ) နောက်တခုကတော့ ကျွန်တော်သဘောကျတယ်ဗျ ကားသွင်းပြီး ရင် TT လွတ်ရတယ်မလား ဒီတော့ TT လွတ်ထားတဲ့စာရွက်ကို ကညနကစစ် အဲတာရမှ နံပါတ်ပေးထုတ် လို့လဲဆိုတယ် ဒါဆို မသမာတာ ကိုကာကွယ် နိုင်တယ်ပေါ့ဗျာ
နောက် အချက်တွေကတော့ အစည်းအဝေးနဲ့ သိပ်မဆိုင်ဘူးဗျ ကား Show Room တွေ က အခွန်ဆောင်တယ် ကားဝယ်ရောင်း တဦးချင်း သမားတွေက အခွန်မဆောင်ရဘူး စရိတ်မရှိဘူး လို့လဲ ငြင်းကြသေးတယ်ဗျ ဘယ်ကစငြင်းကြလဲ ဆိုတော့ 5သောင်းပေပြီး လူဝယ်တာ ကို အဲတာမလုပ်ပဲ သန်းခေါင်စာရင်းလုပ်လဲ 5 သောင်းကနေ 1 သိန်း ဖြစ် 2 သိန်း ဖြစ် ဘာမှမထူးဘူးလို့ ပြောကြရင်း ငြင်းခုန်တာပေါ့ဗျာ အဲဒီ ငြင်းခုန်မှုက Show room တွေကို ရဲ့ အခန်းကဏ ကို ပိုပေါ်လွင်စေတယ် သူတို့ခမျာ လဲနေရာတွေ ဌားရ အခွန်တွေဆောင်ရ ပေါ့ တဦးချင်းသမားတွေ ပဲ လွတ်လပ်နေတယ်ပေါ့ ဒါကတော့ သူတို့ Show Room နဲ့ ၀ယ်ရောင်း ကိစ္စပါ
အခုရက် ပိုင်းဖြစ်သွားတဲ့ ဘဏ် ကိစ္စ အကောင့် ဖွင့်တာတွေ ကိစ္စလဲ ပါတယ် ပါးပါးလေးပါ ဗဟိုဘဏ်က မေတ္တာရပ်ခံတဲ့ အကြောင်း ဗဟိုဘဏ်တခုတည်းဆုံးဖြတ်မရကြောင်း စီးကူနဲ့ ညိရမယ်ဆိုတာ လဲ ကြားတယ်ဗျာ
ယာဉ်ကြောပိတ်တာက အခုရောင်းဝယ်ရေး ဇုံမှာညမအိပ်ရလို့ အစီးရေ 2000 လောက် ၀င်လိုက်ထွက်လိုက်လုပ်နေတယ်ဒါကြောင့်ကားပိ တ်တယ်ပေါ့ ကားရောင်းဝယ်ရေး စခန်းတွေကို မြို့ပြင် ထုတ်လိုက်ရင်လျှော့ချပြီးသားဖြစ်မယ်လို့လဲ ပြောတယ် ဒါကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ညိရမယ် အဲဒီကိစ္စ ကို ညိပေးမယ်လို့လဲ တာဝန်ရှိသူတယောက် ပြောတယ်ဗျာ
နောက် ယဉ်အိုယဉ်ဟောင်း ဖြတ်သိမ်း တစီး ဖြတ်သိမ်း ကားသစ်တစ်စီးသွင်းတာနဲ့ ပတ်သတ်ပြီး ယခင်လို ပဲ အခွန်လျှော့ဖို့ တောင်းဆိုကြပါတယ်ဒေါက်တာခန့်ဝင်း ပြောတာလေးပြောရရင် နယ်တွေမှာ SUV တွေ Wagon တွေလိုတာပါ အဲဒီကားတွေက အခုလို ကားဟောင်းစလစ် နဲ့မှ အခွန်သက်သာမယ်ဈေးသက်သာမှာပါ ဖြစ်ပါတယ် အခုလို ယဉ်ဟောင်းဖြတ်သိမ်းတာမဟုတ်ပေမယ့် အခွန်မလျှော့တော့ ဘူးဆိုတော့ ဈေးတက်ရင် နယ်ကလူတွေ နစ်နာတယ်ပေါ့လို့ပြောသွားတယ်
တကယ်အရေးကြီးတာကတော့ ဌာနဆိုင်ရာတွေ အားလုံးက ကားကျပ်တာဟာ ကားသွင်းမှုတွေ မဆင်မခြင်များလို့ဆိုပြီး ပြောနေတဲ့ အသံတွေ ကို စီးကူးအနေနဲ့ ကားသွင်းမှုကိုတော့ free permit ကိုတော့ မပိတ်ဘူး ကားသွင်းဖိုက အချက် တချို့ ပြန်တင်းကျပ်မယ်ဆိုတာကတော့ ပေါ်လွင်တယ် ပထမပြထားတဲ့ အချက် 6 ချက်ကနေ ဖြစ်မလား နောက်ထပ်များ ထပ်ပေါ်လာနိုင်သလားတော့ မသိဘူး တခုခု တော့ ဖြစ်မယ်ဗျာ ဘာဖြစ်မယ်ဆိုတာကတော့ ဘယ်သူမှ မသိသေးဘူး 2 ရက်နေ့ UMFCCI အစည်းအဝေးမှာ ဘာပြောမလဲပေါ့ စောင့်ရမှာပဲ
ဘာတွေ ပဲ ဖြစ်လာ ဖြစ်လာ ယခင်လို Free permit နဲ့ ကားသွင်းဖို့ တော့ အဆင့်တွေ ပိုလာမယ်ဆိုတာ သေချာ သလောက်ပါ Free Permit ကားသွင်းခွင့်တော့ ပိတ်မှာမဟုတ်ဘူး ကားများတယ်ဆိုကလည်း ရန်ကုန် တခုထဲ ကွက်ပြီးများနေတာပါ ကညန စာရင်း ကိုလဲ အတည်ယူလို့ မရပါဘူး YGN တတ်ထားတဲ့ ယဉ်နံပါတ်နဲ့ကားတွေ နယ်တွေ မှာ တပုံကြီးပါလို့
ဒီနေ့ အစည်းဝေးကတော့ အငြင်းအခုန်လေးတွေလဲ ရှိတယ်ဗျာ - ကားအသင်းကလဲ Show Room အကျိုးစီးပွားဆိုပြီးလဲ မလုပ်ပါဘူး ကားဝယ်ရောင်းတယ် ဘက်လဲ ကြည့်တယ်လို့ မြင်တယ် စီးကူးဝန်ကြီးကလဲ ပြည်သူတွေ ရဲ့ အသံ ကို နားထောင်တယ်ဗျာ အတည်ယူတယ်ဗျာ ။ လုပ်ရ ခက်ကြောင်း သူတဦး တည်း ဆန္ဒ နဲ့လဲ လုပ်လို့ မရကြောင်း အသိပေးတယ် ပွင့်လင်းမြင် သာတယ်ပေါ့ ဗျာ ။ ကိုယ့် အမြင်ကို လည်း ကို လွတ်လပ်စွာဆွေးနွေးနိင်တယ်ဗျာ ။ ဒီနေ့အစည်းအဝေးကတော့ ပွင်းလင်းမြင်သာမှု ရှိတယ်လို့ ထင်တယ်
ကိုနေစေး
30/11/2014
ကားသွင်းခွင့်ပါမစ် ကန့်သတ်ဖို့( ပိတ်ဖို့မဟုတ်ပါ ) ကိစ္စ ဆွေးနွေးကြတဲ့သဘောပါ အင်ဂျင်နီယာ တွေရော စီးကူးရော - ကညနရော - ကားဝယ်ရောင်းတွေရော - ကား sales center တွေကောပေါ့ .. အခုကားကျပ်တယ် ကားတွေများလာတယ် ဆိုတဲ့ အသံတွေ အရမ်းပေါ် လာတော့ ဆွေးနွေးအဖြေရှာ ကြတဲ့သဘောပါ ။
စီကူးဝန်ကြီး ဟို့နေ့ကပြောတယ်လေ ကားသွင်းဖို့လိုအပ်တဲ့ အချက် ကို ထပ်တိုးမယ်ဆိုတာနဲ့ ပတ်သက်ပြီးနောက်အပတ်မှာ လွတ်တော်မှာ ပြန်တင် ရမှာဆိုတော့ ၀န်ကြီးတို့ အနေနဲ့ ကားအသင်း ကားဝယ်ရောင်းတွေရဲ့ အသံ ကို နားထောင်တဲ့ သဘောပါ ။ ပြည်သူ အသံကိုနားထောင်တယ်ဆို လဲ မမှားဘူးပေါ့
အခုရန်ကုန်မှာ ကားတွေ ပိတ်တယ် ကျပ်တည်ဆိုတာနဲ့ ပတ်သတ်ပြီး အချက် 22 ချက်တောင်မှ ရှိပါသတဲ့ အဲဒီ ထဲက မှ 3 ချက် ကျွန်တော်တို့ ကား IMPORT တွေနဲ့ ပတ်သက်တယ်ပေါ့ဗျာ အခြားဌာနတွေက လည်း ကားတွေ မတရားသွင်းလို့ ကားပိတ် ရတယ်ပေါ့ ၀ိုင်းပြောတယ်ပေါ့ ဒီတော့ ပြောစရာက ရှိလာပြီလေ ကားတွေ သွင်းတာ ရန်ကုန် အတိုင်းတာ တခု ထဲ ကျပ်နေတာ နယ်တွေမှာ အခု ထိ ကား ကို လူတိုင်းစေ့ မစီးနိုင်သေးဘူးလေ တကယ်ဖြစ်ရမှာ ကားသွင်း တဲ့ ကိစ္စ မဟုတ်ပဲ မြို့ပြ တည်ဆောက်မှု စည်ပင်သာယာရေး အပိုင်းတွေမှာလည်း မူတည်တာပေါ့ ထားပါတော့
အဲဒီတော့ ကားကျပ် တယ် ကားတွေ ပိတ်တယ် ဒီတော့ အခုလုပ်တဲ့ အစည်းဝေးက ကားပိတ်တဲ့ကိစ္စ ကိုမှ ကားသွင်းခွင့် ကို ပြန်ဆွေးနွေးတယ် အဲဒီ အထဲမှာမှ ကားသွင်းခွင့် ပိတ်မဟုတ်ပဲ ပြန်လည် တင်းကျပ်ဖို့ စည်းနဲကမ်းနဲ့ လုပ်ဖို့ ဆွေးနွေးတယ် ပေါ့ဗျာ
အဲတော့ အသင်းသားတွေ ၀ယ်ရောင်းတွေ သက်ဆိုင်ရာနယ်ပယ်တွေ ပြောကြပါတယ် အကြမ်းဖျင်းအရတော့
( ၁ ) လူတယောက် နာမည်သုံးငွေခံတာ 5 သောင်း နဲ့ မှတ်ပုံတင် ဌားတာကို အရမ်းလွယ် တယ် အဲတာမဖြစ်သင့်ဘူးလို့လဲ ဆိုတယ် အဲဒီကိစ္စ ကိုလဲ ပြောကြတယ် ။
( ၂ ) ကားပါကင်ရှိမှ ကားသွင်းခွင့်ပေးမယ် ဆိုတာလည်း ကြားခဲ့တယ် အဓိပ္ပာယ်မရှိကြောင်းကိုလည်း ပြန်လည်တင်ပြကြတယ်
( ၃ ) သန်းခေါင်စာရင်တခု အိမ်ထောင်စု တစုကို ကား တစီး နူန်းဆိုပြီးလဲ ပြောကြတယ် အဲဒီမှာ ကဲ သန်ခေါင်စာရင်းမှာလူ 4ယောက်ရှိတယ် 4 ယောက်လုံး လုပ်ငန်းရှင်တွေဆို ကားသွင်းဖို့ မဲနိုက်ရမလို ဖြစ်နေပြီ ဒီလိုလဲ ပြန်ရှင်းကြတယ်
( ၄ ) ကားသွင်းထား အဲတာကို ရောင်းရင် အခွန်ဆောင်မယ် အဲဒီ အခွန်ဆောင်ထားတဲ့ စာရွက်ပြပြီး ကားသွင်းခွင့်ပေးမယ် ထပ်ဖြစ်ကြပြန်တယ် ။ ဒါကြီးက ပိုခက်တယ် ပိုရူပ်မယ် အခွန်ဝန်ကြီးတွေ နဲ့ လဲ ပြန်ညိရမယ်
( ၅ ) နောက်တခုကတော့ ဘဏ်မှာ သင်္ဘောသား တို့ နိုင်ငံခြား သွားတဲ့ သူတွေလို ကားသွင်းမယ့်လူက ဘဏ်မှာ သိန်း 50 လောက်ထည့်ထားပြီး Show money ပြ အဲတာဆို 5 သောင်းလုပ်စားသမားကို ကာကွယ်နိုင်တယ်ဆိုပြန်တယ်
( ၆ ) နောက်တခုကတော့ ကျွန်တော်သဘောကျတယ်ဗျ ကားသွင်းပြီး ရင် TT လွတ်ရတယ်မလား ဒီတော့ TT လွတ်ထားတဲ့စာရွက်ကို ကညနကစစ် အဲတာရမှ နံပါတ်ပေးထုတ် လို့လဲဆိုတယ် ဒါဆို မသမာတာ ကိုကာကွယ် နိုင်တယ်ပေါ့ဗျာ
နောက် အချက်တွေကတော့ အစည်းအဝေးနဲ့ သိပ်မဆိုင်ဘူးဗျ ကား Show Room တွေ က အခွန်ဆောင်တယ် ကားဝယ်ရောင်း တဦးချင်း သမားတွေက အခွန်မဆောင်ရဘူး စရိတ်မရှိဘူး လို့လဲ ငြင်းကြသေးတယ်ဗျ ဘယ်ကစငြင်းကြလဲ ဆိုတော့ 5သောင်းပေပြီး လူဝယ်တာ ကို အဲတာမလုပ်ပဲ သန်းခေါင်စာရင်းလုပ်လဲ 5 သောင်းကနေ 1 သိန်း ဖြစ် 2 သိန်း ဖြစ် ဘာမှမထူးဘူးလို့ ပြောကြရင်း ငြင်းခုန်တာပေါ့ဗျာ အဲဒီ ငြင်းခုန်မှုက Show room တွေကို ရဲ့ အခန်းကဏ ကို ပိုပေါ်လွင်စေတယ် သူတို့ခမျာ လဲနေရာတွေ ဌားရ အခွန်တွေဆောင်ရ ပေါ့ တဦးချင်းသမားတွေ ပဲ လွတ်လပ်နေတယ်ပေါ့ ဒါကတော့ သူတို့ Show Room နဲ့ ၀ယ်ရောင်း ကိစ္စပါ
အခုရက် ပိုင်းဖြစ်သွားတဲ့ ဘဏ် ကိစ္စ အကောင့် ဖွင့်တာတွေ ကိစ္စလဲ ပါတယ် ပါးပါးလေးပါ ဗဟိုဘဏ်က မေတ္တာရပ်ခံတဲ့ အကြောင်း ဗဟိုဘဏ်တခုတည်းဆုံးဖြတ်မရကြောင်း စီးကူနဲ့ ညိရမယ်ဆိုတာ လဲ ကြားတယ်ဗျာ
ယာဉ်ကြောပိတ်တာက အခုရောင်းဝယ်ရေး ဇုံမှာညမအိပ်ရလို့ အစီးရေ 2000 လောက် ၀င်လိုက်ထွက်လိုက်လုပ်နေတယ်ဒါကြောင့်ကားပိ
နောက် ယဉ်အိုယဉ်ဟောင်း ဖြတ်သိမ်း တစီး ဖြတ်သိမ်း ကားသစ်တစ်စီးသွင်းတာနဲ့ ပတ်သတ်ပြီး ယခင်လို ပဲ အခွန်လျှော့ဖို့ တောင်းဆိုကြပါတယ်ဒေါက်တာခန့်ဝင်း ပြောတာလေးပြောရရင် နယ်တွေမှာ SUV တွေ Wagon တွေလိုတာပါ အဲဒီကားတွေက အခုလို ကားဟောင်းစလစ် နဲ့မှ အခွန်သက်သာမယ်ဈေးသက်သာမှာပါ ဖြစ်ပါတယ် အခုလို ယဉ်ဟောင်းဖြတ်သိမ်းတာမဟုတ်ပေမယ့် အခွန်မလျှော့တော့ ဘူးဆိုတော့ ဈေးတက်ရင် နယ်ကလူတွေ နစ်နာတယ်ပေါ့လို့ပြောသွားတယ်
တကယ်အရေးကြီးတာကတော့ ဌာနဆိုင်ရာတွေ အားလုံးက ကားကျပ်တာဟာ ကားသွင်းမှုတွေ မဆင်မခြင်များလို့ဆိုပြီး ပြောနေတဲ့ အသံတွေ ကို စီးကူးအနေနဲ့ ကားသွင်းမှုကိုတော့ free permit ကိုတော့ မပိတ်ဘူး ကားသွင်းဖိုက အချက် တချို့ ပြန်တင်းကျပ်မယ်ဆိုတာကတော့ ပေါ်လွင်တယ် ပထမပြထားတဲ့ အချက် 6 ချက်ကနေ ဖြစ်မလား နောက်ထပ်များ ထပ်ပေါ်လာနိုင်သလားတော့ မသိဘူး တခုခု တော့ ဖြစ်မယ်ဗျာ ဘာဖြစ်မယ်ဆိုတာကတော့ ဘယ်သူမှ မသိသေးဘူး 2 ရက်နေ့ UMFCCI အစည်းအဝေးမှာ ဘာပြောမလဲပေါ့ စောင့်ရမှာပဲ
ဘာတွေ ပဲ ဖြစ်လာ ဖြစ်လာ ယခင်လို Free permit နဲ့ ကားသွင်းဖို့ တော့ အဆင့်တွေ ပိုလာမယ်ဆိုတာ သေချာ သလောက်ပါ Free Permit ကားသွင်းခွင့်တော့ ပိတ်မှာမဟုတ်ဘူး ကားများတယ်ဆိုကလည်း ရန်ကုန် တခုထဲ ကွက်ပြီးများနေတာပါ ကညန စာရင်း ကိုလဲ အတည်ယူလို့ မရပါဘူး YGN တတ်ထားတဲ့ ယဉ်နံပါတ်နဲ့ကားတွေ နယ်တွေ မှာ တပုံကြီးပါလို့
ဒီနေ့ အစည်းဝေးကတော့ အငြင်းအခုန်လေးတွေလဲ ရှိတယ်ဗျာ - ကားအသင်းကလဲ Show Room အကျိုးစီးပွားဆိုပြီးလဲ မလုပ်ပါဘူး ကားဝယ်ရောင်းတယ် ဘက်လဲ ကြည့်တယ်လို့ မြင်တယ် စီးကူးဝန်ကြီးကလဲ ပြည်သူတွေ ရဲ့ အသံ ကို နားထောင်တယ်ဗျာ အတည်ယူတယ်ဗျာ ။ လုပ်ရ ခက်ကြောင်း သူတဦး တည်း ဆန္ဒ နဲ့လဲ လုပ်လို့ မရကြောင်း အသိပေးတယ် ပွင့်လင်းမြင် သာတယ်ပေါ့ ဗျာ ။ ကိုယ့် အမြင်ကို လည်း ကို လွတ်လပ်စွာဆွေးနွေးနိင်တယ်ဗျာ ။ ဒီနေ့အစည်းအဝေးကတော့ ပွင်းလင်းမြင်သာမှု ရှိတယ်လို့ ထင်တယ်
ကိုနေစေး
30/11/2014
Subscribe to:
Comments (Atom)
ကောဇာ ၁၃၈၃ - ၂၀၂၁ ဧပြီ ၁၅ သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး Thingyan sar ( 48 Migapixel File )
၂၀၂၁ မြန်မာပြည် ရြှေ့ဖစ်ကို ကြိုပြီးဟောကိန်းမခန့်မှန်းနိင်တာမို့ Astro ကနေခန့်မှန်းထားတာတွေကို ဖော်ပြရရင် မဟာသင်္ကြန်စာ အပြင် အခြားသော S...
-
တော်တော်ရူပ်တဲ့ဟာတွေပါ နည်းတဲ့စာရွက်တွေမဟုတ်ဘူး PROFILE ရော လျှောက်လွာတွေရော အခွန်တွေရော Company တွေရောနည်းတာမှတ်လို့ Duty ဆောင်ထားတာတွေဝ...
-
Myanmar e-Commerce Delivery ( အပိုင်း ၄ ) ပို့်ဆောင်ရေးလုပ်သား Delivery Man Delivery လိုင်စင် Delivery Trust Delivery အလုပ်အကိုင်အခွင့်လမ်း ...
-
Chair’s Statement on the Informal ASEAN Ministerial Meeting (IAMM) 2 March 2021 1. The Informal ASEAN Ministerial Meeting (IAMM) was conven...