ပထမဆုံးအလှူ ဒါန


မိတ်ဆွေ တို့ရေ ပထမ ကထိန် ရယ် နတ်လမ်းရယ်လှူရင်းနဲ့ ကျွန်တော်တို့ ရွာလေး ကိုပြန်ရောက်တာတကယ်တော့ ရွာ တရွာထဲ ၂ခြမ်းကွဲနေတယ် ချောင်းခြားလို့ တဲ့လေ တရွာမှာ ကထိန် ကို ဆိုင်းထည့်သတဲ့ ဆိုင်း ဌားတာ ၆ သိန်း ကျတယ် ဆိုင်းက လည်း မိုးရွာတော့ ပျက်ပါလေရောဗျာ ရွာသားတွေပါစေချင်လို့ တယောက် ၁၀၀၀နဲ့ စုပြီးဌားထားတာ မိုးရွာတော့ ပွဲပျက် တယ် စိတ်မကောင်းစရာပါ လာမဲ့ လူ တွေက ၂၀၀၀ လောက်တဲ့ ဆန် ၁၅ တင်း ချက်ကြတယ် ကျွေးတာကို ငါးပိချက်ရယ် မဇလီရွက်ချဉ်ဟင်းပဲတဲ့ အဲတာကျွန်တော်ကြားတော့ အသားတောင်မပါဘူးလားဆိုတော့ ပါဘူးတဲ့ လှူရှင်မရှိလို့တဲ့ဟောဗျာ ဒါဆို တခုခု စီစဉ်ပါလား ဆိုတော့ ငါးလေးတွေကျော်ကြွေးလို့ရတယ်တဲ့ ဘယ်လောက်ကျ မလဲ မေးကြည့်တော့ ၁ သိန်းတဲ့ ဟောဗျာ တသိန်း ဆိုလောက်ပါ့မလားဆိုတော့ လောက်တယ်တဲ့ အံသြစရာ ဒီလောက်ကတော့ဗျာ လှူ လိုက်မယ်ဆိုပြီး ဖြစ်သွားတယ် တသိန်း နဲ့ လူ ၂၀၀၀ လောက် ကျွေး ရတယ် ဆိုတော့ ၀မ်းပန်းတသာပဲ ဒါနဲ့ လှူဖြစ်သွားတယ် ငါးကျော်လေး ၀င်ကူလှူတာကိုး ရွာကလူတွေဝမ်းသာမဆုံး ဘူးတဲ့ ဗျာ အသက် ၈၀ လောက် အဘွား အို တောင်းဝှေးတချောင်းနဲ့ မိုးရွာလို့လမ်း ချော်နေတာတောင် ဒီစတုဒီသာ အလှူကိုလာစားတာ စိတ်မကောင်းစရာ မြေးလေးတွေ လက်ချိတ်လို့ ဟူး ကျွန်တော်နောက်ရက်ကျတော့ သဒါက ကထပ်ပေါက်တယ်ဗျ (ရွာကကွဲနေတာနော် )နောက်တရွာက ကျောင်းမှပိုဆိုးတယ် ငပိချက်ရယ် ငှက်ပြောပင် ချဉ်ဖတ်ရယ်ပဲပါတယ် ဆိုတော့ ငါးကျော်က ကြိုမှာရတာမို့ မဖြစ်တော့ဘူး ဒီတော့စဉ်းစားတယ် ဖြစ်သလို ဘဲဥ အလုံး ၇၀၀ မှာလိုက်တယ် ၇၀၀ ပဲရလိုက်လို့ပါ ၄၅၀တလုံး ကို ၈၅ ကျပ် ၂၅၀ တလုံး ကို ၁၂၀ နဲ့ဝယ်ပြီး လှူပြန်တယ် ဆီ၅ ပိသာ ကိုယ်တိုင် ဆိုင် ကယ်နဲ့သွားပြီး ဘဲဥ လိုက်ဝယ်တာ ၇၀၀ ပဲရတယ် ဗျာ ဘဲဥ ချက်ဆိုတော့လာလိုက်တဲ့ လူတွေဗျာ မိုးရွာလို့ ပထမ လူ ၇၀၀ လောက်ပဲ လာမယ်ထင်တာ ၁၅၀၀ လာတယ် ဗျာ မလောက်လို့ ၂ခြမ်းခွဲပြီးကျွေး လိုက်ရတယ် ဒီဘက်မှာ ကျောင်းမှာ ဘယ်လောက် ကျလဲဆိုရင် ၈၇၀၀၀ ပဲ ကုန်တယ် ကဲ မဖြစ်စလောက်ငွေလေးနဲ့ လှူလိုက်ရတာ တကယ်ပီတိဖြစ်ပါတယ် ပေါင်း လူ ၃၀၀၀ ကျော်ကို ဟင်းလေးနဲ့ကျွေးနိုင် လိုက်တယ် သွားတဲ့ ၂ရက် မိုးကရွာ လမ်းက ချော် ပျော်ပျော်ပါးပါး ရွာ အလှူလေးပါ လို့

ကောဇာ ၁၃၈၃ - ၂၀၂၁ ဧပြီ ၁၅ သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး Thingyan sar ( 48 Migapixel File )

၂၀၂၁ မြန်မာပြည် ရြှေ့ဖစ်ကို ကြိုပြီးဟောကိန်းမခန့်မှန်းနိင်တာမို့ Astro ကနေခန့်မှန်းထားတာတွေကို ဖော်ပြရရင် မဟာသင်္ကြန်စာ အပြင် အခြားသော S...

Perzi