915 Dec 2016
Change တိုင်းမှာပြသနာရှိတယ်အစိုးရသစ်ကိုစိတ်ရင်းနဲ့ အကြံပြုပါတယ် အထူသဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်
ကျနော်တို့အခုတလော Trading လောကမှာ ဘက်စုံပြသနာဖြစ်နေပါတယ် ဒေါ်လာဈေး ဆိပ်ကမ်းအကျပ်တည်း Export ပြသနာ Import ပြသနာ နယ်စပ် ကွန်တင်နာကား မနက်၆ ည ၉ အခြေနေ စီးကူးကတိခံဝန်ချက် ကားလောက နောက်ဆုံးအခက်ခဲ ဆန်ဈေး ဖဲရသီးပုတ် ရေမရ တောင်သူ စပါးဈေးမရ အစိုးရ ငွေရိုက်ထုတ် ကုန်ဈေးနူန်းမြင့် နိင်ငံတကာ FDI အခက်ခဲ စတဲ့ မြေဈေးကွက် ဆောက်လုပ်ရေးMarket နိင်ငံတကာဆက်ဆံရေး စတဲ့စတဲ့ အခက်ခဲတွေ ဖြစ်ပေါ်နေတယ် ကုန်သွယ် မှု ကျတာအစိုးရကမှုတာလား ပေါ့ ရန်ကုန်တိုင်းတွင်း အပြောင်းအလဲ စတာတွေပေါ့ ဒါတွေက အဆိုးတွေပေါ့ တချို့လူတွေကလဲ စိတ်ပျက်တယ် လက်သန်းဖြတ်မယ်ပေါ့ ကျနော်ကတော့ ပြသနာမရှိ လက်သန်းဖြတ်စရာမလို ကွန်တင်နာကားတွေ ၆ - ၉ ပြောင်းလိုက်တာ တော်တော်လေးကျနော် တို့ဘက်ခက်ခဲကုန်တယ် ဒီတော့ ကျနော် အခြားရူထောင့်ကလုပ်နေကျ ပုံစံအတိုင်း ကျနော် ပြောင်းပြန် စဉ်စားကြည့်တယ် တွေးမိတယ် ဒီအစိုးရ ကောင်းတာတွေ မကောင်းတွေ လုပ်ဆောင်ချင်တွေ ထက် ဘာဖြစ်ချင်တာလဲ ဆိုတဲ့အချက်ပါ
ကျနော် စဉ်းစားပြီးပြန်ပြောမယ် NLD အစိုးရ ကတက်လာကထဲက ပြောင်းလဲ ချိန်တန်ပြီ ဆိုပြီ တက်လာတာပဲလေ လေနဲ့တော့ အော်မှာမဟုတ်ဘူး လုပ်ချင်စိတ် ရှိလို့ဒီလိုပြောပီးမဲဆွယ်တာ သေချာတာတော့ ပြောင်းလဲ ဖို့ပဲ တိုးတက်ဖို့ပဲ သူမလုပ်ချင်ပဲမပြောဘူး Change တခု လုပ်ရင် အရင်က Effect ရှိတယ် ကျနော် ဟိုတလောကရုံးခန်းပြောင်းတယ် ကျနော်လဲတလလောက်ကတော့ ဈေးမရောင်းရဘူး အစီစဉ်မကျဘူး Change ဖြစ်နေတာကိုး Change ဆိုတာက အတက်ဘက်ကိုသွားမယ်ဆိုရင် ပထမဆုံး အကျနဲ့ ရင်ဆိုင်ရမယ် ပီးမှ တဖြည်းဖြည်းတက်တယ် ဒါက သီအိုရီအရ ပဲ အကျမှာ တောင့်ခံရမယ် ပြောဆို စည်းရုံးပွင့်လင်းစွာချပြရမယ် အားယူရတယ် တော်တော် ရုန်းကန်ရတယ်
ကျနော်က NLD ကိုထောက်ခံသူတော့မဟုတ်ဘူး ဒါပေမယ့် သိပ်ပီးတော့လဲ အစွန်းမရောက်ဘူး တချို့အရာတွေ လက်ခံတယ် တချို့အရာတွေ လက်မခံဘူးဒီလိုပါ နိင်ငံရေး ပိုင်းထက် စီးပွားရေးပြုပြင်ပြောင်းလဲ မှုကိုသတိထားကြည့်မိတယ် အခုတလော ထုတ်ပြန်တဲ့ မှုဝါဒတွေ အပြောင်းအလဲတွေက အဆိုးတွေကြီးလို့ မြင်တယ် ကျနော်ထင်တယ် ကျနော်လဲ ပထမအဲလိုတွေးမိတယ်
နောက်သေချာစဉ်းစားမိတယ် သူတို့ ဘယ်လိုတွေးလဲ လိုက်တွေးကြည့်တယ် အပြစ်ပြောနေလို့ ဘာမှမဖြစ်လာတော့ဘူးလေ
ကျနော် ကွန်တင်နာကားတွေ မနက် ၆ - ည၉ အခြေနေကိုသုံးသက်မယ် ဒါဟာ Trade ကိုထိစေတယ် ဆိုတာ သူတို့သိကိုသိမှာပါ ဒါပေမယ့် မလျော့ပေးဘူး ရှေ့တိုးတယ် ဒါဆို တခုခုရှိပြီ ဘာရှိလဲ ကျနော် ခန့်မှန်းတယ် အစိုးရ စစတက်ခြင်း ဆိပ်ကမ်းမှာ အကျပ်တည်းတွေ ဖြစ်တယ် ကွန်တင်နာတွေ ပုံတယ် တော်တော်ဖြေရှင်းရခက်တယ် ကားတွေလဲ မလုံလောက်ဘူး ဟုတ်ပီနောက် ရန်ကုန် ယာဉ်ကျောပိတ်ဆို့မှု အဓိဖြစ်နေတာက အခု ကွန်တင်နာမသွားရဆိုတဲ့လမ်း ၇ လမ်းမှာ ၃ လမ်းပါတယ် ကျနော်တို့ အဲတာလက်ခံတယ်
ဆိပ်ကမ်းတွေ မြို့ထဲမှာ ဖြစ်နေတယ်
နောက်ယခင်က အစိုးရလက်ထက်တွေက ရွေပြည်သာစက်မှုဇုန် လှိုင်သာယာစက်မှုဇုန်တွေ ဖော်ထုတ်တယ် နောက် ရွေပြည်သာဆိုတော်တော်လေး စည်ကားလာတယ် လှိုင်သာယာ စည်ကားလာတယ် ဒါပေမယ့် ဆိပ်ကမ်းတွေ မြို့ထဲမှာရှိနေတယ် BSW - 5 Gate - MEC - MIP - AWPT - HPT ဆပ်ကမ်းအားလုံးပေါင်း ၆ခု ဒီ ၆ခုမှာ MIP - AWPT - HPT တို့ဟာအထုတ်သွင်းအများဆုံး နောက် ဆိပ်ကမ်းအပြင် ကုန်းတွင်းဆိပ်ကမ်း အခွံချတဲ့နေရာ ICD 1- 2 ဟာလည်း တလမ်းကြောင်းထဲပဲ စက်မှုဇုံတွေက မြို့ပြင်မှာ ဆိပ်ကမ်းတွေက မြို့ထဲမှာ ဒီတော့ အဆင်မပြေဘူး တိုးတက်လာတဲ့ လူဦးရေ နေရာအကျယ်ဝန်း Trade Volume အရ တချိန်မှာ ပြသနာတက်မယ် ဒီတော့ဟုတ်ပြီ ဘယ်လိုဖြေရှင်းမလဲ
ဆိပ်ကမ်းတွေရွေ့ပါ
ကျနော်တို့လိုအပ်နေတာက ဆိပ်ကမ်းနဲ့ စက်မှုဇုန်နီးရင် ကားမသုံးရဘူးအဆင်ပြေတယ် နောက် ဒီဆိပ်ကမ်း ၇ခုကို တနေရာရွေ့နိင်ရင် အဲမှာနေရာတွေ ပိုလာမယ် ကားပါကင်လုပ်မယ် မြို့အပန်းဖြေ Land scape တွေလုပ်မယ် ညဈေးတန်းတွေလုပ်မယ်
ဒါဆိုနေရာအဆင်ပြေသွားမယ် ကောင်းပီဆိပ်ကမ်းတွေ ဘယ်ကိုရွေ့မလဲ ကျနောအမြင်ရ သီလဝါကို ရွေ့မယ် သီလဝါဆိပ်ကမ်းတောက်လျှောက်က မြေနေရာလွတ်တွေ ရှိတယ်လိုအပ်သလောက်ကျယ်လို့ရတယ် ရေစူးလဲ ကောင်းတယ် ဒီဘက်ကို ကွေ့စရာမလိုလို့ သင်္ဘောအဝင်အထွက်လဲ အဆင်ပြေမယ် နိင်ငံတကာ သင်္ဘောအကြီးစားတွေ ကပ်နိင်တဲ့ အနေထားရှိတယ် အခုက ရန်ကုန်မြစ်က ကျဉ်းလာပီ သင်္ဘောကြီးတွေဝင်မရဘူးဒီတော့ဆိပ်ကမ်းတွေကို သီလဝါဘက်ကိုရွေ့မယ်
မြို့ရှောင်လမ်းကြောင်းကဒီလိုပါ
သီလဝါ စက်မှုဇုန်လဲ ရှိတယ် နောက်ကားတွေကို ကုလားဝဲ တံတားဘက်ကနေ သွားစေမယ် အဲမှာတောင်ဒဂုံစက်မှုဇုံ ရှိတယ် အဲကနေ တံတားကနေ အမှတ် ၇ လမ်းကို ပြန်ချိတ်ရမယ် ရွာသာကြီး စိတ်ကျမ်းမာရေး ရှေ့ကလမ်း အမှတ် ၇ လမ်း လုံးဝမကောင်းဘူး အဲတာ မြို့ရှောင်လမ်းလုပ်ထားတာ ဘယ်ကားမှ သွားမရဘူး အဲတာကိုပြင်မယ် အဲလမ်းပေါ်မှာ မြောက်ဒဂုံ နဲ့ အရှေ့ဒဂုံမြို့သစ်ရှိနေတယ် ဒီနေရာတွေမှာ စက်မှုဇုန်လုပ်လို့ရတယ် အဲလမ်းကနေ အမှတ် ၂ - ၃ ရန်ကုန်မန်းလေး လမ်းဟောင်း လမ်းသစ် နောက် လှော်ကား ဘေးကလမ်း ရွေပြည်သာ ထိ ထိစပ်မှုတွေရှိတယ် သီလဝါကနေ ကုလားဝဲ အမှတ်၇ လမ်း အားလုံး ကွန်တင်နာပြေးမယ် စက်မှုဇုံလုပ်မယ် ဒီနေရာမှာ အမှတ် ၇ ဟာ အမှတ်၃ နဲ့ သွားဆက်တယ် ခရေပင်လမ်း ကနေ ဖြတ်ထွက်ရင်လဲရတယ် လှော်ကားလမ်းကနေလဲ ရွေပြည်သာဖြတ်ပြီး ရွေပြည်သာတံတားဘက်ကို ရောက် နိင်တယ် စက်မှုဇုံ ၂ခုနဲ့ ဧရာဝတီကိုမထိစေဘူး ဒါဟာ ဧရာဝတီအတွက်ထွက်ပေါက်ပါပဲ အမှတ်၇ ကနေ ရန်ကုန်မန်းလေး လမ်းဟောင်းကိုလဲ ပေါက်တယ် စက်မှုဇုံတွေ အားလုံးချိတ်ဆက်မိနေတယ် သီလဝါကမ်းနားတလျှောက် ဆိပ်ကမ်းတွေက ညာဘက်ခြမ်းမှာရှိမယ် ကုလားဝဲလမ်းတလျှောက်စက်မှုဇုံတွေ ရှိမယ် သုံးခွ ခရမ်းလမ်းကို သေချာပြင်ရင် ပဲခူးဘက် မြဝတီ ကိုသွားတဲ့ လမ်းထိပေါက်တယ် Ponit က ၈ ပွိုင့်ပါချိတ်မိပါတယ်
ရထားလမ်းကွန်ယက်
နောက်ရထားလမ်း ဒါကလဲ သီလဝါထိပေါက်နေတယ် ဒီလမ်းကိုနည်းနည်း အဆင့်မြင်ရင် ဆိပ်ကမ်းထဲထိ ရထားသွားနိင်တယ် ဟုတ်ပီ ဒါဆိုရထားကွန်ရက်ဟာ အခုဧရာဝတီ ထိပေါက်တယ် ညောင်တုန်း ဓနုဖြူဘက်ပေါ့ နောက် မန်းလေး ထိပေါက်တယ် နောက်တောင်ကြီး မြစ်ကြီးနား မော်လမြိုင် ထိလဲ ရှိတယ် လာရိုးထိလဲရှိတယ် တောင်ကြီးကလောထိလဲ ရှိတယ် နောက်ထားဝယ်ရေနက်ဆိပ်ကမ်းလာလဲ ရထားလမ်းသာဖောက်ပေးလိုက် ချိတ်ဆက်သွားမယ် ကျနော်တို့ မန်းလေးမှာ ရထားကုန်တင်ကုန်ချစခန်း Train Terminal ဆောက်မယ် အရင်မြစ်ငယ်နားမှာရှိတယ် နောက် ဧရာဝတီ မော်လမြိုင်ဘက် သီပေါ မှာလဲ ဆောက်မယ် ဒါဆို အားလုံးချိတ်ဆကိမိပြီ ကွန်တင်နာကို ကိုရထားနဲ့ ဆွဲရင် အလုံးရေ အများကြီးပါတယ် ကျနော်တို့ ကွန်တင်နာကားတွေ သိပ်မလိုဘူး Box ကားလေးတွေ နဲ့လုပ်လို့ ရမယ်
ဈေးတွေရွေ့မယ်ဆောက်မယ်
အမှတ်၇ အရှေ့ဒဂုံဘက်မှာ Warehouse တွေထားမယ် နောက် အမှတ် ၃ အမှတ်၇ စတဲ့ လမ်းဆုံနေရာတွေကို ဘုရင့်နောင်ကုန်စည်ဒိုင်တွေ သီရိမင်္ဂလာဈေးတွေ စော်ဘွားကုန်းတွေ မင်္ဂလာဈေးတွေ ရွေ့ချင်ရွေ့ နိင်တယ် သူက လက်ကားဈေး တွေလေ နယ်သမားတွေ အဝယ်များတာပါ အဲကိုသွားလာလွယ်ကူဖို့ ရန်ကုန်မြို့ထဲကနေ မြို့ပတ်ရထားလမ်းကို အဆင့်မြင့်မယ် ဒါဆို အဆင်ပြေတယ် လိုင်းကားမသုံးချင်ဘူး ဖြစ်နိင်ရင် နိင်ငံခြားမှာလို မြေအောက်ရထားလမ်းတွေပေါ့ ငွေတော့ကုန်မယ် အခုရထားလမ်းကိုပဲ ပြင်ဆင်နိင်ရင် လဲမဆိုးဘူး အခုက ရထားတွေကညစ်ပတ်တယ် လူစီးချင်အောင်လုပ်ပေးမှရမယ် အဲပြောတဲ့ဈေး ၄ ခု ကိုရွေ့ရင် မြို့ထဲက ကားကျပ်တာကို အတိုင်းတာခုထိ လျော့ချနိင်ပီဘုရင့်နောင် အခြေနေ သီရိမင်္ဂလာဈေး ကုန်စိမ်း ငါး ကားအဝင်အထွကိအခြေနေ
နောက် မင်္ဂလာဈေး အခြေနေ စော်ဘွားကုန်းကတော့ မရွေ့လဲ ရတယ် ဒါပေမယ့် အားလုံးစုပေးလိုက်ရက် ကောင်းတယ် စက်မှုဇုန်နဲ့ လဲနီး ဂိုထောင်တွေ အဝေးပြေးစခန်းတွေ ကုန်ကားဂိတ်တွေလဲ ရှိမယ်
Logistics အစီမံများ
အဲလိုလက်ကားဈေး စုရပ်နားမှာကိုပဲ အဝေးပြေးစခန်းတွေ စုပြီး ပြန်ဆောက်မယ် ရထားလမ်းနဲ့ စုံရမယ် မြို့ထဲက ဆိုင်တွေကို လက်ကားဈေးတွေက ကားလေးတွေ နဲ့ မှာသလောက် ပစ္စည်းပို့မယ် နယ်တွေဆို အဲက အသေးစားကုန်စည်ပို့ဆောင်ရေးတွေ နဲ့ ပို့မယ် ဒါဆို Truck Terminial တွေလိုမယ် Truck terminal ဆိုတာက တဖက်မှာကားလေး တဖက်မှာ ကွန်တင်နာကား အဲကြားထဲက Forklift နဲ့ လေ ဘာနဲ့ ပစ္စည်းတွေ ချိန်းတဲ့နေရာ ပါ အဲကနေဟကုန်စည်တွေ မြန်ဆန်စွာသွားမယ် အလုပ်ခွင်ကျယ်မယ် မြို့ထဲက လှုပ်ရှားမှုတွေ ကိုလျော့ချပေးနိင်မယ် Warehouse ယာယီပစ္စည်းသိုလှောင်ရုံတွေလဲ ထားပေးရမယ် ဒါဆို အဆင်ပြေပီ ကုန်ပစ္စည်း အတင်အချလေလွင့်မှုထိန်းနိင်တယ်
ပြသနာတော့ရှိလာမယ် လုပ်ရဖို့လိုပါတယ်
အဆင်မပြေတာက ရွေ့ရမယ့် သူတွေသူတို့ ကျေနပ်ဖို့က ရွေ့ရတာနဲ့ စရိတ်ကုန်မှာမို့ ဟိုဘက်မှာ မြေအစားထိုးပေးရမယ် မြေပိုင်ရှင်တွေနဲ့ ညိရမယ် ၂ဆပေးရင် သူတို့အဆင်ပြေမယ် နောက် အခွန်ကင်းလွတ်ခွင့်ပေးမယိ ဆိပ်ကမ်းတွေ Dry port တွေကို အခွန်ကို ၃ နှစ်ကင်းလွတ်ပေးရပါမယ် ညိနိုင်းရမယ် နောက် ဆိပ်ကမ်းတွေရွေ့တာမို့ ဒီဘက်က ကာစတန် ဌာန ဆိပ်ကမ်းအာဏာပိုင် SAD တို့ရုံးဌာနတွေ လဲ သံလျှင်ဘက်ကို ရွေ့ရမယ် သံလျှင်မှာ အခုတံတားတဆင်းထပ်ထိုးနေပီ လမ်းကိုချဲ့ရမယ် သွားတလမ်း ပြန်တလမ်း ဆို အဆင်ပြေတယ် သံလျှင်ကို ဆိပ်ကမ်း မြို့ပြောင်းမယ် အမှတ် ၇စုတ်ပြတ်နေတဲ့လမ်းကို ပြင်မယ် နောက် ရွေပြည်သာတံတားနဲ့ ချိတ်ဆက်မယ် ကားလမ်းငယ်တွေ နဲ့ ဆုံရင် ဂုံးကျော်ဆောက်ပေးရမယ် ဒါဆိုအဲနေရာမှာ ဂျန့်မဖြစ်ဘူး အရှေ့ဒဂုံဘက်ကို ဈေးတွေရွေ့မှာမို့ ပြသနာတော့ ရှိနိင်တယ် ဘယ်လို ဆို Risk အနည်းဆုံးဖြစ်မလဲစဉ်းစားမယ်
ဒါဟာ No Pain- No Gain သီအိုရီဖြစ်နိင်တယ်
နိင်ငံတကာမှာ ဆိပ်ကမ်းမြို့တွေ သပ်သပ် ရှိတယ် မရောထွေးဘူး အခုတော့ ရန်ကုန်က ကျပ်လာတယ် ဈေးတွေ ဆိပ်ကမ်းတွေ မြို့ထဲကနေ ရွေ့ရင်နေရာတွေ ပိုထွက်လာမယ် အဲတာကို ကားပါကင်တွေ လုပ်ပေးရမယ် အဲ အတွက်ငွေကုန်ကျမယ် ရန်ကုန်တိုးတက်ဖို့ အကြီးမားဆုံးရွေ့ပြောင်းမှုတွေ လုပ်ရမယ် ဒါဆို ပထမပိုင်းမှာ ပေးဆပ်ရမယ် အဆဲခံရမယ် နောက်ကျရင် အောင်မြင်မယ်
အရင်စစ်အစိုးရလဲ ဒီလိုပဲ ပထမ သူတို့ဒီမိုကရေစီ သူတို့သွားစေချင်တဲ့ လမ်းကို ရအောင်သွားတယ် Road map ၇ချက်ကိုရေးတယ် ဆဲတယ်ဝေဖန်တယ် ခံရတာပဲ ဒါပေမယ့်နောက်ဆုံး အရပ်သားအစိုးရသစ်ကို တင်နိင်သွားတယ် ဒါလဲသူအစမှာ အနာခံမယ် နောက်မှ ကောင်းမယ် Change တခုအတွက်ကြိုပြင်ဆင်တယ်ဆိုလဲ မမှားဘူး အခု ရန်ကုန်က Plan လဲ ဒီလိုပဲ အရင်ထဲကလမ်းတွေ ရှိတယ် ပလန်တွေ ချထားကြတယ် အကောင်ထည်မဖော်ကြဘူး အခုစိုးရလက်ထက် ဒါကို လုပ်နိင်မလား အချိန် ၄ နှစ်ရှိတယ် အခြေခံ စနစ်တွေ ကောင်းမှ Trade က တက်မယ် နိ့မို့ဆို System မရှိပဲနေမယ် ခနခန ပြသနာဖြစ်လိမ့်မယ် တိုးတက်လာတဲ့ တနှစ် တနှစ် Trade Volume က မနည်းဘူး လေ
ဖြစ်လာနိုင်တဲ့ Change တွေက
သီလဝါကို ဆိပ်ကမ်းတွေရွေ့
သံလျှင်တံတားသစ်တဆင်း
အရှေ့ဒဂုံ မြောက်ဒဂုံ စက်မှုဇုန်
Train Terminal နဲ့ TruckTerminal
Warehouse တွေနဲ့ လက်ကားဈေးတွေ
မီးရထားလမ်းကွန်ယက်အဆင့်မြင့်
လျှပ်စစ် ဓါတ်အားပိုရအောင်လုပ်
သံလျှင်ဘက်မှာလည်း စက်မှုဇုံအသစ် ၂ခု
နောက် ထုတ်ကုန်သွင်းကုန် ကွန်ပြူတာစနစ်
ပြည်တွင်းခွန် Up Grade
စည်ပင်သာယာရေးဥပဒေပြင်ဆင်မှု
ရန်ကုန်မြို့ပြသစ် တည်ဆောက်ရေး
ယာဉ်ကျောပိတ်ဆို့မှု အတွက်ကားပါကင်
ဗိုလ်တထောင်ဆိပ်ကမ်းလိုအများပြည်သူ နားနိင်တဲ့ River View
တမြို့လုံးလမ်းတွေ CCTV တပ်ဆင်မှု
ရေပေးဝေမှု အဆင့်မြင်တင်
ဧရာဝတီ လားရိုး မိုးကောင်း မန်းလေး မော်လမြိုင် တောင်ကြီး Train terminial နဲ့ Truck Terminal
နောက်တရားမဝင်တင်သွင်းမှုတိုင်ဖျက်ရေး ထိန်းချုပ်မှု
နောက် အခွန်ကောက်စနစ် Micro ဖြစ်အောင်လုပ်ရမယ်
Bank စနစ်တွေ ကို ထောက်ခံအားပေးရမယ်
ဥပဒေ အသစ်တွေပြင်သင့်တာပြင်ရမယ်
ဘာတွေ ကောင်းမွန်လာနိင်လဲ
ကားပိတ်ဆို့မှုကျဆင်းမယ် အများပြည်သူပိုင်မြေနေရာတွေထွက်လာမယ် ကားပါကင်တွေဖန်တီးနိင်မယ် တူရာဈေးကွက်တွေစုစည်းနိင်မယ် Market ကိုချဲ့လို့ရမယ်
တိုင်းပြည်ဟာ ကုန်စည်စီးဆင်းမှုမြန်ဆန်ရမယ်
ဒါမှ ထုတ်ကုန်တွေ ပိုထုတ် လာနိင်မယ်
ဒါဆိုအလုပ်ကိုင်တွေ များလာမယ်
လူတိုင်း စီးပွားရေးအဆင်ပြေမယ်
ဒါဆိုအခွန်ဆောင်မယ် အခွန်ရရင်
လယ်ယာ ဥယျာဉ်ခြံမြေ သားငါးကဏ္ဏတွေ မှာရင်းနီးမယ်
တနိင်ငံလုံးလမ်းတွေဖောက်မယ် လျှပ်စစ်ရမယ်
နိင်ငံသား GDP တွေတက်လာမယ်
FDI တွေဝင်လာမယ်
ပို့ကုန်တွေ များများ ပို့နိင်တယ်
စက်မှုဇုန်တွေ များများပေါ်လာမယ်
ဒီလိုလုပ်ဖို့ ရည်မှန်းချက်ရှိရမယ် ပြောင်းမယ်ဆိုတဲ့စကားနဲ့မရဘူး ဘာပြောင်းမယ် ဘာလုပ်မယ် ဘာတွေ ဖြစ်မယ် ဘာတွေ ကောင်းမယ် အသေးစိတ်ပလန် ဆွဲရမယ် ပြည်သူကိုချပြရမယ် ညိနိုင်းရမယ် တဖက်စီးဆင်းနေတာတွေလဲ မရပ်စေနဲ့ လည်ပတ်နေတဲ့ စီးပွားရေးကိုမထိခိုက်နဲ့ ကြိုတင်ကြေငြာရမယ် တသွေးတသံတမိန့်ထက် စည်းရုံးပြီး တိုးတက်စေရမယ် ငါအစိုးရပဲလုပ်လို့မရ
ဒါကျနော်တွေးတာပါ အခုအစိုးရ အသုံးမကျဘူးမပြောဘူး ကျနော်တို့ ပြောင်းလဲနိင်တာတွေ အကြံပြုမယ် စမယ်ဆိုရင်တော့ အဆုံးထိလုပ်ပါ ငုပ်မိသဲတိုင် တတ်နိင် အဖျားရောက်ပဲစီးပွားရေးကောင်းရင် ဘယ်နိင်ငံမှာ သြဇာမခံ ရဘူး ဒါဆိုပြည်တွင်းစစ်လဲအလိုလိုရပ်လာမယ်
တချို့အရာများ အမြင်မတူပါက ဆောရီးပါ အပြောင်းလဲ တခုလုပ်ရင်ပေးဆပ်ရပါတယ် လက်ထဲ မှာဆုပ်ကိုင်ထားရင် အခြားရာကို မဆုပ်ကိုင်နိင်ပါ လွတ်ချမှသာနောက်တခုကို ဆုပ်ကိုင်နိင်မယ် ဒါမှ Change ဖြစ်မယ် Change က ပိုလဲကောင်း လာနိင်တယ် ပိုဆိုးလဲလာနိင်တယ် အဆိုးကို ကြောက်ရင် တိုးတက်လာမှာမဟုတ်ဘူး တခုခုတော့ ဖြစ်ရမယ် ရပ်နေရင် ဘာမှ မဖြစ်ဘူး အဲတာကြောင့် အားပေးတယ်ဆက်လုပ်ပါ မထိတထိမလုပ်နဲ့ အစီစဉ်တကျ လုပ်ပါ အစိုးရသစ်အနေနဲ့ နောက်ပြန်မတွေးနဲ့ အပြစ်မတင်နဲ့ လုပ်နိင်အောင်လုပ်ရမယ် လုပ်မယ်ဆိုဖြစ်မယ် မလုပ်ရင်မဖြစ်ဘူး အသေးအဖွဲ့ ကိစ္စတွေ ဥပေခါ ထားနိင်ရမယ် အရင်အစိုးရ လက်ထက်လောက် ပြည်သူတွေ ဆဲတာ ဝေဖန်တာ မခံရသေးပါဘူး ကျနော်တို့ ပြည်သူတွေ အပြောင်းလဲ ကိုလိုလားတယ် နိင်ငံရေးရည်မှန်းချက်ထက် တိုင်းပြည်စီးပွားရေးတိုးတက်စေချင်တယ် နောက်မျိုးဆက်သစ်တွေ အတွက် အားသစ်တွေပေးပါ အားကျအောင် လုပ်ပြပေးပါ ကျနော် NLD ကို မဲပေးသူတယောက်မဟုတ်ပါ အရာတိုင်းကိုလဲ အဆိုးမမြင်ပါ ကျေးဇူးတင်ပါတယ်
တခုခုပြောင်းမယ်ဆိုရင် ပြင်ဆင်ချိန်လေးပေးပါ
Thiha Paing @ ကိုနေစေး
CEO - Via Myanmar Group of Compaines
ရင်ထဲကရေးတာပါ
သဘောကျရင် Shareပါ လုပ်နိင်တဲ့သူတွေ မြင်သွားရင် အပြောင်းလဲဖြစ်တာပေါ့ အသေးစိတ်ပြောနိင်သေးလားဆိုပြောနိင်ပါသေးတယ်
https://m.facebook.com/story.php?story_fbid=1570013616348627&id=100000200113085
No comments:
Post a Comment