အချိန်က 1998 ခုနစ် အသက်က ၁၃ နှစ် ကျော်ကျော်
ပညာအရည်ချင်းက ၉တန်း နေရာက မန်းလေးပြည်ကျော်ဈေး ရွေဂုဏ်သူ ဖိနပ် ဆိုင်
ရောင်းတဲ့ ဆိုင်ပိုင်ရှင်က ၁၃ နှစ်သား မျှော်လင့်ချက် ရည်မှန်းချက် တွေ အနာဂတ်တွေ နဲ့ ကျောင်းတဖက် အလုပ်တဖက် ညနေ ပိုင်းဆိုင်ထိုင် စနေ တနင်္ဂနွေ အခြားကလေး တွေ Game ဆိုင် ရပ်ကွက်ထဲ မှာဆော့ကစားနေချိန် မှာ သူက ဖိနပ်ဆိုင် တဆိုင်လုံး သူ့လက် သူ့ခြေ သူ့ရောင်းပြီး ဦးစီးနေတယ်
ဘေးက ဆိုင်တွေကပြောတယ် သိပ်တော်တဲ့ကလေးတဲ့
မိဘက ပြောတယ် သိပ်အားကိုးရတယ်တဲ့
ဘေးက သူငယ်ချင်းတွေကပြောတယ် ဘောစိ
မနာလိုသူတွေက ပြောတယ် ဆရာကြီးတဲ့
သူ့ကို နာမည်တမျိုး ခေါ်ကြတယ် ရန်ကုန်သား
ဒီလိုနဲ့ ၁၀တန်းရောက်တယ် အခိုက်အတန့်အလှည့်အပြောင်း မိဘစီးပွားရေးမှာ လက်ဖမိုးကနေ လက်ဖဝါးဖြစ်သွားတယ် မိဘတွေ မှာ ဆုပ်ကိုင်ရာမရှိ ကူညီသူမဲ့ သားသမီး တပြုံ တမနဲ့ ခရီးဆက်ကြတယ် ကောင်လေးက ၁၀တန်း ကျူရှင် တက်တာတောင် ကျရင် ပိုက်ဆံ ပြန်ပေးတဲ့ ကျူရှင်
ကံကောင်းစွာနဲ့ သူ နှစ်မခြားပဲ အောင်မြင်တယ်
ဂုဏ်ယူခဲ့တာကအဖေ
ကျိတ်ကြေနပ်တာက အမေ
အပျော်လေးတွေ ပြီးတော့ စီးပွားရေးကခက်ခဲတယ်နေတုန်း အိမ်က ၁၀ပေ ပတ်လည် လူက ၆ ယောက် မရောင်းရတဲ့ ဒိန်ချဉ်ဘန်းက အိမ်ရှေ့ မှာ မရောင်းရ
သူဘာလုပ်မလဲ စဉ်းစားတယ် လေ့လာတယ်အဖြေရှာတယ်
အမေကိုသူ့ပြောတယ် ဈေးပြန်ရောင်းမယ် အမေ တို့လိုမလုပ်တတ် သားဟာသားလုပ်မယ် ဝိုင်းကူးပေး ပိုက်ဆံမပေးနဲ့ အမေ အသိတွေ ဆီက ပစည်းအကြွေးယူပေး ပြောသာပြောတာ ကိုယ်က အထည်ကြီးပျက် လူက ၁၅ -၁၆ လူပျို စတိုင် ဘယ်မှာရောင်းမလဲ ဈေးထဲမှာ မိန်းမတွေ ကြီးစိုးတဲ့ ဈေးထဲ မှာ တယောက်ထဲ ဘယ်လိုရောင်းရဲပါ့မလဲ
မရှိတဲ့ သူငယ်ချင်း ၂ယောက်ကို အဖော်စပ်တယ် ကျလောက်အောင်ပြောပြီး စည်းရုံးတယ်
မှတ်မိနေတာက စိန်ပန်း ကမ်းနားဈေး အချိန်က ၁၀တန်းအောင်ပြီးစ ၃ယောက်သား ဆိုင်လေး ခင်း ငုပ်တုပ်ထိုင်နေတယ် အရှေ့ မှာ ဖိနပ် လေးတွေ သရေ ပင်နဲ့ ဘယ်တဖက် ညာတဖက် ပတ်ပေးထားတယ် ဈေးလေးရေးထားတယ်တရံ ကို ၂၀၀ ကျပ် အမျိုးအစားက ယင်းမာ ပထမနေ့ မရောင်းရပါ နောက်နေ့ သူငယ်ချင်းတယောက်မလိုက်တော့ နောက်ရက် နည်းနည်းရောင်းရပြီ နောက်နေ့ တယောက်မှ မလာတော့ သူတယောက်ထဲပေါ့
စသင်ပါပြီ လမ်းဘေးဈေးအကြောင်း
၁ နေရာ
နေရာဆိုတာ ဈေးမှာ အစည်ကားဆုံးနေရာ ဖြစ်ရမယ် လမ်းစုံလမ်းခွ အရိပ်ရှိ သန့်ရှင်းတဲ့နေရာ
၂ ပေါင်းသင်းဆက်ဆံရေး
ဈေးတိုင်းမှာ ဈေးဂျပိုးရှိတယ် မိတ်ဖွဲ့ရတယ်အကူညီတောင်းရတယ် နေရာတနေရာရဖို့နဲ့ လူအုံရင် သူခိုးဖမ်းဖို့
၃ ဈေးဝယ်ခြင်း
ဈေးထဲ က ဆိုင်တွေ ရောင်းမကုန်တာကို ဝယ်ရတယ် ဖုန်တက်တာတွေ ကော်ကွာတာတွေ အိမ်ရောက်ရင်ပြန် ရိုင်း အကြွေးရအောင် မျက်နှာကို အောက်ချထား သူတို့ပေးချင်အောင် ဘယ်လောက်ရောင်းကောင်းကြောင်းပြောပြ ရိုးသားပါစေ
၎ ဈေးနူန်း
အပြင်မှာ ၂၀၀ ဆို ၃၅၀ ရောင်းတယ် အပြင်ဈေးက ၅၀၀ ကျပ်လေ ပေါတယ်ထင်ရမယ် လက်လီဈေး နဲ့ လက်ကားဈေး လူတိုင်းမသိပါ
၅ စိတ်ဝင်စားအောင်ဆွဲဆောင်
ကောင်လေးအော်တာက
ငွေပေါ်လျော့ဈေး ငွေပေါ်လျော့ဈေး
တန်အောင်ရောင်းတာ ရန်အောင်ရောင်းတာမဟုတ်
ဈေးချိုအောင် ဒွေးကိုယ်တိုင် လာရောင်းတာ
ကျကုန်ပြီ အမရေ
အမေရေ သားတို့ လာရောင်းလို့ဝယ်ပါအုံး
ဝူးဝူးဝါးဝါးတွေထအော်
စိတ်ဝင်စားလို့ လှည့်ကြည်ရင် ရပ်ကြည့်လိုအမြတ်မရှိ
၆ အချိန်
ဈေးတဈေးမှာ အစည်းဆုံးအချိန်က ၈နာရီကနေ ၁၀ နာရီကြား အဲ အချိန် မရောင်းနိင်ရင် အထုပ်သိမ်း နေရာရဖို့ကမနက် ၆ခွဲ ဆိုရောက်နေပါစေ
၇ လုပ်သင့်တာက
ဈေးတိုင်းမှာ ဈေးသည်တိုင်းနဲ့ မိတ်ဖွဲ့ အားလုံးနဲ့ခင်အောင်နေ သူခိုးတွေ မြင်ရင် ရန်မလုပ်နဲ့ နားလည်အောင်ပြောပြီး ပြန်တောင်း ပစည်းတူ ရောင်းရင် မိတ်ဖွဲ့ ဈေးညိ နောက်နေ့ဘယ်ဈေးလဲ မတူအောင်သွား
၈ လမ်းဘေးဈေးသည်ကနေ ပတ်လည်ဈေးသမား
မိတ်ဖွဲ့တာများတော့ မိတ်ဆွေတွေကပြောပြပြီ ဘယ်ဈေးဘယ်လိုသွား ဘယ်နေရာရောင်း ဘယ်သူကို့နေရာရှာ ဘယ်ကားစီး ဘယ်အချိန်သွားဘယ်လိုရောင်း ဘယ်သူ့ကိုရှောင် နေရာခက ဘယ်လောက် တဈေးထဲ မပတ်နဲ့ တပတ်ကို တဈေး မန်းလေးမှာ ဈေး ၁၀ ဈေးရှိတယ် မန်းမြို့ဈေး ကမ်းနားဈေး သရဲဈေး မြို့ဟောင်းဈေး ကျန်တာတွေမေ့ကုန်ပြီ ဒီဈေးတွေ ရောင်းကောင်းတယ် အခြေခံ လူတန်းစားများတယ်
ဒီလိုနဲ့ ဈေးသည်လောကမှာ အောင်မြင်တယ် သူများတွေ မရောက်တဲ့ဈေး စက်ဘီး တစီးနဲ့ ပတ်တယ်
ဈေးရောင်းရင်း ကုန်စိမ်း Trade လုပ်တယ် ဘေးနားက မြို့သာ ရထောင် မတ်တရာ လက်ပံလှ စကိုင်း မုံရွာ အုန်းချော ဇီးပင်ကြီး ရွေစာရံ မြစ်ငယ်လခ ချ အကုန်ရောက်တယ်
ဒီ အချိန်မှာ တခါတလေ အိတ်ပဲ လိပ်ပြန်ရတယ် ပိုက်ဆံ အိတ်ထဲမှာ ငွေ ၂ သိန်း ၄သိန်း ရပြီ ပျော်တာပေါ့ ကောင်လေး သို့သော်လည်း သူစဉ်းစားတယ် သူကအကြံ ကြီးတယ်လေ ယခင်ထဲ က ရန်ကုန်သား သူ ရန်ကုန်ပြန်မယ်ပေါ့ တွန်းအားတခုကလဲ ရှိနေပြီ
ဖြစ်ချင်တော့ ကယားပြည်နယ် မှာ သူ့ပစည်းသွားရောင်းတယ် ခရီးစရိတ် ထောင်းပြီးရူုံးတယ် အိမ်ရောက်တယ် မိဘက ရန်ကုန်ု ပြန်ကြမယ်တဲ့
၂၀၀၄ -၂၀၀၅ မှာ ရန်ကုန်ပြန်သွားပါပြီ
၈ ၉ ၁၀ က သူငယ်ချင်းတွေ မန်းလေးကသူငယ်ချင်းတွေ ဈေးသည်အဖော်တွေ သူနတ်ဆက်ခဲ့ ပါပြီ ကောင်လေးမအောင်မြင်သေးပါသူ ဈေးရောင်းတက်သွားခဲ့ပြီ
အမှတ်တရ မန်းတလေးပါပဲ
ဆက်ရန်
ရန်ကုန် နဲ့ Travel & Tour
ကိုနေစေး
https://m.facebook.com/story.php?story_fbid=1273516509331674&id=100000200113085
No comments:
Post a Comment