ဟိုနေ့က ဆွေးနွေးပွဲလေးသွားတော့ သတင်းထောက်ကမေးတယ် Online shop တွေ မသမာတာနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ ဆိုတဲ့ မေးခွန်းလေးတခုပေါ့လေ မေးရင်းပြောရင်း ရလာတဲ့ အခြေနေတခုပါ
ကျနော်တို့နိင်ငံကအခုမှ စပြီးအားယူနေတဲ့ အနေထားပါ လူငယ်တွေ တော်တော်များများ Facebook Social Network ကြောင့် အလုပ်ကိုင်သစ်တွေ ဖွံ့ ဖြိုးလာတယ် ဈေးကွက်အမြင်တွေလဲ ရှိလာကြတယ်ဗျာ ဒီ တခုကြောင့် လူငယ်လေးတွေတော်တော်များများ အောင်မြင်ကြတယ်
အခု Online တွေကအခွန်စည်းကျပ်မှုကနေ လွတ်နေတယ်
လိမ်တဲ့သူတွေ ရှိတယ် ပုံထဲကအတိုင်းပစ္စည်းက ကွာလတီမတူဘူး စသည်ဖြင့် ပြောကြပြီး Developing Trend တခုကို ကန့်သတ်ချင်နေကြတယ့်အနေထားတွေ့လာရပါတယ် တကယ်တော့ Online Shop တွေက အခွန်စည်းကျပ်မှုအောက်ကနေ မထွက်ပါဘူး ပစ္စည်းသွင်းကတည်းက နယ်စပ်ကပဲဖြစ်ဖြစ် ပင်လယ်ရေကြောင်းလေကြောင်းက ဖြစ်ဖြစ်
ကုန်သွယ်ခွန် ၅% နဲ့
Withholding Tax ၂% ( ကြိုတင်ခွန် )
ကြိုတင်ဆောင်ထားပြီးသားပါ လုပ်ငန်းလိုင်စင်မတင်လို့ ဝင်ငွေခွန်က လွတ်ထွက်မယ်ဆိုရင်လည်း စဉ်းစားကြည့်ပါ တကယ့်သေးသေးလေးပါ များများရောင်းတဲ့ နာမည်ကြီးတဲ့ သူတွေဟာ အပြင်တွေမှာ ဆိုင်တွေ ရှိသလို Company တွေ လဲ ရှိပါတယ် ကျနော်တို့လဲ ဝင်ငွေခွန်အပြင် အကုန်ဆောင်နေတာပါပဲ လူငယ်လေးတွေ သူ့ဟာသူ မင်္ဂလာဈေး တို့ ဘာတို့ အချင်းချင်းကနေ ယူရောင်းပြီး ရတဲ့ အမြတ်ငွေ သေးသေးလေးကိုမမြင်စေချင်ပါဘူး Online ပေါ်ကနေ ရောင်းတာဘာခက်သလဲလို့ မေးကြည့်ပါအုံး ပုံတွေတင်ရ အလိမ်ခံရ မှာပြီး လာမယူကြ အမြဲ အင်တာနက်သုံးရ ကြော်ငြာ ရနဲ့ ကုန်ကျစရိတ်ပြင် လုံ့လဝရိယ ထုတ်ရပါတယ် ပစ္စည်းပို့တာ အော်ဒါကောက်တာ ဖုန်းဆက်တာ ပုံတင်တာ ကြော်ငြာတာ အပြင်ကထက်တောင်ပိုရူပ်ပါတယ် ဒါကိုလွယ်တယ်မြင်ပြီး နောက်လိမ်တဲ့ သူတွေရှိတယ်ဆိုပြီး ဥပဒေတွေ အမိန့်တွေ ထုတ်လိုက်ရင် ဘာမှတော့ မဖြစ်သွားပါဘူး တိုးတက်နေတဲ့ ဝန်းကျင်တလေးတခုကသာ ရပ်ဆိုင်းသွားမှာပါ
တကယ်လုပ်သင့်တာက အားပေးရမှာပါ Market Platform တွေဆောက် လူငယ်အသင်းတွေ ဖွဲ့ Delivery အခန်းကဏ္ဍမှာ စာပို့ ကြေးနန်း ဌာနတွေက ဝိုင်းကူ နောက် Payment ပိုင်းတွေ လွယ်ကူအောင် Bank စနစ်တွေ
လုပ်ပေး ဥပမာ မြန်မာငွေ MPU Online Payment ဆိုတာလေးကိုလုပ်ပြီး မျှဝေ သုံးဆွဲအောင်လုပ် ဒါဆို ဝင်ငွေခွန်ပါ တခါတည်းကောက်နိင်ပါတယ် ဒီလိုနည်းပညာတွေနဲ့ မြေတောင်မြောက်ပေးသင့်တာပါ
အခုက ဗူးသီးလေးက အခုမှ စသီးတုန်းကို အမွေးသတ်မလို ချက်စားမလိုဖြစ်နေပါတယ် ရောက်ပါစေ အောင်မြင်ပါစေ အုံး အဲကြမှ ရိုက်စားပါ သတ်စားပါ အခြားသူတွေကိုအခွန်မှန်အောင် ဆောင်ပါစေအုံး
နောက်လိမ်တာနဲ့ ပတ်သက်ပြီး ပစ္စည်းမှာပြီးမပို့ရင် လိမ်လည်မှု နဲ့ ရဲစခန်းတိုင်လို့ ရပါတယ် ဥပဒေ ရှိပါတယ် ဆက်သွယ်ရေး ဥပဒေလဲ ရှိပါတယ် အရည်သွေးမကောင်းဘူးထင်ရင်စားသုံးသူကာကွယ်ရေး တွေ FDA တွေ ရှိပါတယ် ယှဉ်ပြိုင်မှုဥပဒေလဲ ရှိပါတယ် မသမာသူဟာသူ သွားမှာပါ စိတ်မပူပါနဲ့
စကားမစပ်ပေါ့နော် တရုတ်နိင်ငံမှာ အသက် ၂၀ နဲ့ ကလေးဘီလီယံနာ တွေ သိပ်များပါတယ် အခုခေတ် Digital Market နဲ့ နည်းပညာလောက ကို ဆယ်ကျော်သက်တွေ ဦးဆောင်နေပါတယ် ထုတ်ကုန်သစ်လေးတခုကို Online ပေါ်တင် စိတ်ဝင်စားသူတွေက ငွေ ဝိုင်းထည့် Pre Order မှာ ပစ္စည်းအသစ်ထုတ်ဒီလိုနဲ့ ဈေးကွက်ဖန်တီးပါတယ် တကမ္ဘာလုံးရောင်းရတဲ့ E-Commerce platform - alibaba လဲ ရှိတယ် Canton fair လို ကုန်စည်ပြပွဲကြီးတွေ နိင်ငံ ၁၅၀ ကျော်ကိုလည်း တနှစ် ၂ခါ ခေါ်ပြီး ပစ္စည်းတွေရောင်းတယ် နောက် Export လုပ်နိင်ရင် VAT ဆိုပီး အခွန်ပြန်အမ်းတဲ့ စနစ်လဲ ရှိပါသေးတယ်
ကျနော်တိုင်နိင်ငံက SMEs တွေကိုကြည့်ပါ
1 - ချေးငွေမရပါ စတည်ထောင်ခြင်း ဘဏ်တွေက ၄နှစ်ပြည့်မှ အခွန်ဆောင်မှငွေချေးပါတယ်
2 - ကုန်သွယ်ခွန် ၅ % ရောင်းတိုင်း ကောက်ပါတယ် ကြိုကောက်ပါတယ်
3 - ရူံးမြတ်မြတ် ဝင်ငွေခွန် 25% ဆောင်ရပါတယ်
4 - MIC Citizen Law အရ အခွန်ကင်းလွတ်တင်ဖို့ ကော်မရှင်ထိုင်ရပြီး Project ရှိရပါတယ်
5 - အများနိင်ငံတွေလို Bond နဲ့ Stock ရှယ်ယာမားကတ် တွေကို Public လို Company ကြီးတွေနဲ့ CCE တို့ Accout Firm တို secuirty တို့ ရှိမှ လုပ်လို့ ရပါတယ်
6 - ကျနော်တို့ ကုန်ပစ္စည်းကိုယ်တိုင်သွင်းဖို့ Third Party SG နဲ့ ငွေချေရပါတယ် Advence TT ကြောင့်ပါ
7 - Supply Chain sector အတွက်မြေနေရာ ဂိုထောင် ကားတွေ မရှိပါ စက်ရုံတွေက နိင်ငံခြားသားပိုင်များပါတယ်
8- နည်းပညာတက္ကသိုလ်တခုမှာပဲ CNC - 3D printer စက်လေးတခုသာရှိပါတယ် စိတ်ထဲ မကောင်းပါ
9 - အလုပ်တခုလုပ်ဖို့ အရင်း၃ ရင်းရှိပါတယ်
A - ဟွန်ဒီစနစ်နဲ့ဝယ်တဲ့ တရင်း
B - Trade Sector ထဲဝင်အောင် Forshow ငွေလွဲ တရင်း
C - ဟောင်းပေးသစ်ယူတစ်ရင်း ပါ
သူများနိင်ငံတွေမှာဘဏ်နဲ့ ကွန်နက်ရှင်ကောင်းရင် LC ငွေကိုစိုက်ပေးထားသလို ၃ လစောင့်ပေးပါတယ် ကျနော်တို့ကတော့ ၃ ရင်းရှိပါတယ် နောက် FDI က အခွန်ကင်းလွတ်တာတွေရှိမှ လာမှာမို့ စာချုပ်တွေဖြေလျော့ ရပါတယ် နိင်ငံသားတွေကတော့ MIC တင်ဖို့ သိလဲမသိ လုပ်လဲမလွယ် ရလည်းမရလို့ ( ဥပမာ SME loan ) မလုပ်ကြပါ နောက် Online shop လုပ်တဲ့ကလေးတွေဟာ ဥပဒေလဲမသိပါ အဘလဲ မခေါ်တတ်ပါ ဖားပြီးလဲ Project မယူပါ စာအိတ်တွေ ပန်းခြင်းတွေ နဲ့ လဲ လာပြီး မိတ်မဆက်တတ်ပါ သူတို့လုပ်ငန်းက သေးသေးလေးပါဗျာ သေးသေးလေးပါ
ကျနော်ပြောချင်တာကတော့
ကလေးတွေကို ပျော်ရွင်စွာလုပ်ပါစေ အောင်မြင်ပါစေ
Thiha Paing
Via Myanmar group ( CEO )
No comments:
Post a Comment