5 - C 2 C Delivey ဆိုတာကတော့ ရပ်ကွက်မှ အိမ်သို့ ပို့ဆောင်ရေးစနစ်ကို အခြေခံပါတယ် မြင်သာအောင်ပြောရရင် Door2Door တို့ Food2U တို့ Foodpanda တို့ လုပ်ဆောင်နေတဲ့ Rider Delivery Man များဖြစ်ပါတယ် ဒီ အုပ်စုထဲမှာ E commerce နဲ့မဟုတ်ပဲ ပို့ဆောင်ပေးနဲ့ မြို့နယ် Twonship အခြေုပြု ပို့ဆောင်ပေးနေတဲ့သူတွေရှိပါတယ်သူတို့ကတော့ Rider သမားတွေက မြို့နယ်အခြေပြု ပို့ဆောင်သူတွေပါ
Rider သမားတွေ ( လက်ရှိလုပ်ဆောင်နေ )
Taxi Driver - ကားတွေ
ဆိုက်ကား သမားတွေ
ရေသန့်ဘူးပို့တဲ့သူတွေ
သတင်းစာပို့တဲ့သူတွေဟာ လဲရှိပါတယ် သူတို့ကို UPgrade လုပ်ဖို့လိုပါတယ် Taxi မောင်းရင်း ပစ္စည်းပို့တယ် ဆိုက်ကားသမားက Delivery လုပ်တယ်ဆိုတဲ့သဘောပါ
Taxi Driver တွေဆိုရင် ရန်ကုန် downtown မြို့နယ် နဲ့ ဆင်ခြေဖုံး မြို့နယ်လေးတွေထိ ပို့ဆောင်လို့ရပါတယ် ဒီနက်ဝက်ကို လက်ရှိမှာ Grab Delivery ကစတင်လုပ်ဆောင်နေပါပြီ အခြားသူတွေ လဲ ဒီလုပ်ငန်းကို လုပ်ကိုင်လို့ရပါသေးတယ်
ဆိုက်ကားသမားတွေ အခြေပြု ပို့ဆောင်ပေးနိင်တာကတော့ မြို့နယ်ဈေးမှ မိမိ အိမ် အပေါ်ထိပို့ဆောင်ပေးနိင်တာပါ ဥပမာ ဗိုလ်တထောင်မြို့နယ် ဈေးထဲက ဆန်တအိတ်ကို Online အသုံးပြုပီး ဝယ်ယူရင် ဆိုင်ကလူက Taxi မသုံးပါဘူး Lastmile ကိုမသုံးပါဘူး ဆိုက်ကားသမားကိုပဲ သုံးမှာပါ 1200 ဆိုရင် အပေါ်ထပ်ထိသယ်ပေးနိင်တာမျိုးပါ
သတင်းစာ Postman သမားတွေကို Delivery နယ်မှာအသုံးချဖို့ဆိုတာ သူတို့က RIDER - စက်ဘီးစီးပြုပို့တာမို့လို့ အခုလို စားသောက်ဆိုင်လုပ်ငန်းတွေ နဲ့ကိုက်ညီပါတယ်
ရေသန့်ဘူးပို့တဲ့သူတွေကတော့ ရေသန့်ဘူးတင်မဟုတ်ပဲ တလစာ ကုန်စည်တွေ နဲ့ ဝယ်ယူနေကျ ကုန်စည် ရေသန့်ဘူးတင်မကပဲ ဆန်အိတ် ဆီပုံတွေပါ ပိုဆောင်လို့ရပါတယ်
ကျွန်တော် တရုတ်ပြည်ရောက်တော့ ဟိုတယ်မှာက mobile App နဲ့ စားသောက်စရာခုကို မှာယူပါတယ် ၁၅ မိနစ်အတွင်း မိမိစားလိုတာ ရောက်လာပါတယ် သူတို့ အခြေပြု ထားတဲ့ ပို့ဆောင်ရေး နက်ဝက်ဟာ ရပ်ကွက်တွေရဲ့ စားသောက်ဆိုင် တွေ ဈေးတွေရှိတဲ့ နေရာ Wechat အကောင့်ဖွင့်ပြီး info ယူပါတယ်သယ်တာ ယူတာပို့ဆောင်တာကို ၃ဘီး မော်တော်ဆိုင်ကယ်နဲ့ ပို့ဆောင်ပေးတဲ့ စနစ်ဖြစ်ပါတယ် ဥပမာ မိမိက ပစ္စည်းတခုကို ပို့မယ်ဆိုလဲ သူတို့ပေးလိုက်ပါတယ် သူတို့ဟာဟသူတို့ မြို့နယ် Central Delivey Yard ကိုပို့ဆောင်ပါတယ် ထို့မှတဆင့်ကားဂိတ် လေဆိပ် Internatioal အလိုက် အဆင့်ဆင့် ဖြန့်ချီသွားတာမျိုးပါ အခုဆို Super Apps Model ထက်ပိုကောင်းတာမျိုးပါ
ဥပမာ ရပ်ကွက်ထဲမှာ မောင်ဖြူ ဆိုတာရှိရင် မောင်ဖြူက ပစ္စည်းလဲ ပို့တယ် ပစ္စည်းလဲ ပေးလို့ရတယ်ဆိုတာပါပဲ တကမ္ဘာလုံး က ပစ္စည်းတွေ မှာလဲ မောင်ဖြူပဲ လာပို့ပါတယ် စားသောက်စရာဆိုလဲ မောင်ဖြူပါပဲ နောက်ရပ်ကွက် တခုလုံးရဲ့ Delivery Man တယောက်ဖြစ်လာတဲ့ သဘောပါ မောင်ဖြူက အဖွဲ့ဖွဲ့ပြီး ရပ်ကွက်ထဲ အိမ်တွေ အကုန်လုံး ကိုသိတဲ့ သဘောပါပဲ ဟိုးအရင် 1948 - 88 ကြားထဲက မြန်မာ့စာတိုက်က Post Man သဘောချိတ်ဆက်ထားတာ ကိုလေ့လာတွေ့ရှိရပါတယ်
ဒါကတော့ C to C နက်ဝက်ကို အကျယ်ဖြန့်ပေးတဲ့သဘောပါ လက်ရှိတော့ လုပ်ဆောင်မယ်ဆို Concept တခုရပါလိမ့်မယ် ဒီအရာဟာ တွေလက်ရှိမှာ လုပ်ဆောင်ဖို့ဆိုတာ အစိုးရ တရပ်ထဲ နဲ့ လုပ်ဆောင်လို့မရရှိနိင်သေးပဲ လူထုအခြေပြု အလုပ်အကိုင်အခွင့်လမ်းနဲ့ ချိတ်ဆက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်
e-Commerce ကဏ္ဍ တိုးတက်လာတာနဲ့ အမျှဒီ လုပ်ငန်းစဉ်လဲ တိုးတက်လာပါမယ် ထိုသို့တိုးတက်လာရန်အတွက် DELIVERY MAN ကဏ္ဍတွေကို စတင်တည်ဆောက်ဖို့ကြိုးစားရပါမယ် ဒီနေရာမှာ Delivery Man တွေဘယ်လိုတည်ဆောက်မလဲဆိုတဲ့ ကဏ္ဍ တွေ လုပ်သားလိုင်စင်တွေ Vocational Traning တွေကိုဆက်လက်တင်ပြပါမယ်
အပိုင်း ၄ ဆက်ရန်
Vocational Traning For Delivery
အပိုင်း ၁
https://m.facebook.com/story.php?story_fbid=3569920699691232&id=100000200113085
အပိုင်း ၂
https://m.facebook.com/story.php?story_fbid=3569987489684553&id=100000200113085
အပိုင်း ၃
https://m.facebook.com/story.php?story_fbid=3570021066347862&id=100000200113085
အပိုင်း ၄
https://m.facebook.com/story.php?story_fbid=3570027049680597&id=100000200113085
#Myanmardelivery
ကိုးကားချက်မရှိပါ ( မိမိအတွေ့အကြုံပေါ်အခြေခံ )
နေစေး
No comments:
Post a Comment