ကျနော်နာမည်က မောင် SMEs လို့ခေါ်ပါတယ် ကျနော်နေတာက မြန်မာပြည်မှာပါ ပါအလုပ်ကိုင်က E Commerce ကနေ ဈေးရောင်းနေသူတဦးပါ ကျနော်တို့ နိင်ငံခြားက Amazon တို့ AliExpress , Facebook Ads , Google တို့ကိုငွေချေရင် အခုဘဏ်တွေကထုတ်ပေးတဲ့ Visa , Master Card , Unionpay , JCB စတာတွေ နဲ့ငွေပေးချေလို့ရပါတယ် အဆင်မပြေတပြေ ပါပဲ
နောက် ကျနော့် ဦးလေး ဦးTrading ကတော့အဆင်နည်းနည်းပြေတယ် သူက Company ထောင်ထားပြီးအများအပြားလုပ်သူပါ သူ့ကို့မေးတော့ အခု ဘဏ်တွေက LC / TT စနစ်နဲ့ ပေးလို့ရပါတယ် အလုပ်တော့ရုပ်တယ် Company လိုတယ် သွင်းကုန်ပို့ကုန် BL တွေ ပါမစ်တွေ Proforma Invoice တွေ Commercial invoice တွေ Customs ID and ED တွေလိုပါတယ် တဲ့ ဒါနဲ့ ငါလဲ စင်ကာပူ မှာနေတဲ့ ကိုဟွန်ဒီ နဲ့ သိတော့ဘသူ့ကိုပဲ ကူညီ ခိုင်းလိုက်တယ် ပိုတော့ပေးရတာပေါ့တဲ့
ကျနော်မောင် SMEs အနေနဲ့ အခုမြန်မာထုတ်ကုန်လေးတွေ ပန်းပုရုပ်တွေ ဘေးနိင်ငံက ပစ္စည်းအသေးအဖွဲ အစုံပေါ့လေ အသေးစားလေးတွေ ကျနော်တို့ E commerce website မှာတင်ရောင်းချင်တယ် ဟိုဘက်က Visa Master ကတ်နဲ့ Online စနစ် နဲ့ငွေချေချင်တယ် ကျနော် ပြန်ကြည်တော့ MPU ကတ်ပဲပေးလို့ရပါတယ် ကျနော့်သူငယ်ချင်း ဒိုင် ရိုသင်ပေးထားတဲ့ Paypal နဲ့ချေပါ လားဆိုတော့ ( နိုးးးးးး ) တဲ့ လန့်တောင်လန့်သွားတယ် အဲတာ ကျနော် ဘယ်လိုဈေးရောင်းရမလဲမသိပါ ဘူး မြန်မာပြည်မှာပဲ ရောင်းတော့မ
် တံခါးခေါက် ငွေးပေး ပစ္စည်းယူ အဲတာပဲ အဆင်ပြေတယ်
ကျနော် SME သိသလောက်ပြန်ပြောရရင် နိင်ငံခြား ငွေပေးဖို့ Card တွေ ထဲထည့်ဖို့ ဆိုရင်ဘဏ်ကို သွားပါ အဲတာ Payment အတွက်ပါ ဟိုကကို ငွေလက်ခံလို့မရပါဘူး
နိင်ငံခြားက online ငွေကို လက်ခံ ဖို့တခုတည်းသော တရားဝင်နည်းကတော့ ပြည်တွင်း ဘဏ် အစိုးရဘဏ်တွေ မှာ TT / LC ဖွင့်ခြင်းပါပဲတဲ့ ဘဏ်က ကောင်မလေးက ရှင်းပြရှာတယ် ကျနော်မကျေနပ်ဖူး ဥပဒေကြည်တယ် ထုန်ကုန်သွင်းကုန်ဥပဒေမှာ ပို့ကုန်ကို FOB တဲ့ သွင်းကုန်ကို CIF နဲ့ တဲ့ရေးထားတယ် FOB ဆိုတာ မြန်မာဆိပ်ကမ်းသင်္ဘောပေါ်အရောက်ဈေး CIF ဆိုတာ ဟိုဘက်နိင်ငံက နေ သင်္ဘောခအပါပြီး ဆိပ်ကမ်းရောက်ဈေးပါ ကျန်တာတခုရှိပေမယ့် ပြည်တွင်းသင်္ဘောလိုင်းတဲ့ ထားပါကျနော်Company Trading တွေ စိတ်မ၀င်စားပါဖူး သူတို့ဟာသူတို့ အဆင်ပြေနေတာပဲ ဟာ
ကျနော်ဟိုနေ့က ပြန်သနာတက်တယ် အင်တာနက်ကနေ ပစ္စည်းတလု မှားဝယ်လို့ ပြန်ပြီး Refund တောင်းပေးတယ် ခက်တာက ငွေ ပြန်လက်ခံလိုမရဘူး ဘဏ်ကိုပြောချင်ပေမယ့် တပြား ခြောက်ပဲ ဆိုတော့ ရှက်တယ်ဗျ ပေးရင်လဲ လက်ခံစရာ ပိုက်ဆံအိတ်မရှိဘူး အဲတော့ချော့ရတာပေါ့ Paypal နဲ့ပေးပါလားဆိုတော့ နိးတဲ့ နိင်ငံခြားမှ မိတ်တွေတို့သာ အကူညီတောင်းရတာပေါ့လေ အော်ဒုက္ခ ပါပဲလေ
ကျနော့်သူငယ်ငယ်ချင်းက နိင်ငံခြားမှာနေတာသူ့ အမေဆီ နိင်ငံခြား ကငွေပို့ရင် Western Union ကနေရပါတယ် ဒါနဲ့ ဘာအဆင်မပြေဘူးဆိုလား ဦးဟွန်ဒီနဲ့ လုပ်နေကြတယ် ကျနော်တို့ ငွေဝင်မယ့် ပိုက်ဆံ တအိတ်လောက်ကောက်ရရင်ကောင်းမယ်ဗျာ တွေ့သူများပြောပေးကြပါ ခဏဌားသုံးဆိုလဲ သုံးပါမယ်
ကျနော်စိတ်ကူးယဉ်မိတယ် ပိုက်ဆံအိတ်တလုံး သာရရင် ကိုယ့်နိင်ငံက ဟာတွေဘေးနိင်ငံ ကဟာတွေရော အကုန်စုပြီး World ကိုရောင်းမယ် ကိုယ်လိုရောင်းချက်သူတွေကိုလဲ ပိုက်ဆံအိတ်ကိုခွဲပေးသုံးမယ်ဗျာ နောက် အခွန်လဲဆောင်မယ်ဗျာ ကျနော်က နောက်ဆုံးပေါ် ဈေးရောင်း ကိုအသုံးချမှာလေ တခါတလေ ကျရင် တရုတ်က ပစ္စည်းကို Alibaba ကနေ ၀ယ် အခြားနိင်ငံ E Commerce တွေ မှာရောင်း တရုတ်ကနေ တိုက်ရိုက်ပို့ အင်တာနက်မှာ နှပ်နေမယ်ပေါ့လေ စိတ်ကူးရင်မိတာပါ
မောင် SMEs လေးကိုကူညီနော်
ကိုနေစေး
No comments:
Post a Comment