ဂျာနယ်ကမေးထားတဲ့ အင်တာဗျူးလေးပါ . . .
👩 အခုလက်ရှိ အွန်လိုင်းရှော့ပင်တွေ တရားဝင်လုပ်ဖို့ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမြင်လေးကို ပြောပြပေးပါဦး။
👨 Online Shop တွေ တရားဝင်ဖို့အတွက် အပြင်က စတိုးလုပ်ငန်း တွေလို လုပ်ငန်းလိုင်စင်တွေ အပြင် Online Business Licence အမျိုးစားတခုထပ်ထုတ်ပေးဖို့လိုမယ် မှတ်ပုံတင်ခက ဈေးအသက်သာဆုံးဖြစ်ရမယ် ဦးဆောင်လုပ်နေတဲ့ သူတွေ အသင်းလဲထောင်သင့်တယ် စာသုံးသူတွေက ဒီ Shop ကမှန်လား မမှန်လား စစ်ဆေးနိင်တဲ့ Trust List ရှိသင့်တယ် ပြီးတော့ဈေးကွက်စီးပွားရေးစနစ်က ပြောင်းလဲလာပြီ ခေတ်နဲ့အမှီလိုက်ထားနိင်မှတော်ရုံကြမယ်
. . .
👩 ဒီကိစ္စကိုသာ တကယ်တမ်း အတည်ပြုလုပ်ဆောင်ပြီး အရေးယူမယ်ဆိုရင် လက်ရှိလုပ်နေတဲ့ အွန်လိုင်းရှော့ပင်တွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာမယ်လို့ ထင်မြင်မိပါသလဲ။
👨 အရေးယူတယ်ဆိုတဲ့အပိုင်းက လိမ်လည်တဲ့အပိုင်း ရယ် ပစ္စည်းအတုတွေရယ် တရားမ၀င်ဆေးဝါးတွေ အန္တရယ်ရှိတဲ့ စားသောက်ကုန် အလှကုန်တွေ ဆိုရင် Online မှ မဟုတ်ဘူး အပြင်မှာရောင်းလဲ အရေးယူလို့ရတယ် စာသုံးကာကွယ်ပေးတဲ့ ဥပဒေ ရယ် Online က လိမ်လည်ရင် ဆက်သွယ်ရေး ဥပဒေ နောက် 420 ပုင်္ဒမတွေ အမှုတွေနဲ့ အရေးယူလို့ရတယ် ရှိပီးသား ဥပဒေ အောက်မှာအကုန် အကျုံးဝင်ပြီးသားပါ မသာမာတဲ့သူ တွေ မသမာသူတွေလမ်းတိုင်းသွားပါလိမ့်မယ် Online မှာဈေးရောင်းသူတိုင်းက လူလိမ်တွေ မဟုတ်ပါဘူးလေ အပြင်က ဈေးဆိုင်တွေတောင် Page ရှိတယ် ရောင်းကြတယ် လူတိုင်းလုပ်နေတဲ့ လုပ်နိင်တဲ့ Platform ပါ
. . .
👩 FDA စစ်ဆေးခြင်းမပြုရတဲ့အတွက် စားသုံးရန် သင့်မသင့်၊ အန္တရာယ် ရှိမရှိဆိုတဲ့အချက်နဲ့ ပတ်သက်ပြီးတော့ရော အမြင်လေး သိပါရစေ။
👨 FDA စစ်ဆေးမှု မလုပ်ထားတဲ့ ပါးစပ်ထဲ ထည့်ရတဲ့ ဘယ်ကုန်စည်မဆို ထောက်ခံချက် ယူပြီးမှ တင်သွင်းရတာပါ နောက်ပြီး အစား သောက် ဆေးဝါး အလှကုန်တွေက သွင်းကုန်လိုင်စင်လဲလိုပါသေးတယ် တရားမ၀င် တာတွေ ဈေးကွက်ထဲရောက်နေတယ်ဆိုရင်တော့ အဓိက၀င်နေတဲ့ နယ်စပ် တွေ ရေဆိပ်တွေ ကို ကျပ်မတ်စစ်ဆေးပေါ့ မလွတ်ထွက်အောင်ဖမ်းပေါ့ တွေ့ရင် သိမ်းစည်း ဖမ်းပြစ်ပေါ့
အခုလဲ တရားမ၀င်ကုန်သွယ်မှု တားဆီးရေးဗဟိုအဖွဲ့ ရော Customs ရော စားသုံးသူ ကာကွယ်ရေးအဖွဲ့တွေလဲ ရှိနေတာပဲ ပြည်တွင်းထုတ်ကုန်တွေဆိုရင်လဲ အန္တရယ်ရှိရလာရင် FDA Website တွေ သတင်းစာတွေ Facebook Page တွေမှာ လဲထုတ်ပြန်ပေးနေပါတယ်
ကျနော့်အမြင်ကတော့ စားသုံးသူ ပြည်သူတွေ အတွက်အန္တရယ်ရှိတဲ့ ကုန်စည်တွေ လွတ်ထွက်နေတာ တို့ တရားမ၀င်ရောင်းချတာတို့ online ဖြစ်ဖြစ်အပြင်ဖြစ်ဖြစ် ဘယ်နေရာမဆို ပညာပေးရုံတင်မဟုတ်ပဲ ဖမ်းဆီးပြစ်ပါပြီးတော့ ပြင်းပြင်းထန်ထန်ကို အရေးယူသင့်တယ် ထောင်ပါချပြစ်ရမယ်
. . .
👩 ပြည်တွင်းက SME အနေနဲ့ တစ်ပိုင်တစ်နိုင်ရောင်းချနေကြတဲ့ လုပ်ငန်းငယ်တွေနဲ့ ကြားခံ ၀ယ်ရောင်း ပြုလုပ်ပေးနေတဲ့ အွန်လိုင်းရှော့ပင်တွေ အပေါ်ေ၇ာ ဘယ်လိုမြင်မိပါသလဲ။
👨 SMEs ဆိုတာအသေးစားလုပ်ငန်းတွေပါ Online Shop တွေဆိုတာလဲ အသေးစားပါပဲ ဆိုင်မဖွင့်နိင်လို့ Online ကနေ တပိုင်တနိင်ကနေ Online မှာရောင်းကြတယ် နာမည်ရလာ တော့ ဈေးကွက်ရလာတော့ ဆိုင်လေးတွေ ကိုယ်စီ ဖွင့်ကြတယ်
ပြောရမယ်ဆိုရင် Online Shop ကနေ Business တခုကို တည်ထောင်လိုက်နိင်တာပါ ဒါဟာ နည်းပညာ ရဲ့အားသာချက်ပါ နိင်ငံတကာလိုပေါ့လေ ၀န်ဆောင်မှုအပိုင်း မှာလဲ အိမ်တိုင်ရာရောက်စနစ်တွေ လာပို့လို့ မကြိုက်ရင်ပြန် ထည့်ပေးနိင်တာတွေ ဖုန်းနံပါတ်ချန်ထားရုံနဲ့ တဖက်ကဆက်သွယ်ပေးတာတွေ က သိပ်ကိုအဆင်ပြေပါတယ်
ဝန်ဆောင်အပိုင်းတွေမှာ စားသုံးသူအတွက် ရွေးချယ်စရာတွေ များသွားတယ် အရင်လို ဈေးကွက် လက်ဝါးကြီး အုပ်လို့လဲမရဘူး ကုန်ပစ္စည်းဈေးသိချင်ရင် ကုန်ပစ္စည်း ပုံကို Google Image မှာထည့်ပြီး ရှာတာနဲ့ အချက်လက်တွေ ဈေးနူန်းတွေ ရှာလို့ရတယ် ဈေးများတယ် နည်းတယ် မှန်ကန် မမှန်ကန်ဘူး ဆိုတာ စားသုံးသူက စစ်ဆေးလို့ရတယ် တန်ရင် ၀ယ်မယ် မတန်ရင်မ၀ယ်ဘူး
. . .
👩 MLM တွေကို အွန်လိုင်းမှာ လုပ်ကိုင်နေတာမျိုး ရှိသလို တစ်ချို့ အလှကုန်၊ ဆေးဝါးတွေကို MLM မဟုတ်ဘဲ ရောင်းချနေတာမျိုးလည်း ရှိပါတယ်၊ အဲဒီအပေါ်ရော ဘယ်လိုမြင်မိပါသလဲရှင့်။
👨 MLM ပစ္စည်းတွေက Online ပေါ်တက်လာတာဟာ သူတို့ ဈေးကွက်ကို ချဲ့ထွင်တာပါ လာကြော်ငြာတာပါ တချို့ MLM တွေဆို ဈေးမရေးပဲ ကုန်ပစ္စည်း ကို Promote လုပ်ပါတယ် Facebook Bluemark လေးတွေ ရအောင်ယူပြီး Promote လုပ်ပါတယ် ၀ယ်မယ်ဆိုရင် သူ့နက်ဝက်ကနေ လူတွေအောက်ကနေ ပဲဝယ်ရတာများပါတယ်
MLM ပစ္စည်းတွေဆို ဈေးကြီးတာထုံးစံပါပဲ သိပီးသားအတိုင်း အဆင်ဆင့် ကော်မရှင်တွေပေးရတာမို့ပါ နောက်သူတို့ကုန်စည်တွေ ကို Online မှာ စစ်ကြည့်ပေါ့ သိရတာပေါ့ FDA တို့ အလှကုန်နဲ့ပတ်သက်တဲ့ ဥပဒေလဲရှိတယ် ကိုက်ညီရင်ရောင်းပေါ့ မဟုတ်တာကြီးကို Over Promote မလုပ်မိဖို့တော့လိုတယ် စာသုံးသူကလဲ သေချာစစ်ဆေးဖို့လိုတယ် ကောင်းတယ်ပြောတိုင်း မယုံသင့်ဘူး လေပေးရမယ့်ငွေနဲ့ တန်တယ်မတန်တယ် ဆိုတာ ၀ယ်သူဘက်က ချင့်ချိန်ပေါ့
. . .
👩 အခုလွှတ်တော်မှာပြောသွားတဲ့အထဲမှာ စားသုံးသူကာကွယ်ရေးကိစ္စလည်း ပါတော့ အဲဒီအပိုင်းကို ဘယ်လိုမြင်မိပါသလဲ။
👨 အရောင်းအ၀ယ်လုပ်ငန်းမှာ ထုတ်လုပ်သူ ဖြန့်ဖြူးသူ
တင်သွင်းသူ ရောင်းချသူ တွေအားလုံးမှာ စားသုံးသူက အဓိကပါ အကျဆုံးပါ စာသုံးသူကာကွယ်ပေးရေး ဥပဒေတွေအပြင် အရည်အသွေးထိန်းချုပ်တာ နဲ့ပတ်သက်တဲ့ဥပဒေ လဲရှိသေးတယ် တချို့ ဥပဒေတွေက ပြဌာန်းထားပေမယ့် နည်းဥပဒေတွေ ကော်မရှင်တွေ မရှိသေးဘူး
တင်သွင်းသူ ရောင်းချသူတွေ စားသုံးသူတွေတောင် တချို့ဥပဒေတွေကိုမသိသေးဘူး စားသုံးသူကာကွယ်ပေးရေး က Enduser တွေ ကိုအဓိကထားတာ မို့ ကောင်းတယ်
ကျယ်ကျယ်ပြန့်ပြန့် အားလုံးသိရှိအောင် အရှိန်တိုးမြင့်ပြီး လုပ်ရမယ် Enduser ကိုအဓိကထား သော်ငြားလည်း လွတ်လပ်စွာ ကုန်သွယ်ခွင့် ရောင်းဝယ်ဖောက်ကားခွင့် နဲ့ ယှဉ်ပြိုင်မှု မှန်မှန်ကန်ကန် တင်သွင်း ရောင်းချ ထုတ်လုပ် ဖြန့်ဖြူးသူတွေကိုလဲ ကြည့်ရပါမယ် မျှတသော ဈေးကွက်စီးပွားရေးစနစ် ဖြစ်အောင် ပံ့ပိုးရမှာပါ
. . .
👩 အခုကိစ္စမျိုး ပြည်ပနိုင်ငံတွေမှာရော ဘယ်လိုပုံစံ ရှိတာပါလဲ။
👨 တိုးတက်နိင်ငံတိုင်းမှာ ထိန်းချုပ်မှုတွေ ဥပဒေတွေ အကုန်ရှိပါတယ် မတန်တဆ ဈေးတင်ရောင်းတာတို့ Over Promote လုပ်ရင်တောင် စားသုံးသူကမကျေနပ်ရင် အရေးယူလို့ရပါတယ် စားသုံးသူက ဈေးကွက်စီးပွားရေးမှာ အရေးပါဆုံးပါ စားသုံးသူကို သိပ်အလေးထားကြပါတယ်
သူတို့တွေစီမှာ Online ကဈေးဝယ်ရင် Tax ပါ တခါထဲ ကောက်တာတွေရှိတယ် အစိုးရကိုယ်တိုင်အားပေးတဲ့ Market Platform တွေလဲ ရှိတယ် Online ငွေကြေးစနစ်တွေ ဘဏ်စနစ်တွေ Credit Card တွေစနစ်တွေ တာဝန်ခံတာတွေ ထိပါရှိတယ် Ecommerce စနစ်ကို သိပ်ကို အားပေးကြတယ် logistics တွေလဲ သိပ်ကိုကောင်းကြတယ် Bank စနစ်တွေ နောက် အပြင်စတိုးဆိုင်တွေ အတွက် POS ငွေချေစနစ်တွေ ဥပဒေ တင်မဟုတ်ပဲ တကယ် လက်တွေ့ကျတဲ့ နည်းပညာတွေ နဲ့ပါ ပံ့ပိုးကြတယ်
. . .
👩 ပြည်တွင်းက လုပ်ငန်းသေးလေးတွေအနေနဲ့ အစိုးရက အခုကောက်ခံမယ့် ပုံစံအတိုင်း ပေးနိုင်မယ်လို့ ယူဆပါသလားရှင့်၊ သူတို့အတွက် အဆင်မပြေဘူးလို့ ပြောကြတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။
👨 အခွန်အပိုင်းပြောရရင် ပြည်ပကုန်စည်တွေ အကုန်လုံးက (0.5% - 30% Import Duty )သွင်းကုန်ခွန် ၊ ( 5% Commercial Tax ) ကုန်သွယ်ခွန် အပြင် ကြိုတင်ဝင်ငွေခွန် စတဲ့ အခွန် ၃ရပ် ကို ကုန်စည် တန်ဖိုးပေါ် ဆောင်ပြီး တင်သွင်းရတာပါ နောက်ဆုံးတဦးချင်း ၀င်ငွေခွန် တနှစ် သိန်း ၂၀ ကျော် ရင် နိင်ငံသားတိုင်း အခွန်စည်းကျပ်ပါတယ် ကုန်သွယ်ခွန် 5% ဟာ အဆင့်ဆင့် ခုနှိမ်ရပါတယ် တင်သွင်းသူ က ဆောင်ထားပြီးသား စာရွက်ကို စတိုးလုပ်ကိုင်သူဖြစ်ဖြစ် လက်က္ကားရောင်းသူ ဖြစ်ဖြစ် ပေးထားရင် အခွန်ခုနှိမ်လို့ရပါတယ် မြန်မာပြည်ထုတ်တဲ့ကုန်စည်လဲ လုပ်ငန်းလိုင်စင်နဲ့ စည်းကျပ်ပါတယ်
ဒါမို့ နိင်ငံတွင်း ဘယ်ကုန်စည်မဆို အခွန်ဆောင်ထားပြီးသားပါ တရားမ၀င်လာတဲ့ကုန်စည် အခွန်မဆောင်ထားဘူးဆိုတာကတော့ တရားမ၀င် တင်သွင်းတဲ့အပိုင်းဖြစ်သွားပါပြီ တရားမ၀င်တင်သွင်းရင် ထုတ်ကုန်သွင်းကုန် ဥပဒေ အပြင် Customs က Sea Csutoms Act , Land Customs Act တွေ အရ အရေးယူရမှာပါ
ကျနော်တို့ ပြည်တွင်း Supply Chian တွေက အားမကောင်းပါဘူး အခွန်စနစ်ကလဲရူပ်ထွေးတယ် ဘာသွင်းသွင်း 2% ကြိုကောက်တယ် ပစ္စည်းတောင်မရောင်းရသေး 5% အရင်ပေးရတယ် အဲတာကို တကယ်ရောင်းမှ Tax ထဲက ခုနှိမ်လိုက်ရင် ရတယ် ကုန်သွယ်ခွန်ဆိုတာ စာသုံးသူနဲ့လဲသက်ဆိုင်ပါတယ်
Online မှာရောင်းချသူက ဆိုင်လဲ မရှိ ကုန်စည်လဲ မသိုလှောင်ရင် သူဟာ Marketing Services လား သယ်ယူပို့ဆောင်ရေး Services လား ၀န်ဆောင်မှုလုပ်ငန်းထဲမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းက ကုန်သွယ်ခွန် မကျသင့်ပါဘူး ၂၀၁၆ အခွန်ဥပဒေမှာ ကုန်သွယ်ခွန်ကင်းလွတ်တဲ့ အုပ်စု အမျိုးစားထဲ ပါနိင်ပါတယ်
ဥပဒေကို လိုသလိုဖြတ်တောက်တာဆိုရင် Online Marketing Services ဆိုတဲ့စကားရပ် တွေ Online Business လုပ်ငန်းလိုင်စင်တွေလိုအပ်ပါလိမ့်မယ် ဥပဒေ မှာထပ်မံပြဌားန်ပေါ့ အသေးအဖွဲလေးတွေသာ အချင်းချင်း ရောင်းကျဝယ်ကျတာပါ ၁Online ဈေးကွက် E Commerce လုပ်တာ ကျယ်ပြန့်လာတာနဲ့ ဆိုင်လေးတွေ ဖွင့်ကြ Company တွေထောင်ကြပါတယ် အဲကျရင် ပထမ ပြဌာန်းထားတဲ့ စတိုးလုပ်ငန်း တို့ Company တို့အောက် အကျုံးဝင်သွားပါလိမ့်မယ်
ဒါမို့ မြန်မာပြည် Online ကဈေးရောင်းတာဟာ အခွန်ပေးပြီးသားတာ ဖြစ်ပါတယ် ထပ်လိုချင်လို့ ထပ်မံ စည်းကျပ်လိုရင်တော့ အထူးကုန်စည်လို ထပ်ထည့်ပေါ့လေ ဥပဒေ ရှိရင်တော့ မတတ်နိင်ဘူး လေဆောင်ရတာ့မှာပေါ့ အခွန်ပေါ်အခွန်ထပ် သွားတာကတော့ မေးစရာဖြစ်မှာပေါ့
. . .
👩 အိမ်တိုင်ရာရောက် Door to Door ရောင်းချမှုတွေက အခွန်လွတ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။
👨 Door to Door ဆိုတာ ကျနော်တို့ ဆီမှာက ပစ္စည်းသွားပို့မှ ငွေရတာပါ ပို့နေတုန်း အိမ်ရောက်သွားလို့ မကြိုက်လို့နော်ဆိုရင် ပြန်ယူလာရတာပါ Risk Marketing ခေါ်မှာပေါ့လေ ငွေချေစနစ်တွေ ပေါ်နေပေမယ့် လူတိုင်းမသုံးနိင်သေးဘူး
အခွန်ကလွတ်နေတာမဟုတ် ဆောင်ထားပြီးသာပါလို့ အင်တာနက်မှာရောင်းတာနဲ့ပတ်သက်ပြီးပြောရင် သူဟာတင်သွင်းသူလဲမဟုတ်ဘူး ထုတ်လုပ်သူလဲ မဟုတ်ဘူးဆိုရင် သူက Retail ရောင်းချသူ ဖြစ်ပါတယ် အိမ်အရောက်ပို့ဆောင်ပေးသူပါ အပြင်မှာ ဆိုင်ဖွင့်တာမဟုတ်လို့ စည်ပင်လုပ်ငန်းလိုင်စင် မရှိပါဘူး ဆိုင်ဖွင့်ရင်တော့ သူဆောင်ရပါလမ့်မယ် Online တို့ Facebook တို့ကဆိုင်တွေက စည်ပင် Area ထဲမပါဘူးလား ပါလားတော့ ကျတော်မပြောတတ်ပါဘူး အင်တာနက်ဖိုး ဖုန်းဖိုးကလဲ အလကားမရတာဆိုတော့လေ
. . .
👩 ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
👨 မကန့်သတ်ပါနဲ့ ပျိုးထောင်ပေးပါ လို့ပြောချင်ပါတယ်
ကျနော်တို့နိင်ငံကအခုမှ စပြီးအားယူနေတဲ့ အနေထားပါ လူငယ်တွေ တော်တော်များများ Facebook Social Network ကြောင့် အလုပ်ကိုင်သစ်တွေ ဖွံ့ ဖြိုးလာတယ် ဈေးကွက်အမြင်တွေလဲ ရှိလာကြတယ်ဗျာ ဒီ တခုကြောင့် လူငယ်လေးတွေတော်တော်များများ အောင်မြင်ကြတယ် အစက facebook Online Page လေးကနေ အပြင် Showroom နောက် Company တဖြည်းဖြည်းတိုးတက်လာပါတယ်
အခုက ထောင်ဒဏ်တွေ ဥပဒေတွေ အခွန်ပိုင်းတွေ နဲ့ Developing Trend တခုကို ကန့်သတ်ချင်နေကြတယ့်အနေထားတွေ့လာရပါတယ် တကယ်တော့ Online Shop တွေက အခွန်စည်းကျပ်မှုအောက်ကနေ မထွက်ပါဘူး
Online မှာဈေးရောင်းရတာ Market ကျယ်ပြန့်ပေမယ့် အပြင်ကထက်အလုပ်ရူပ်ပါတယ် ပစ္စည်းရှာရ စာရေးရ ကြော်ငြာရ အိမ်ထိပို့ရ အဆင့်ပေါင်း ၂၂ ခုရှိပါတယ် မလွယ်ကူပါ ဒါကိုလွယ်တယ်မြင်တာရယ် နောက်လိမ်တဲ့ သူတွေရှိတယ်ဆိုပြီး ဥပဒေတွေ အမိန့်တွေ ထုတ်လိုက်ရင် ဘာမှတော့ မဖြစ်သွားပါဘူး တိုးတက်နေတဲ့ ဝန်းကျင်တလေးတခုကသာ ရပ်ဆိုင်းသွားမှာပါ
တကယ်လုပ်သင့်တာက အားပေးရမှာပါ Market Platform တွေဆောက် လူငယ်အသင်းတွေ ဖွဲ့ Delivery အခန်းကဏ္ဍမှာ စာပို့ ကြေးနန်း ဌာနတွေက ဝိုင်းကူ နောက် Payment ပိုင်းတွေ လွယ်ကူအောင် Bank စနစ်တွေ လုပ်ပေး စရိတ်မကုန်တဲ့ Online Business လိုင်စင် ထုတ်ပေး Code and Conduct လေးတွေရေးပေး ရောင်းချသူရော ၀ယ်ယူသူပါ Win Win ဖြစ်နိင်တဲ့ နည်းဥပဒေ လေးတွေ ထုတ်ပြန်ပေး ပညာရှင်တွေက ၀ိုင်းပြီးမြေတောင်မြောက်ပေး အစိုးရကလဲ ကာကွယ်ပေး မသာမာသူတွေကို ပြင်းပြင်းထန်အရေးယူ ပေါ့
အခုက ဗူးသီးလေးက အခုမှ စသီးတုန်းကို အမွေးသတ်မလို ချက်စားမလိုဖြစ်နေပါတယ် ရောက်ပါစေ အောင်မြင်ပါစေ အုံး အဲကြမှ ရိုက်စားပါ သတ်စားပါ အခြားသူတွေကိုအခွန်မှန်အောင် ဆောင်ပါစေအုံးလို့ပြောချင်ပါတယ်
13 OCT 2017. . . .
Thiha Paing ( နေစေး )
Via Myanmar Group
www.viamyanmargroup.com
#Ecommerce #myanmar #onlineshop
အသေးစိတ်ဖတ်ရန်
https://m.facebook.com/story.php?story_fbid=1920366791313306&id=100000200113085
Journal edit page
https://m.facebook.com/story.php?story_fbid=751772405001498&id=387849971393745
No comments:
Post a Comment