Canton Fair ကိုမိမိ အစီစဉ်ဖြင့်သွားကြပါလား


အလုပ်တွေမကောင်းတော့ အသစ်လေးရလို့ရညားပေါ့ 😜
ဒေါ်လာ ၁၀၀၀ လောက်ပဲကုန်မှာ

ပုံမှန်ဆိုရင်တော့ ကျနော်တို့ Guide လုပ်ပြီး စုပေါင်းခေါ်ယူချင်ပါတယ် ပထမ တနှစ်တုန်းကတော့ စိတ်တူကိုယ်တူလူတွေ စုသွားတာမို့ အဆင်ပြေတာလဲ ရှိ မပြေတာလဲ ရှိပေါ့ လေ အဲတုန်းကိုယ်တွေ အဆင်မပြေ ဖြစ်တာလေးတွေကို အဆင်ပြေစေချင်တဲ့ သဘောနဲ့ ရေးသားတင်ပြလိုက်ပါတယ်

အရင်ဆုံး Visa ပါ တရုတ် Visa က ၇ရက်ကြာပါတယ် တချို့ ဟောင်ကောင် Visa လုပ်ရင် တူတူရတာမှန်ပေမယ့် ဟောင်ကောင် Visa အတွက် Show Money ပြရပါတယ် ကိုယ်တွေတုန်းကတော့ Hong Kong 2 China 2  လုပ်တယ် Hong Kong လည်ြပီးမှ Guangzhou ကိုသွားတယ် ဟိုမှာ နေတာ ၀ပြီး ပျင်းတာနဲ့ မကာအို သွားပြီး ဖဲဆော့တယ် လည်တယ် ပြန်လာတယ် Guangzhou က Canton fair မှာပွဲပြီးသည်အထိနေပြီး ဟောင်ကောင်ပြန်ဝင်တယ်

တကယ်လို့ သွားမယ်ဆို လေပျံလက်မှတ် ကြိုတင်ဘိုကင်တင်ရပါတယ် ဒိုင်ရှို သွားတဲ့သူများလို့ပါ MAI ရှိမယ် Tiger Air ရှိပါမယ် Guangzhou က Biyuan Airport ပါ  Hotel ကတော့  http://booking.cantonfair.org.cn/index.php?c=cate&mid=52&tpl=1  ဒီlink အပြင် ဈေးသက်သာတာတွေလဲရှိပါတယ်

ကိုယ်က ၁ ရက် ၂ ရက်လောက်ပဲဆိုရင်
The Canton Fair Westin Hotel  အနီးဆုံးလမ်းမလျှောက်ရတဲ့ Fair ထဲက Hotel တခုရှိပါတယ် အဲတာကလဲ ပုံမှန်ပြည့်နေတာပါပဲ http://booking.cantonfair.org.cn/index.php?c=msg&id=1361 အဲမှာ မွေကြည့်ပါ လေဆိပ် အကြိုပါတောင်းလို့ရတယ်

တရုတ်စကားပြန်တယောက်လောက်ပါရင် အဆင်ပြေပါတယ် ဒီခေတ်မှာ နည်းပညာတိုးတက်လာပြီမို့ Phone ထဲမှာ Google Translate Software ထည့်ထားပါ fair ထဲမှာတောံ Englishစကား ပြောလို့အဆင်ပြေပါတယ် တရုတ်မှာ English စကားလုံးက အလုပ်မဖြစ်ပါ အစပ် အငန်ကြိုက်တိုက်ရင် ငပိဘူးဆောင်သွားပါ နောက် VPN ဆော့ဝဲထည့်ခဲ့အုံး တရုတ်မှာ Google မရ Facebook မရပါဘူး

နောက် ဟိုတယ်ပါ လေပျံလက်မှတ်ဘိုကင် လုပ်ပေးတဲ့ Travel Agent ကိုပဲတင်ခိုင်းလိုက်တာ အဆင်ပြေပါတယ်
http://cantonfair.org.cn ထဲမှာ Canton Fair နဲ့ ချိတ်ထားတဲ့ Hotel List ကိုယူပါ သူက ဟိုတယ်ကနေ Fair ကိုအကြိုပို့လုပ်ပေးတာမို့ပါ ကိုယ်က သွားနေကျဆို Agoda တို့ Booking.com တို့  Ctrip Apps တို့နဲ့လဲရပါတယ်

ရန်ကုန်ကနေ Guangzhou ဆို လေပျံခ အသွားပြန် ၅၀၀ လောက်ကုန်တတ်ပါတယ် ရန်ကုန် Hong Kong ကိုတဆင့် စီးပီး မီးရထားနဲ့ လာလဲ အဆင်ပြေပါတယ် နည်းနည်းတော့  ည်မှဖြစ်မယ် ဟောင်ကောင် ပါလည်ပြီးသားပေါ့လေ

http://cantonfair.org.cn မှာ Member ထည့်ထားပါ Cantonfair ၀င်ခါနီ စစ်ဆေးရ ဖောင်ဖြည့်ရ စတာတွေ သက်သာပါမယ် အဲကနေ ပေး တဲ့ BONUS CUPON ယွမ် ၅၀၀ က ထမင်းစားလို့ရပါတယ် ကူပွန်က အသုံးဝင်ပါတယ်

နောက် Business Card ကိုသေချာရိုက်လာပါ ဟိုမှာ က BUSINESS ကတ်တွေ ဟိတ်တွေဟန်တွေ ကြည့်ပါတယ် Fairထဲမ၀င်ခင် ကိုယ်ဝင် လာတဲ့ အပေါက်ကို သေချာမှတ်ပါ အဖွဲ့လိုက် တယောက် ဖုန်းတလုံးချင်း နံပတ် ဖလှယ်ထားပါ

အဓိက အရေးကြီးဆုံးအချက်က ပွဲသွားပြီး ဘာလုပ်မှာလဲ ဆိုတာပါ အသစ်အဆန်းတွေ စက်ရုံတွေရှိပါတယ် တခါထဲချိတ်ပြီး အလုပ်လုပ်လို့ရပါတယ် ဘာမှ မ၀ယ်ဘူး လေ့လာရုံဆိုရင်လဲ အဆင်ပြေပါတယ် တကယ်လုပ်မယ့် ရည်မှန်းချက် နဲ့ လာရင် ပိုအဆင်ပြေစေမှာပါ

ဈေးသက်သာနည်းကတော့ ပွဲပိတ်ခါနီး ဥပမာ ၁ရက်နေ့ ၅ ရက်နေ့ပိတ်ရင် ၅ရက်နေ့ ကျမှ ကိုယ်လိုချင်တာတွေသွားဝယ် ပါ ဈေးလဲ လျော့ပေးသလို လက်ဆောင်တွေလဲ ပေးပါတယ်

Phase 1 နဲ့ Phase 2 ကြားမှာ ၂ ရက်အချိန်ရပါတယ်  Travel ဆိုတဲ့ ကောင်တာမှာ Free Tour Program ရှိတယ် သွားကြည့်ပါ အလကား ရတဲ့ Free Tour ဖြစ်ပါတယ်

နောက် Guangzhou ထဲမှာကိုပဲ Market တွေ ရှိပါသေးတယ် မင်္ဂလာဈေးလို လက်ကားဈေးပုံတွေပေါ့လေ  အနီးနားက Foshan တို့ဘာတို့ လဲ သွားလည်သင့်တယ်

Canton Tower တို့ မြေအောက်ဈေးတို့လည်ပတ်ပါ Canton Tower ကတော့ ပေ ၂၀၀၀ ကျော်မြင့်တယ် World မှာ တတိယ အမြင့်ဆုံးပါပဲ သွားလည်သင့်တယ်

အဲတော့ စရိတ်တွက်ကြည့်ရအောင်  ၂ယောက် တွဲ ဆိုပါတော့  ၅ ရက်နေမယ်ပေါ့ ၄ညအိပ်မယ် ဆိုပါတော့
လေပျံလက်မှတ် ၂ ယောက် ၆၀၀
တည်းခိုခန်းခက ၁၀၀ ပဲထား ၄၀၀
သွားတာလာ စားတာက တရက် ၅၀၀
Visa ဖိုးတင် ၇၀ Taxi ခတွေကလည်း  ၃၀၀

စုစုပေါင်း ချစ်ချုပ်သုံးရင်တော့ ၂၀၀၀ နီးပါးလောက်ကုန်မယ်
၂ယောက်စာဆိုတော့လေ တယောက် ၁၀၀၀ လောက်ပဲကြမယ် ကျနော်တို့ပထမ Tour လုပ်ဖို့ပဲ လူမနိင်တာရယ် လုပ်နေကြ မဟုတ်တာရယ်မို့ မလုပ်တာပါ အခု 2 phase ရောက်ပြီ

သွားမယ်ဆိုမှီ သေးတာက

Phase 2 ( 23OCT , 27OCT )
+ Consumer Goods
+ Gifts & Toys
+ Home Decorations

Phase3 ( 31OCT , 4NOV )
+ Textiles & Garments
+ Shoes
+ Office Supplies, Cases & Bags,
and Recreation Products
+ Medicines, Medical Devices and Health Products
+ Food & Native Produce
+ International Pavilion

ကျနော် Recommend ပေးမယ့် Tour တခုရှိတယ်
Visa ,Airticket ,Hotel  ချိတ်ပေးနိင်တယ်
HTravel ဆိုတာပါ ၄၄ လမ်း ကမ်းနားဘလောက်မှာဖွင့်ထားတယ် လိုတာပြောလိုက်အကုန်ရတယ် တရုတ်ပြည်အကြောင်းတော့ သူတို့ သိမှမဟုတ်ဘူး VISA တွေ လေပျံ တွေ ဟိုတယ်တွေတော့ ကျွမ်းတယ်

ကျနော်တို့တုန်းကလဲ MYANMAR H Travel ကနေပဲ
စီစဉ်လိုက်တာ ဘော်ဒါအရင်းကြီးတွေပါ
Myanmar H Travel Co.ltd
Wai Yan Ye Zaw + Thae Thae
No.56, Ground Floor, 44th street, Botahtaung
Yangon (+95)1296602
Business hours: :  9:00AM to 5:00PM
https://www.facebook.com/Myanmar-H-Travel-Co-Ltd-714035038627638/

Thihapaing @ နေစေး
Via Myanmar Group

( မှတ်ချက်ကျနော်ရေးတာနောက်ကျ သွားတယ် PHASE 1 တော့ လွန်သွားပြှီေ 15 ရက်ကစတာဆိုတော့လေ့ ပွဲ ၂ပွဲ တော့ ကျန်သေးတယ် ) အခုခေါက်မရောက်ဖြစ်လဲ နောက် ၆လနေ တပွဲ ရှိသေးတယ် https://www.facebook.com/cantonfairmyanmar/ ဒီ Page လေးကိုသာ Like ထားလိုက် ပို့စ်ကို Share ထားရင်ပြန်ရှာလို့လွယ်တယ်

No comments:

Post a Comment

ကောဇာ ၁၃၈၃ - ၂၀၂၁ ဧပြီ ၁၅ သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး Thingyan sar ( 48 Migapixel File )

၂၀၂၁ မြန်မာပြည် ရြှေ့ဖစ်ကို ကြိုပြီးဟောကိန်းမခန့်မှန်းနိင်တာမို့ Astro ကနေခန့်မှန်းထားတာတွေကို ဖော်ပြရရင် မဟာသင်္ကြန်စာ အပြင် အခြားသော S...

Perzi