အေးဂျင့်ဘ၀ Direct Delivery .ထုတ်ယူခြင်း .. ( GC Cargo , Construction material - Other )



အေးဂျင့်တော်တော်များများ ရှိပါတယ် သို့သော် DD ထုတ် သူများ အလွန်နည်းပါတယ် .တချို့ကအမြဲ လုပ်ကြသလို တချို့က တခါလုပ်ပြီး လက်လန်ပြီး ပြေးတဲ့ သူတွေ ရှိပါတယ် .

DD သို့မဟုတ် GC Cargo ကိုထုတ်မယ်ဆို ရင် အရင်ဆုံး
1 သင်္ဘောမကပ်ခင် မိမိ Custom File အရင်ပြီးထား ရန်လိုပါတယ် ..
2 DO ထုတ်ယူပြီး ဖြစ်ရပါမယ်
3 မိမိပစ္စည်းပေါ်မူတည်ပြီး ကားဂိတ် နဲ့ချိတ်ထားဖို့လိုပါတယ်


ဆိပ်ကမ်းမှာ DO ကို DL ဖြတ် ရင် လိုအပ်တာလေးတွေ ပြောချင်ပါတယ်

DO မူရင်း
DD ထုတ်ယူခွင့်ပြု ပါရန်လျှောက်ထားခြင်း Latter ကာစတန်အရာရှိလက်မှတ်ထိုးပြီး Copy
BL Copy
ID Copy
Special Power Copy
ပိုင်ရှင် မှတ်ပုံတင် Copy
ကိုယ်စားလှယ်လွဲစာ ပါ လူမှတ်ပုံတင် Copy
ဒါလေးတွေ လုံးဝပြည့်စုံ ရပါမယ် ..

DD Latter hard ကတော့ ပုံမှန် ကာစတန် ဖိုင်ထဲမှာပဲ ရှိပါတယ် ..အဲတာကို ရုံးမှာတခါထဲဖြုတ်ပြီး Copy ကူးထားပါ လက်မှတ်ပါပါစေ .ID - BL copy လိုပါတယ် အဲတာမရှိရင်ဆိပ်ကမ်းက DL ပေးမဖြတ်ပါ ..အရမ်း ပြသနာရှိပါတယ် ၅ ဂိတ် တို့ BSW တို့ က မြို့နဲ့နီးလိုအဆင်ပြေသော်လည်း သီလ၀ါဆိုရင်တော့ ပြန်ယူဖို့ လာပေးဖို့တော်တော်လေး ပြသနာရှိပါတယ် ( ဖြစ်ဖူးလို့ )


DD ထုတ်ယူမှာ ဖြစ်တတ်တဲ့ အခက်ခဲလေးတွေ အကြောင်းပြောပြချင်ပါတယ် ..

ုသင်္ဘောက ကပ်နေပြီး ကာစတန်ဖိုင်က မပြီးသေးဘူး အများစုဖြစ်တတ်ကြပါတယ် ဈေးနုန်းညိနိုင်းဖြစ်တာတို့ BL Amend ဖြစ်တာတို့ စာရွက် စာတမ်းနောက်ကျ တာတို့ကြောင့် သင်္ဘောမ၀င်သော်လည်းဖိုင်မပြီးပါ ..ဒီလိုအနေထားမျိုးမှာ လုပ်ရကိုင် ရ သိပ်ခက်ပါတယ် ..

သင်္ဘောလိုင်းက ရေလည်း စားပါမယ် ..မထုတ်သေးဘူးလား ဘာညာ ပစ္စည်းပေါ်နေပီ .ပစ္စည်း တွေ သူများ ပေါ်မှာ ပိနေတယ် စသည်ဖြင့် မျိုးစုံ ပြောပါလိမ့်မယ် ..သင်္ဘောလိုင်း ရဲ့တာဝန်က သူတို့ သင်္ဘောပေါ်က ပစ္စည်း ကုန်းပေါ် ရောက်ဖို့ အထိ က ဆိုပြီး လောပါလိမ့်မယ် ...

အခန့်မသင့်လို့ Dumping ပုံခိုင်းရပါတယ် Dumping ပုံတယ်ဆိုတာက ချက် ခြင်းထုတ်လို့မရရင် ဆိပ်ကမ်းတနေရာမှာ စုပုံထားပြီး အဆင်ပြေမှ ထုတ် လို့ ရတဲ့နည်းစနစ်ပါ

Dumping ပုံရင် ဘာတွေလိုမလဲ ( လုံးဝအဆင်မပြေမှ ပုံပါ )

သို့
မန်နေဂျာ
ဆိပ်ကမ်းကိုယ်စားလှယ်ဌာန
မြန်မာဆိပ်ကမ်းအာဏာပိုင်
ရန်ကုန်မြို့

လိပ်မူပြီး မိမိ ပိုင် Latter head နဲ့ SAD ရူံးကိုလျှောက် ရပါမယ် SAD လူကြီးက လက်ခံမှ ဒီစာရွက်မှာလက်မှတ်ထိုးပေးပြီး .ဆိပ်ကမ်းတံတား က တာဝန်ခံကို ပေးရပါမယ် တံတားတာဝန်ခံက လက်ခံ မှ ပုံခွင့် ရှိတာပါ ပုံမှန်ဆို ကြို အကြောင်းကြားရပါတယ်
အရမ်းလဲ အလုပ် ရူပ်ပါတယ် .DO ဖြတ်ရင်းလုပ်ထားလို့ရလဲ ကောင်းတာပေါ့

ထုတ်တဲ့ အပိုင်းကတော့ DL နဲ့ဖိုင်မှာ Boarding တက်ပီးသား EO စီ တခါထဲလက်မှတ်ထိုးရပါတယ် မိမိ Vessel ကို စစ်ပြီးသား ကာစတန်အရာရှိကိုပြောတာပါ
App စစ် - Ad ဆီ Order တောင်း ပြီး Boarding ဆီ တန်းသွားပြီး လက်မှတ်ထိုး .ဖိုင်ကို Boarding ဆီပေးခဲ့ ရပါမယ် DL မှာလက်မှတ်ထိုးပြီး ဆိပ်ကမ်း ကတံတား ဂိုထောင်မူး စသည်ဖြင့်ပေးလိုက် ရင် ရပါပီ ..

ထုတ်ယူတဲ့ အပိုင်း ..

မိမိ ပစ္စည်း ထုတ်ချင်တယ်ဆိုပြီး လောလို့မရပါ လေဘာ ဂိုဏ်းနဲ့ ပစ္စည်း ပုံတွေပေါ်မူတည်ပါတယ်
မိမိပစ္စည်းက သူများအောက်မှာ ပိနေတယ်ဆို စောင့်ပါ .သူပီမှ့ ကိုယ့်အလှည့် .မိုးရွားလို့ ဟက် ပိတ်တာတို့ ..ကားကြောပြတ်တာတို့ ..လေဘာ ဂိုဏ်းပိတ်သွားတို့ ရှိပါတယ်
လေဘာတွေက အမြဲအလုပ်မလုပ်ပါ .. ဂိုဏ်း ပိတ်ချိန် နားချိန်ဆိုတာရှိပါတယ် ..

မိမိပစ္စည်းစစ်ဖို့ ..ရေ ဖို့ ဆိုရင် ကိုယ်တိုင် ဟက် ထဲ ဆင်းပြီး စစ်ရပါတယ် . မထိခိုက်အောင် အပြောက် အရှ မရှိအောင် ..တော်တော် ဂရုစိုက် ရပါတယ် သူများနဲ့ ထုတ်ယူတာဖြစ်လို့ မျိုးတူနစ်ခု ပါလာ ရင် မှားပါ မပါအောင် ရော မပါအောင် လဲ ကြည့် ရပါတယ် ..

မှားတာတို့ ပျောက် ရှတာ တို့ ဖြစ်လာရှုင် ပစ္စည်းဆွဲတိုင်းမှာ SAD က တာလီ မှတ်ပါတယ် .
သူတို့နဲ့ ရှင်းပါ ..ဟိုကမပါလာတာလား ..မှားပါတာလား .ပျောက် သွားတာလား ..ကိုယ့်ပစ္စည်းတခုခု ထိခိုက် ရင် လဲ သူတို့ ကိုပြောပါ ..သူတို့ဆိုတာက SAD ရယ် သင်္ဘောလိုင်းရယ်ပါ ..သင်္ဘော ပေါ်အမြဲ ရှိတာက Shipping line Supervisor ရယ် SAD တွေ ရယ်ပါ ..

ဆိပ်ကမ်း က ပစ္စည်းထုတ်ယူတာနဲ့ ပတ်သတ်ပြီး တာဝန် ရှိတာက SAD တွေ ဖြစ်ပါတယ် သင်္ဘောလိုင်းကတော့ ..လေဘာ ကြေး တို့ စက်အသုံးပြုဖို့ တို့ ကို တာဝန်ယူပါတယ် ..

မိမိပစ္စည်းကား ပေါ် ရောက်တာနဲ့ Convoy လေးတွေလုပ်ထားပါ
တရွက်က ကားသမားလက်ခံ
တရွက်က ဆိပ်ကမ်း ဂိတ် Pass ကိုပေးဖို့
တရွက်က ပစ္စည်းချမယ့် ဂိုထောင်

ဘာတွေပါမလဲ ဆိုရင် ....

ကားနံပါတ်
ပစ္စည်းအရေ အတွက်
Company နာမည်
ML No
သင်္ဘောအမည် Voy no ( ETA Date )
တာဝန်ခံလက်မှတ်

ဘယ်လိုတင်မလဲ ..

မိမိပစ္စည်းက တန်များရင်များသလို ဆိပ်ကမ်းမှာ အချိန်ပေးရပါမယ်
ပေ ၄၀ တွဲ ကားတစီးကို တန် ၃၀ - ၃၅ တန်တင်လို့ ရပါတယ် ..မြို့ထဲ တင်ကတော့ အဆင်ပြေသလိုတင်ပါ သီလ၀ါဆိုရင်တော့ . တန်လွတ် ၃၃ တန် ပဲ တင်ပါ ..
လမ်းတံတားကြေး ..ကားသမား RK .တွေလိုပါတယ် .ကားတိုင်းကို ကြိမ်လောက် ပြန်လာ ပြန်သည် ပြန်သွားလုပ်လို့ ရပါတယ် ..ကိုယ့် ပစ္စည်းနဲ့ချိန်ပြီး ကားကွက်ကို ကစားပါ ..ကားကြောပြတ် ရင်တော့ အလုပ်ပါ ရပ်ပါတယ် .

ဘာတွေ ယူသွားသင့်လဲ ..

လူ ၂ ယောက် ၃ ယောက်ခေါ်ပါ
ဖျာ .စောင် .စါတ်မီး ရေဘူး .ဖုန်း ဘက်ထရီအပို ထီး ဆပ်ပြာ လိုပါမယ် ဟိုမှာအိပ် ရပါမယ်
သီလ၀ါမှာဆိုရင် ကွန်တင်နာပုံးတွေ ချပေးထားပါတယ် အခြားဆိပ်ကမ်းတွေမှာ ဆိုရင်တော့
သံမန်တလင်းပေါ် ကြောခင်းပါ ..ကားယူလာ နိုင် ရင် ပိုကောင်းပါတယ် ..ဖဲထုပ်ပါ ယူလာရင် အပြင်းပြေ ပါလိမ့်မယ် .( :D).ဖုန်း ကို ငွေ ကြို ဖြေ့ထားပါတယ် ပုံမှတ် ၅၀၀၀ တောင် ကုန်ရင် ၁ သောင်း ကတ် တကတ် ၀ယ်လိုက်ပါ ..မှတ်ချက် သီလ၀ါ ဖုန်းလိုင်းဆွဲအား သိပ်မကောင်းပါ WCDMA မမိပါ GSM ပြတ်တောင်း ပြတ်တောင်း

DD ထုတ်ရတာ နေ့မအိပ်ညမအိပ်နဲ့တော်တော် ပင်ပန်းပါတယ် ..ဘယ်လိုရလဲ တန်နဲ့ ရှင်းသလို ဘောက်ချာတင်ပြီး ရှင်းပါတယ် မရေ မတွက်နိင်တဲ့ အပိုကြေးများစွာ ကုန်ပါမယ် .
ထပ်ပြောပါမယ် အပိုကြေးများစွာ ကုန်ပါမယ် . . ၅ ဂိတ် - BSW ပိုဆိုးပါမယ် ..


အခြားအတွေ့ကြုံတွေ ရှိပါတယ်နောက်မှ ပြောပါအုံးမယ်

အခြား ကောမန့်တွေဖတ်မယ် ..https://www.facebook.com/groups/mmcustomclerance/permalink/602665603088311/

ကိုနေစေး


ကောဇာ ၁၃၈၃ - ၂၀၂၁ ဧပြီ ၁၅ သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး Thingyan sar ( 48 Migapixel File )

၂၀၂၁ မြန်မာပြည် ရြှေ့ဖစ်ကို ကြိုပြီးဟောကိန်းမခန့်မှန်းနိင်တာမို့ Astro ကနေခန့်မှန်းထားတာတွေကို ဖော်ပြရရင် မဟာသင်္ကြန်စာ အပြင် အခြားသော S...

Perzi