ဒီဆိုက်လေးက ကျွန်တော့် ဆိုက်လေးပါ ၀ယ်ထားတာ 6 လလောက်ရှိမလားပဲ - wedding တွေအတွက် supply လုပ်ပေးနိုင်ဖို့ ရည်ရွယ်ပြီးလုပ်ထားတာ ကြာတော့ကြာပီ အလုပ်ကလဲ မနိုင်တော့ မလုပ်ပဲ ပြစ်ထားတာ အခုတော့စ ပြီးလုပ်တော့မလားလို့ ဈေးကွက်ကို လေ့လာတဲ့ သဘောအနေနဲ့ သက်သာဆုံးဖြစ်အောင်လုပ်နေပါတယ် ။
တဖက်ကလည်း ကားတွေ ကွန်တင်နာတွေနဲ့ ဆိုတော့ လူက ကိုယ်ခွဲမရှိလို့ အခု မရတဲ့ အချိန်လေးမှာ ပစ္စည်းလေးတွေ တင်ရောင်းတော့မယ်ဗျာ -
ကျွန်တော် တချိန်က အိုင်တီသမားဘ၀တုန်းက ရူးသွပ်ကြိုးစားခဲ့တဲ့ Online shopping လေးတွေပါ အခု facebook မှာ online shopping ဆိုတာ မအောင်မြင်မရှိခင်ကတည်းက လုပ်ခဲ့ တာပေါ့ အခု သူများတွေက ကိုယ်ရှေ့ရောက်နေပြီ ကိုယ်ရဲ့ အလုပ်ထဲမှာပဲ နစ်မွန်းနေတော့ ကျန်ခဲ့တယ် ။
မိုးရွာတုန်းရေခံ လုပ် နိုင်တုန်း လုပ်ပါတယ် ။