Mar 9
သတင်းစာလေးတခုမှာ
နိင်ငံခြားရေးဝန်ကြီးဌာန မှာ ဘွဲ့ရဆိုလျှင် ၁၅၀၀၀၀ နဲ့ အလုပ်ခေါ်တယ် ၀န်ကြီးဌာနတွေ တောင် ဘွဲ့ရကို ၁၅၀၀၀၀ ပေးပြီး အလုပ်ခေါ်တော့ ကျနော်အနေနဲ့ ဆိုသူတို့ထက်ပို ပေးပြီး ခေါ်ဖြစ်ပါလိမ့်မယ် သတ်မှတ် အခြေခံ လစာ ၁၃၀၀၀၀ နဲ့ လူတယောက် ဝန်ထမ်းတယောက်ဟာ ဒီခေတ်ကုန်ဈေးနူန်း နဲ့ လုံးဝမလောက်င ပါ ကျနော်လည်း ဒါကို အပြည့်ဝနားလည်ပါတယ်
အဆောင်စရိတ် လိုင်းကားခ နေ့လည်ထမင်းစား
တရက် အသုံးစရိတ်တောင် ၂၀၀၀ နီးပါးရှိပါတယ်
ဒါလေးပိုမှ အိမ်ပြန်ပို့ ရတာပါ ကျနော် ဝန်ထမ်းတွေကို မေးကြည့်တာမို့ သိထားပါတယ် ကျနော် ၂၀၁၄ သူများရုံးမှာလုပ်တုန်းက တလ တစ်သိန်းသာရပါတယ်
ကျနော် မိမိ ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်ကိုင်ချိန်ကျတော့ ကျနော့်ဝန်ထမ်းတွေ ကို လစာ ၁၃၀၀၀၀ ကနေစပေးပါတယ် နောက်အပြင် လူမူရေးအကူညီ ဝတ်စုံ နေရာထိုင်ခင်း သာရေးနာရေး များအပြင် Company မှတလအမြတ်ငွေ ၃၀% ကို ထုတ်ယူပီး ၁၅ % ကိုရှိသမျှ ဝန်ထမ်း တိုင်းလုပ်
ကိုင်တာဝန်ယူရတဲ့ အဆင့်လိုက် လစဉ်ခွဲ ဝေပေးပါတယ်
အခြား ရုံးခန်းခ ဘာခ ညခ တွေ ထည့် မတွက်ပဲ ရောင်းအားပေါ်မှာသာ ပေးတာပါ တခါတလေ အမြတ်က သိန်း ၆၀ လောက် ရှိပီးတလစရိတ်က သိန်း ၉၀ ဖြစ်တဲ့ လတွေတောက်မှ ကော်မရှင် ကို မဖျက်ခဲ့ပါ ကျနော် ဝန်ထမ်းဘဝက တက်လာသူတယောက်မို့ ဝန်ထမ်းများ အခြေနေ အခက်ခဲ ကို နားလည်ပါတယ် သူတို့နေရာကနေအမြဲတွေးမိပါတယ်
ဝန်ထမ်းတယောက်ဟာ အလုပ်လုပ်တယ်ဆိုတာဟာ လစာငွေ အပြင် အခြားခံစားခွင့်တွေ လုပ်ပိုင်ခွင့်တွေ သင်ယူမှုတွေ လိုအပ်လို့ အတွေ့အကြုံရချင်လို့ လုပ်နိင်စွမ်းတွေ ပြသခွင့် ရချင်လို စသည်တို့ ရှိပါတယ် နောက်ဆုံးအချက်ကတော့ မိမိ အနာဂတ် မျှော်မှန်းချက်တွေ အတွက် ဖြစ်ပါတယ်
ကျနော်ဝန်ထမ်းတွေ တော်တော်များများကို ပြောတဲ့စကားတခုရှိပါတယ် ( မင်းတို့ ဒီအလုပ်ကထွက်ရင်တောင် အကို့အလုပ်ကနေ ရတဲ့ အတွေ့ကြုံတွေ ကိုအသုံးချပြီး ပိုမိုမြင့်မားတဲ့ အလုပ်ကိုင် ကိုယ်ပိုင်လုပ်ငန်း တည်ထောင်နိင်တဲ့ အနေထားဖြစ်စေချင်တယ်လို့ ပြောပါတယ် ) ကျနော်စေတနာစကားပါ ဘယ်ဝန်ထမ်းမှ အလုပ်တခုမှာ အကြာကြီးမလုပ်ချင်ကြပါဘူး အနာဂတ်မျှော်လင့်ချက် မရှိရင်ပိုဆိုးပါတယ် အလုပ်ခွင်တွင်း အဆင်မပြေရင်လဲ ဝန်ထမ်းများဟာ ထွက်တတ်ပါတယ် ဒီအပိုင်းတွေကို သေချာနားလည်သဘောပေါက်ပါတယ်
ကျနော် လုပ်ငန်းရှင်တယောက် ဖြစ်လာတော့ ကျနော့ တုန်းကမရဘူးတဲ့ အခွင့်လမ်းတွေကျနော်အနေနဲ့ ပေးနိင်သလောက်ကို ပေးချင်ပါတယ် ဖြစ်အောင်လဲဖန်တီးပေးပါတယ် တခုခု စတင် စဉ်းစားရင်တောင် ဝန်ထမ်းတွေ ဘက်ကနေသာစဉ်းစားလို့ အဆင်မပြေတာလေးတွေ တောင်ဖြစ်ခဲ့ဖူးတာပါ
ပြီးခဲ့သောတရက်က လစာနဲ့ပတ်သက်ပြီးကျနော် HR ကိုကျနော်မေးပါတယ် ဒီလို အစစအရာရာ ကုန်ဈေးနူန်းကြီးမြင့် ဘတ်စကားခ ဈေးတက်နေတဲ့ အချိန်မှာ ဝန်ထမ်းတွေ လစာတိုးမတောင်းဘူးလားလို့ မေးပါတယ် တယောက်တော့ ရှိတယ်တဲ့ ကျနော် ဝန်ထမ်းတွေ ကိုလစာ တိုးပေးချင်ပါတယ် တဖက်ကလည်း မိမိလုပ်နိင်စွမ်းတွေ တိုးတက်လာစေ ချင်ပါတယ် အရည်အချင်းတွေ ကိုမြင့်တက်စေချင်တယ် တာဝန်ယူပီး လုပ်ဆောင်ချက်တွေ မြင့်မားလာစေချင်တယ် ဒီတော့ အခုချိန် မှာကျနော်လဲ သင်တန်းလေးတွေ ကိုယ်တိုင်ပေးတာရော အပြင်မှာသင်ခိုင်းတာတွေရောရှိလာပီ တာဝန်တွေပိုမိုပေးလာပါပီ ဒါကြောင့်မို့ဝန်ထမ်းတွေဟာ အခြေခံလစာ တိုးပေးဖို့ ကျနော်ကို တောင်းဆို နိင်ပါတယ်လို့ ကြေငြာထားပါတယ်
ဒါပေမယ့် လစာတိုးဖို့ ကျနော် မေးခွန်းတော့ မေးရပါလိမ့်မယ် ဥပမာ အရင်လစာ ၁၃၀၀၀၀ တုန်းက လုပ်ရတဲ့အခြေနေနဲ့ အခုအခြေနေမှာ တိုးတက်ပီး လုပ်လာရတာ ရှိပါသလား လစာတိုးတောင်းမယ် ဆိုရင် ဘယ်လောက်တိုးစေချင်လဲ မိမိ လုပ်ကိုင်နိင်စွမ်းရော တိုးတက်လာပါသလား ဘာတွေပိုမိုတာဝန်ယူနိင်မလဲ ဒါတွေ ကို အခြေခံပီး လစာကိစ္စညိနိုင်း
့ပါမယ် ၁၃၀၀၀၀ ရတဲ့ သူဟာ ၂၅၀၀၀၀ ရလိုတယ်ဆိုရင် သူလုပ်ကိုင်မှု နယ်ပယ် မြင့်ရပါမယ် အရည်အချင်းတွေ မြင့်တင်ရပါမယ် တာဝန်ယူ စဉ်စားတွေးခေါ်လုပ်ကိုင်ရပါမယ် ကျနော်ကျမတော့ ဒီတာဝန်ကို သေချာပေါက်လုပ်ဆောင်နိင်ပီ ဆိုရင် ကျနော် အနေနဲ့ သူတောင်းဆိုတဲ့ လစာ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ နူန်းထားကို ညိနိုင်းပေးဖို့ အဆင်သင့်ပါပဲ လူ ၂ ယောက်လုပ်ရမယ့်အလုပ်တာဝန်မှာ ၁ယောက်ထဲလုပ်နေရတဲ့အခြေနေဆိုရင် ကျနော်ပေးရမယ့် လစာတိုးပေးဖို့ တာဝန်ရှိပါတယ် ကျနော် ဝန်ထမ်းအသစ်ခေါ်မယ့်အစားမိမိဝန်ထမ်းကို လစာတိုးပေးရတာပိုသဘောကျပါတယ်
တကယ်တော့ အခုကျနော့လုပ်ငန်းမှာ ကျနော်အနေနဲ့ အခုပေးနေတဲ့ ကော်မရှင်ကလည်းမနည်းပါဘူး အခြေခံလစာ ၁၃၀၀၀၀ ရသူဟာ တလမှာ တသိန်းကျော်ကျော်ထိ ကော်မရှင်ရပါတယ် စုစုပေါင်း ၂ သိန်း ကျော်ကျော်ပေါ့ နောက် အခြားခံစားခွင့် ဆေးကုသစရိတ် ကျမ်းမာရေးအာမခံ ရုံးကလွတ်တဲ့ Traning သင်တန်းတွေ ရုံးကမပေးတဲ့ သင်တန်း မိမိ Study လုပ်ချင်တဲ့ ပညာရေး နဲ့ ပတ်သတ်တာတောင် ကျနော် ၂၀% ထောက်ပံ့ ဖို့ကြေငြာထားပါတယ် နှစ်ကုန်ရင်လဲတစ်လစာ လစာငွေ Bonus ပေးပါတယ် အများနဲ့ မတူတဲ့ Trip Party တွေလဲ ရှိပါတယ် အခုလာမယ့် Trip ဆို ရင် ၄၅ သိန်းလောက်ကုန်မှာပါ တကယ်တော့ ခရီးစဉ်အတွက် တလခြင်းထုတ်ထားတဲ့ ၁၅% ထဲက ဗားဂျက် ငွေကမလောက်ပါဘူး နောက် ယူနီဖောင်းတွေ အင်တာနက်သုံးစွဲခွင့်တွေ Delivery Operator တွေဆို ဖုန်းငွေဖြည့်ကတ်တွေ လူမူဖူလုံရေးအစီမံတွေ များစွာပါဝင်ပါတယ် မိန်းကလေးတွေ အဆောင်ဌားဖို့ စိုက်ထုတ်ပေးတာတွေ အခြေနေအရ ယောက်ျားလေးတွေ နေထိုင်သက်သာဖို့ စီစဉ်ပေးထားပါတယ်
ကျနော်တို့ Company မှာ အလုပ်ချိန် ၈နာရီ ရှိပါတယ်
၈နာရီကျော်ဆင်းပေးတဲ့သူတွေ Overtime ရပါတယ်တကယ်တော့ ၈နာရီပြည့် Non stop မလုပ်ရပါဘူး အေးဆေးသက်သာစွာ နဲ့ အဲကွန်းနဲ့ အလုပ်လုပ်ရုံပါ Delivery ပို့တဲ့ ကားမှာတောင် အဲကွန်းပါပါသေးတယ် တကယ်တော့ အချို့အလုပ်တော်တော်များများနဲ့ ယှဉ်ရင် ကျနော် ဝန်ထမ်းတွေ အခြေနေကောင်းပါတယ် ဈေးများများရောင်းရလေ ကော်မရှင် များလေဆိုတဲ့ အခြေနေပါ
ဒါတောင်မှ ဟိုတရက်ကတော့ ကျနော် ရုံးစဖွင့်ကတည်းက လက်တွဲ လာတဲ့ ဝန်ထမ်းတဦးဟာ နူတ်ထွက်သွားပါတယ် Personal Feeling ကြောင့်ပါ ဒီတော့ ကျနော် လုပ်ငန်းကို အများကြီး ပြန်သုံးသပ်ရပါတယ် အောက်ခြေ မှာရော အပေါ်ရော အပြန်အလှန် ဆက်သွယ်မှု တဦးနဲ့ တဦးကြား အုပ်စုဖွဲ့မှု စတာတွေ အပြင် Personal Feeling တွေ မြင့်တက်လာပါနေပါတယ် Teamwork ပျက်နေပါတယ် စကားလုံးတွေ ပြစ်ပေါက်မှုတွေဟာ ဆိုရင်ကျနော်တောင်မနည်းရှောင်ရပါတယ်
ဒီတော့ ကျနော် ပီးခဲ့တဲ့ ၂ ရက်ကတော့ ကျနာ် စာတစောင် ထုတ်လိုက်ပါတယ် ကျနော် ပေးသလို သူတို့ဆီက ပြန်မရတဲ့ ခံစားချက်တချို့ ကိုရေးထားသော ထုတ်ပြန်ချက်တခုပါ
ဒီလိုကိစ္စတွေ ဖြစ်တာ ကျနော့်စီမံခန့်ခွဲ မှု ညံ့ဖျင်းတာ ဖြစ်နိင်ပါတယ် ကျနော် ဝန်ခံပါတယ် ကျနော် ၂၀၁၄ အချိန်ထိ ကျနော်ဟာ သာမာန်ဝန်ထမ်းပါ Management တို့ Leadership - Marketing - HR - Account ပိုင်းတွေ Real Office ပရိုစီဂျာတွေ နားမလည်ပါ ဒါဟာ ၂၀၁၄ တုန်းကပါ အခု ၂၀၁၇ မှာကျနော် တော်တော်လေး သင်ယူတတ်မြောက်လာပါပီ ကျနော်ဆရာကြီး ဒေါက်တာ အောင်ထွန်းသက် ပြောတဲ့ EQ ဆိုတဲ့ နှလုံးသားနဲ့ ကျနော် ဝန်ထမ်းတွေကို ဆက်ဆံပါတယ် Boss အနေထားထက် Leader အနေထားနဲ့ စီမံပါတယ် ကျနော် သာတူညီမျှ မှုလဲဖြစ်အောင်လုပ်ပါတယ် ကျနော်
မတတ်ရင်လဲ သင်ယူပါတယ် သိအောင်လဲလုပ်ပါတယ်
သာတူညီမျှ နဲ့ပတ်သက်ပြီးပြောချင်ပါသေးတယ်
ကျနော်ရုံးမှာ ကျနော် ညီအရင်းရှိပါတယ် ယခင်သင်္ဘောလုပ်ငန်းမှာ တလကို ဒေါ်လာ ၅၀၀ ရနေတဲ့ လုပ်ငန်းကနေ ထွက်ပီး ကျနော်ဆီ လာလုပ်ပါတယ် ကျနော်မခေါ်ပါ လာလုပ်ချင်လုပ်ပဲ ပြောတာပါ ကျနော်သွေးအရင်းကို ကျနော်ပေးတဲ့ ရာထူးက တောက်တိုမယ်ရ ပါ လစာလည်းနည်းပါတယ် ကျနော် ညီအရင်းဆိုပေမယ့် ကျနော် အရည်ချင်းမရှိရင် ရာထူးမပေးပါဘူး လက်ရှိ ရုံးမှာ ရှိနေတဲ့ ရာထူးအမြင့််တွေဟာ သွေးသား တယောက်မှမပါပါဘူး သူနဲ့တန်တဲ့ နေရာကိုသာ ရတာပါ တခါတလေမှာတော့ စိတ်မချ ခြင်းတွေ
ကြောင့် လိုသလို Train ပါတယ် ဒါကလဲ ကျနော်ညီ တိုးတက်စေဖို့ သင်တန်းတွေ ပေးတက်စေသလို အခြားလူတွေလဲကိုလဲ သက်ဆိုင်ရာ သင်တန်းတွေ ပေးတတ်စေတာပါပဲ သူ့ညီမို့ ကိုယ်ကအမျိုးမဟုတ်လို့ဆိုပီးမရှိပါဘူး တပြေးညီပါပဲ နောက် ကျနော် ဘယ်ဝန်ထမ်းကိုမှ မချန်ထားပါဘူး
ဝန်ထမ်းတွေစွမ်းရည်မြင့်တက်အောင် အမြဲစဉ်စားပါတယ် တာဝန်ပေးတာတောင် သက်ဆိုင်တဲ့ ဝန်ထမ်းကို ခေါ်ယူပီး ဘယ်နေရာလုပ်ချင်ပါသလဲဆိုပီး မေးပါတယ် နောက် အဲနေရာဆိုရင်တော့ ဘာ Skill တွေလိုတယ် သင်တန်းတက်ခိုင်းတာဖြစ်ဖြစ် ကိုယ်တိုင်လဲ သင်ဖြစ်ပါတယ် အခုဆို ရုံးမှာစာကြည့်တိုက်ရှိပါတယ် မဖတ်ပါဘူး မသိပါဘူးတချို့က ရုံးကချမှတ်ထားတဲ့ VISION နဲ့ MISSION မသိပါဘူး Handbook စာအုပ်ထဲမှာပဲထားပါတယ် တကယ်တော့ အရည်အချင်းမရှိပဲ နေရာတနေရာကိုတော့ ဖန်တီးပေးဖို့ဆိုတာခက်ပါတယ် ဒီတော့ ကျနော် ဝန်ထမ်းတွေ အရည်းချင်းတိုးတက်လာအောင်ဟကျနော် ကြိုးစားပါတယ် သိတဲ့အတိုင်းပါပဲ လူတယောက်ဟာ အလုပ်တခုမှာပဲ အာရုံထားလို့ရပါတယ်
ကျနော် တချို့ ဝန်ထမ်းတွေ ကို လုံးဝအားမရပါဘူး ပုံမှန်လေးလုပ်ခိုင်းတာကိုပဲ လုပ်နေတယ်ခံစားရတယ်(တာဝန်ကျေ ) ကျနော်ခံစားရတာအဆိုးဆုံးကတော့ အချင်းချင်းရော မိမိကိုရော သူတို့အချင်းချင်းရော အပြန်အလှန် လေးစားမှု မရှိတာပါ ( Why ? ) ကျနော်လဲပါတယ်ဆိုတော့ ကိုယ့်ကိုကိုယ် မေးခွန်းမေးပါတယ်ကျနော် ဝန်ထမ်းတွေ နဲ့ လုံးလွန်း လို့လား သဘောကောင်းတာကြောင့်လား ဒါမှမဟုတ် အောက်ကနေ တက်လာတာ ပညာတတ်မှာ မဟုတ်ပါဘူးဆိုတဲ့ အယူဆကြောင့်လား တခါတလေ ဆုံးဖြတ်ချက်တွေ မတည်မငြိမ်တာတွေမို့ ဖြစ်တာလား ဒါတွေ မေးမိပါတယ် တခုခု
ကြောင့်ဖြစ်နိင်ပါတယ်
ကျနော် ကိစ္စတော်တော်များများကို သိပေမယ့် မသိသလိုဟန်ဆောင် နူတ်ဆိတ်ပါတယ် ကျနော်ဟာဦးဆောင်သူလေ ဒါတွေ ကိုသီးခံရမယ် ( ဒါပေမယ့် တခါတလေ ခါးသီးတယ် ) သေချာတွေးတော့ ဒါတွေဟာ ဝန်ထမ်းသဘာဝမဟုတ် ဘူးလားဗျာ ကျနော်နားလည်ရပါမယ် အပြောအဆို စကားတခွန်းကအစ ဂရုစိုက်ရပါမယ် တခါတလေကိုယ်က သဘောရိုးစိတ်လွတ်ကိုယ်လွတ်ပြောတာတွေ ပြင်ဆင်ရမှာပါ့ တကယ်တော့ဗျာ လူတွေအကုန်လုံးဟာမိမိ မကောင်းပြောခရရင် ဘယ်သူမှ မကြိုက်ဘူးလေ သူရော ကိုယ်ရောပေါ့
တကယ်တော့ အဆိုးစွန်ဆုံးဗျာ မိမိ အလုပ်ရှင်ကို ကာရိုက်တာကြောင့် မလေးစားရင်တောင် မိမိအလုပ်ကိုလေးစားရပါမယ် ကြိုးစားရပါမယ် Leader Order ကိုစောင့်နေတာထက် လုပ်သင့်တာကို လုပ်ရပါမယ် လုပ်သင့်တာလုပ်လို့ ကျနော် ပြောမတဲ့လား ဗျာ လုပ်ချင်တာကြတော့ Order တောင် မစောင့်ဘူးလေ ဟိုလက ထွက်သွားတဲ့ ဝန်ထမ်းတယောက်ဆို ကျနော် ၃ ကြိမ်လောက် ချော့ပီး ခေါ်ပါတယ် ကျနော်ပေးထားဘူးတဲ့ အခွင့်ရေး ၃နှစ်ကြာ ရင်းနှီးမှု ကိုမှ မထောက် လှည့်မကြည့််ဘူးထွက်သွားတာပါပဲ သူပြန်ပြောတာကတော့ Teamwork ကိုမသိဘူးတဲ့ လေ ကဲကျနော်ဘာပြောစရာ ကျန်သေးလဲ ထွက်ပေါ့
တကယ်တော့ ကျနော်ဟာ အလုပ်ရှင်ပါ ကျနော်အလုပ်
မှာလူခေါ်မယ်ဆိုရင် အလုပ်ချင်သူ အပုံပင်ပါ ကျနော်စိတ်ကြိုက် ပညာအရည်အချင်း ကျနော်ပေးထားတဲ့ ခံစားခွင့် ပြပီးစိတ်တိုင်းကျရွေးလို့ ရပါတယ် တခြား လူသစ်တွေမို့ ဒေါင်ဒေါင်မြည် အရည်ချင်းသစ်တွေလဲ ရနိင်ပါတယ် အစပိုင်းမို့ ခက်ခဲပေမယ့် အချိန် ၁လလောက်ဆို သုံးလို့ရပါပီ အခြေခံလစာ နဲ့ ကော်မရှင် ၂ သိန်းကျော်ရပီး အခွင့်လမ်းတွေလဲ ရှိ
သင်တန်းတွေလဲ ပေးတက် အောင်မြင်မှုအလားလာရှိနေတဲ့ လုပ်ငန်းမှာ လူခေါ်ရတာသိပ်လွယ်ပါတယ် ဘယ်အလုပ်ရှင်မှ ဝန်ထမ်းထွက်သွားလို့ ဘဝမပျက်ပါ အေးဆေးပါပဲ ဒီလိုပဲတွေးတာပါ တကယ်တမ်း ခံစားရတာက ဝန်ထမ်းဘက်ကပါ
ဝန်ထမ်းတယောက်ဟာ ပုံမှန်လုပ်နေကျအလုပ်တခုကနေ
ရုတ်တရက်ထွက်သွားရင် ပထမဆုံး ဝင်ငွေ ပြသနာ နောက် အလုပ်တွေ လိုက်လျှောက်ရ စိတ်ဓါတ်တွေလည်းကျ ပုံမှန်လုပ်နေကျကနေ ထွက်ရတာကိုး အင်တာဗျုးတွေသွားရ အံဝင်ခွင်ကျ မဟုတ်လို့ အလုပ်မခန့်ရင် စိတ်ဓါတ်ကျရ ဒီလိုခံစားချက်တွေ ကိုအလုပ်ပြုတ်ဖူးသူတွေ အလုပ်တခုကနေ Change လုပ်တဲ့အခါမှာ ခံစားဖူးကြမှာပါ ကျနော်လဲခံစားဖူးပါတယ် ကံကောင်းပီး အလုပ်သစ်ရရင်လည်း ပတ်ဝန်းကျင် အသစ်မှာ အထာကျအောင် လုပ်ရပါတယ် အဆင်ပြေပါ့မလား မပြေဘူးလားစတာတွေပါ ဒါကြောင်မို့ အလုပ်ထွက်ရင်တောင် လက်ရှိလုပ်ငန်းဆက်ဆံရေးကို မပျက်စေပဲအခြေနေကောင်းတခုကို လက်ဆွဲ နူတ်ဆက်ပြီးထွက်စေချင်တာပါ
ကျနော် ရင်ထဲမှာရှိတာပြောရရင် အခုလုပ်ငန်း ဆိုတာကျနော့လက်တဖက်ထဲ နဲ့ တည်ဆောက်တာဖြစ်ပီး နောက်လက်တဖက်ကတော့ အခုလုပ်ပေးနေတဲ့ဝန်ထမ်းတွေနဲ့ တည်ဆောက်တာပါ ကျနော် ကျေးဇူးတင်ရမယ့်သူတွေပါ
ကျနော်ဟာ ဘဝမှာ အလုပ်တွေ စုံအောင်လုပ်ဖူးသလို သူများလက်အောက်မှာလဲ အနိမ့်ဆုံးရာထူးနဲ့ လုပ်ဖူးပါတယ် နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်ဆို ၃ နှစ်ပဲလုပ်မယ် စိတ်ကူးပေမယ့် Leader ကသိပ်ကို သဘောထားပြည်တော့ နောက်ထပ်၂နှစ် စုစုပေါင်း ၅ နှစ်လုပ်ခဲ့ပါတယ် ထွက်တာတောင်မှ
တရုံးလုံး ဒံပေါက်ကျွေးပြီး ထွက်ခဲ့တာပါ လုပ်သက် ၅ နှစ်မှာ သင်ယူခဲ့ အသိညဏ် တွေ နဲ့ ကူညီ ခဲ့တာတွေ သံယောဇဉ်
တွေ ရှိခဲ့ပါတယ် အခုချိန်ထိလဲ ထိုလုပ်ငန်းကို ကျေးဇူးတင်လျှက်ပါ ဆရာသမားကို လဲ ဆရာ့မွေးနေ့ ရောက်တိုင်း ဂါရဝ ပြု လျှက်ပါပဲ ဒီနေရာမှာ CEO ဖြစ်နေပေမယ့် အရင်အလုပ်ကဆရာက လိုလို့ ခေါ်ရင် ကျနော် ရာထူးဘေးချ ထာဝရ တပည့်ပါပဲ
တကယ်တော့ ကျနော် လဲ လုပ်သက် ၅ နှစ်မှာ တုန်းက ဝန်ထမ်းစိတ် နဲ့ လုပ်ခဲ့တာပါပဲ လုပ်ငန်းရှင်စိတ် နဲ့ မတွေးတောပေးခဲ့ မိပါဘူး ပြသနာတွေ ရပိုင်ခွင့်တွေ ဦးစားပေးမှုတွေ မပေးမူတွေ လုပ်ခွင့်မရတာတွေပေါ့ မိမိကိုယ်တိုင်လုပ်ငန်းရှင်
်ဖြစ်လာတော့ တွေးမိလာတယ် သြော် ဒီအခြေနေက ဒါကြောင့် ဆိုတာသိလာတယ်
အလုပ်ရှင်တယောက်ဟာဆိုရင်
ဝန်ထမ်းတယောက် ကို ၁၃၀၀၀၀ ထားပါ ၁၀ ယောက်ဆိုရင် ၁၃သိန်း ဘာညာဌားခညာခ ကုန်ကျစရိတ် တွက်ဦး တလကို သိန်း ၄၀ လောက် ကုန်ကျစရိတ်ရှိတယ် ဒီတလ မှာအမြတ်ဝင်ငွေ သိန်း ၄၀ တောင်မရရင် ဒီလုပ်ငန်းအတွက်ရင်လေးစရာပါပဲ နောက် မှီခိုနေတဲ့ အလုပ်သမား တွေ သူတို့ မိသားစုတွေ ပျော်ရွင်မှုတွေ အတွက်လဲ အလုပ်ရှင်ဟာ ရင်လေးရပြီး စဉ်ဆက်မပြတ်တွေးတောရပါတယ် ဒါတွေစိတ်ပူရပါတယ်
အလုပ်ရှင်ဆိုတာ ဝန်ထမ်းများစွာကို အုပ်ချုပ်တာပါ သူတို့က ဝန်ထမ်းတွေပေါ် ထားတဲ့ အမြင်ဟာ တပြေးညီပါပဲ တော်တဲ့ ဝန်ထမ်းကို ချီးကျုးတာ ဝန်ထမ်းက ဖားတာမဟုတ်သလို အလုပ်ရှင်က အလေးပေးတာ မဟုတ်ပါဘူး
နောက်ဒီ ဝန်ထမ်းကို ချုပ် တာလဲ မဟုတ်ပါဘူး
အဖွဲ့စည်းတခုမှာ Leader တွေဟာ တယောက်ချင်းပါစင်နယ် ခံစားချက်တွေကို လိုက်လံဖြည့်စည်းရတာမဟုတ်ပဲ အားလုံးခြုံပြီး လိုအပ်ချက်ကို လုပ်ရတာဖြစ်ပါတယ်
တခါတလေ စိတ်အလိုမကျလို့ ဆူမိ အော်မိရင် ညိုးထားတယ်ဆိုတာ မျိုး မတွေးပါနဲ့ သူမှာ အခြားအခက်ခဲ တွေ ရှိနေတတ်ပါတယ် စိုးရိမ်ပူပန် ရတဲ့စိတ်တွေဟာ ခေါင်းဆောင် တွေ အလုပ်ရှင်တွေတိုင်းမှာ ရှိတတ်ပါတယ် အလုပ်ရှင်တွေ ဟာ သင်တို့လောက် မတတ်ပါဘူး ဟုတ်ပါတယ် အားကိုးချင်လို့ လစာငွေ နဲ့ အလုပ်ခန့်တာပါ တခါတလေ သူဖြစ်စေချင်တဲ့ ပုံစံ အတိုင်း Order ပေးတာဟာ နောက် ထပ်ဆက်စပ်တဲ့ လုပ်ငန်းတခု အကြောင်း တစုံတရာ ရှိပါလိမ့်မယ် အ
ကြောင်းတိုင်း အရာတိုင်းကို သင်တို့ ကို မတိုင်ပင်ပါဘူး သက်ဆိုင်ရာလူကို ပဲသက်ဆိုင်တဲ့ အကြောင်းအရာတိုင်ပင်တာပါ ဘေးချန်ထားတာမဟုတ်ဘူး
အလုပ်ရှင်က တာဝန်တခုပေးတာ ပါ အာဏာတခုမဟုတ်ပါဘူး လုပ်ပိုင်ခွင့် ဆိုတာ စဉ်စားဆုံးဖြတ် စေတာပါ သူမသိလို့ ထက် ဝန်ထမ်းကို ပိုမိုနားလည်စေချင်လို့ ဖြစ်နိင်သလို အားကိုးတာမို့ မိမိက အကောင်းဆုံး လုပ်ပိုင်ခွင့်ကို အသုံးချစေချင်တာလဲ ဖြစ်မှာပါ
လုပ်ငန်းရှင်တယောက်ဟာ အပေါ်ဆုံးမှာ နေရင်း နေရင်း အထီးကျန်လာတတ်ပါတယ် တခါတလေ အကြောင်းတစုံတရာကို ရင်ဖွင့်မိရင် တသတ်မှတ်ထဲ မမှတ်ယူပါနဲ့ ဒီပေါ်မှာလဲ အခွင့် ရေးမယူပါနဲ့ အထင်လဲ မသေးပါနဲ့ မိမိ ထက်သာလို့ သူဟာလုပ်ငန်းရှင်ဖြစ်နေတာပါ
တခါလေ အောက်ခြေ ဝန်ထမ်းတွေ အပေါ်ဝန်ထမ်းတွေ နဲ့ ပြောဆို ရယ်မောနေတာဟာ အထင်သေးအောင်ပြုမှုနေထိုင်တာမဟုတ် သူ့ဝန်ထမ်းတွေကို အားပေးနေတာပါ တသားတည်းနေတာပါ
တခါတလေ ဒါရရင် ဆိုပီး ငွေစကားပြောတာဟာ သင့်ကြိုးစားမှုကို အားပေးချီးမြောက်တာပါ ငွေစကားပြောတာမဟုတ်ပါ တခါတလေဝန်ထမ်းဘက်က အလုပ်ရှင်အတွက် သေချာစဉ်စားပြီး လုပ်ပေးသော်လည်း အလုပ်ရှင် က သတိမမှု အလေးမထား ဖြစ်လာရင် စေတနာ စော်ကားတာမဟုတ်ပါ သူတကယ်ကိုသေချာမသိတာ စိတ်ကျေနပ်မှုမရှိသေးတာဖြစ်နိင်ပါတယ်
အလုပ်ရှင်တွေက ကတိတွေ စကားတွေပြောပီး ဖြစ်မလာရင် အာပလာလို့ မတွေးပါနဲ့ သူဟာမေ့နေတာဖြစ်နိင်ပြီး လုပ်ပေးဖို့လုပ်နိင်ဖို့ အချိန်မရသေးတာဖြစ်နိင်ပါတယ် တခါတလေ အခက်ခဲ တခုကြောင့် လဲ ဖြစ်နိင်တယ်
အလုပ်ရှင်ကစကားတချက်မှားတာဖြစ်ဖြစ် သူပြောပီးသားကိုမေ့တာဖြစ်ဖြစ်ရှိနိင်ပါတယ် ဒါကိုနင်းပီး ပြောထားလို့လေဆိုပီး အနိင်မယူပါနဲ့ ဖြစ်သင့် ဖြစ်ထိုက်တာကိုသာလုပ်ပါ
ဒါဆိုအလုပ်ရှင်စိတ်ကြိုက်ပေါ့လို့ဆိုရင် မှန်ပါတယ် သူကလစာပေးနေတဲ့ လတ်တလောမိမိ ကို အလုပ်ပေးနေသူမို့ပါ
အလုပ်ရှင်ဟာ သူမိတ်ဆွေ အပေါင်းသင်း တွေနဲ့ လူသဘာဝအရ ပျော်မနာဆိုမနာေ တွလုပ်တဲ့အခါမဝေဖန်ပါနဲ့ မကဲ့ရဲ့ပါနဲ့ သူဟာလဲ လူသားတယောက်ပါပဲ
သူကတော့ စည်းကမ်းထုတ်တယ် သူကျတော့ စည်းကမ်းမလိုက်နာဘူး အဲလိုတွေ ရှိတတ်ပါတယ် ဒါဟာ သူ့အမှုကျင့်ကဖြစ်စေ အကြောင်းတခုဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ဝန်ထမ်းစည်းကမ်းပါ အလုပ်ရှင်စည်းကမ်း မဟုတ်ပါ
အလုပ်ရှင်က အလုပ်နောက်ကျလို့ ငါလဲနောက်ကျမယ်ဆိုတာ လုံးဝမဖြစ်ပါဘူး အလုပ်ရှင်မှာ အခြားအရေးကိစ္စ နဲ့
အခြားအလုပ်တခုကို လုပ်နေတာဖြစ်မှာပါ
အလုပ်ရှင်တွေဟာ တခါတလေ မိမိလုပ်ကိုင်ပေးတာကို သဘောကျပေမယ့် မချီးကျူးပေမယ့် စိတ်ထဲကနေ အသိမှတ်ပြုပါလိမ့်မယ်
အလုပ်ရှင်တွေလိုအပ်တဲ့ဝန်ထမ်းဆိုတာ
အလုပ်ရှင်ကဲ့သို့ ခံစားနားလည်ပြီး မိမိလုပ်ငန်းကို တိုးတက်အောင်ကူညီပေးသူ အထက်အောက်အပြန်အလှန်လေးစားမှုရှိသူ အဖွဲ့စည်းတွင်းမှာ သာတူညီမျှ နေထိုင်တတ်သူ ပေးအပ်ထားသော တာဝန်ထက်ပိုမို လုပ်နိင်တဲ့သူ ကိုလိုချင်ကြပါတယ် အရည်ချင်းမရှိတောင်မှ စိတ်သဘောထားကောင်းပြီး သင်ယူတတ်တဲ့သူကိုလိုပါတယ် နာခံတတ်တဲ့သူလဲကိုလဲလိုပါတယ် စိတ်သဘောထားကောင်းရင် လိုအပ်တဲ့ အရည်ချင်းကို သင်ပေးနိင်ပါတယ်
သိထားရမယ့်အရာလေးတွေ
မိမိပေးအပ်ထားသောတာဝန် မိမိတို့လုပ်ငန်း အခြေနေကို အစုံစုံ သိအောင်လုပ်ပါ လုပ်ငန်း Vision - Mission ကိုတောင်မသိပဲ သင့်ကိုလစာတိုးပေး ဖို့ဆိုတာဟာ စဉ်းစားစရာပါပဲ
ဒီလုပ်ငန်းမှာ သင်လေ့လာရမှာက အလုပ်ရှင်အကြောင်း အခြားဝန်ထမ်းတွေအကြောင်းမဟုတ်ပါမိမိတာဝန်ယူထားသော အလုပ်ရယ် ဆက်စပ်နေတဲ့ လုပ်ငန်သဘောသဘာဝတွေဖြစ်ပါတယ်
အလုပ်ရှင်ကို ကျေးဇူးတင်လွန်းတယ်ဆိုရင် အလုပ်ခွင် ကုန်ကျစရိတ်သက်သာအောင် အမြတ်ငွေ များများ ရနိင်တဲ့ အခြေနေကို အလုပ်ရှင်ကိုယ်စား တွေးတောလုပ်ကိုင်ပေးပါလိုက်ပါ
များသောအားဖြင့် ဝန်ထမ်းတွေဟာ ဝန်ထမ်းလိုပဲပြုမှုပြောဆိုနေထိုင်တယ်အလုပ်ရှင်ဘက်ကနေ စတင်စဉ်းစား လာပီဆိုရင်အောင်မြင်ဖို့ အခွင့်ရေးပေါ်လာပါလိမ့်မယ်
လောလောဆယ် သင့်အလုပ်ရှင်ဟာ စိတ်မလေအောင် တင့်တောင်တင့်တယ်ဖြစ်အောင် အလုပ်တခုပေးထားတာနဲ့ တင်ကျေးဇူး တင်သင့်ပါတယ် အလုပ်မရှိလို့ စိတ်လေနေသူတွေ အပုံပင်ပါပဲ အလုပ်မရှိတဲ့ အချိန် ၁လ လေးပဲနေကြည့်ပါ
သိရပါလိမ့်မယ်
အခုလက်ရှိလုပ်နေတဲ့ မိမိအလုပ်ကိုတန်ဖိုးထားပါ တခါတလေ နောင်တဆိုတာ နောင်မှရပါတယ် အဲလိုနောင်တမရချင်ရင်မိမိ အလုပ်မှာနေပီး အခြေနေတခုကိုရောက်အောင် ကြိုးစားပါ နေရာတနေရအောင်လုပ်ပါ ကျနော့တို့အလုပ်ကိုလဲ အကျိုးပြုပေးပါ
ကျနော်ထက်ပိုသာတဲ့ လစာလဲကောင်းတဲ့ လုပ်ငန်းတခုရှိရင် Change ပါ မိမိဘဝအတွက် လုပ်သင့်တာကိုလုပ်ရမှာပါ
နောက် ကျနော့်ဆီကနေ အထောက်ပံ့တွေယူသွားပါ နောက် အလုပ်မှာ လစာများများနဲ့ ပျော်ရွင်စေချင်ပါတယ် ကျနော်တို့ အလုပ်ကိုလဲ အားရင်ဝင်လည်ပါ ထာဝရ မိတ်ဆွေ ဖြစ်ချင်ပါတယ်
စာတွေလည်းရှည်ပီမို့နိဂုံးချုပ်ပါတယ်
ဝန်ထမ်းတွေဘက်ကလဲ ပြောစရာရှိမှာပါ
Thiha Paing
Via Myanmar Group
အစဆုံးဖတ်ပေးကျေးဇူးပါ
No comments:
Post a Comment