VR AR MR Technology

VR AR MR ဆိုတာ နောင်ပြောင်းလဲလာမယ့် နည်းပညာမျိုးဆက်တစ်ခုဖြစ်ပါတယ်။ လူတိုင်းနီးပါး လက်ထဲကိုရောက်ရှိပြီး အသုံးပြုလာကြမယ့် နည်းပညာ ဆိုတာထက် လူ့အဖွဲအစည်းရဲ့လုပ်ဆောင်နေမှုတွေကို ပါပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ခုထိ VR AR MR ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘာကွာခြားလဲ ဆိုတာ တိတိကျကျ မသိကျပါဘူး။ အဲ့ဒါကြောင့် VR AR MR ဆိုတာဘယ်လိုမျိုးလဲဆိုတာကို ကျွန်တော်နားလည်သလောက် အလွယ် ရှင်းပြပေးပါမယ်။

Virtual Reality (VR)


Virtual Reality ဆိုတာ ကျွန်တော်တို့  အမှန်တည်ရှိနေတဲ့  Real world ကနေ Immersive World လို့ခေါ်တဲ့ 3 Dimensional – 360 degree world ကို   အနီးစပ်ဆုံးအစစ်နဲ့တူအောင် ရောက်သလိုခံစားရစေမှာပါ။ အဲ့လိုရောက်ရှိဖို့အတွက် ကျွန်တော်တို့မှာ VR Headset တစ်ခု သို့ဟုတ် VR ကြည့်လို့ရတဲ့ Smart Phone စသည်ဖြင့် Medium တစ်ခုလိုအပ်ပါတယ်။ ထို Headsets များမှတဆင့် ကျွန်တော်တို့  Immersive World ကိုမြင်တွေ့ခံစားရစေမှာဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့တကယ်ရှိနေတာ  အိမ်ကအခန်းထဲမှာဖြစ်ရင်ဖြစ်နေမယ် ဒါပေမယ့် VR နဲ့  Headsets တပ်ဆင်ပြီး ကျွန်တော်တို့  ရေအောက်ကမ္ဘာ ထဲကိုလှည့်ပတ် ကြည့်ရှုခံစားလို့ရပါတယ်။ တဆင့် Interactive လည်းလုပ်လို့ရနိုင်ပါတယ်။ အလွယ်ပြောရရင် Virtual Reality(VR) ဆိုတာ Headsets အသုံးပြုပြီး ကျွန်တော်တို့ကို လက်ရှိတည်ရှိနေတဲ့ ပတ်ဝန်းကျင်(Real Environment) ကနေ ကွန်ပြူတာနဲ့ဖန်တီးပြုလုပ်ထားတဲ့ ပတ်ဝန်းကျင်ကို(Computer Generated Environment) မြင်တွေ့ခံစားရအောင်ပြုလုပ်ပေးတာဖြစ်ပါတယ်။

နည်းပညာအရ ကျွန်တော်တို့ ရုပ်ရှင်တွေမှာပါတဲ့ Stereoscopic နည်းပညာနဲ့ 360 Panorama နည်းပညာတွေက VR ရဲ့အခြေခံလို့ပြောလို့ရပါတယ်။ Facebook ကမကြာခင်ကမှ 360 Images နဲ့ 360 Videos တွေကို လူတွေနဲ့နီးစပ်အောင် လုပ်ပေးခဲ့ပါတယ်။

VR နည်းပညာကို ကျွန်တော်တို့ ဘယ်မှာသုံးသလဲ။ နယ်ပယ်အစုံမှာ သုံးပါတယ်။ Education, Engineering, Video Game, Cinema, Entertainment, Military training, Space training, Fine Arts စသဖြင့် နယ်ပယ်အစုံမှာ အသုံးချပါတယ်။

VR Headsets တွေအနေနဲ့ HTV VIVE, Oculus Rift, Sony PlayStation VR အစရှိတာတွေဟာ Interactive ပါလုပ်လို့ရတဲ့ controller တွေပါ ပါရှိပါတယ်။ Google Cardboard, Samsaung Gear VR စတာတွေဟာ Smartphone များအသုံးပြုပြီး ကြည့်ရှု့လို့ရနိုင်တဲ့ Headsets များဖြစ်ပါတယ်။

သိပ်မကြာခင်မှာ VR Platform ဟာ Smartphones များကဲ့သို့ လူတိုင်းလက်ထဲကိုရောက်ရှိလာတော့မယ့် နည်းပညာမျိုးဆက်သစ်တစ်ခုဖြစ်ပါတယ်။

Augmented Reality (AR)

 
Augmented Reality က ကျွန်တော်တို့ တည်ရှိနေတဲ့ Real World ထဲကို Virtual Object ကို ထပ်ပေါင်းပြီး ဖေါ်ပြပေးတာဖြစ်ပါတယ်။ VR မှာက ကျွန်တော်တို့ က Virtual world ထဲကို ရောက်သွားတယ်။ Interactive  လုပ်လို့ရတယ်။ AR မှာက ကျွန်တော်တို့   Real World ထဲကို Virtual Object ရောက်လာတယ် အဲ့လိုပုံစံမျိုးပါ။ AR ကို ခံစားဖို့အတွက် ကျွန်တော်တို့မှာ Smartphones တစ်ခု သို့မဟုတ် Smart Glasses တစ်ခုလိုပါတယ်။  VR Headsets တွေနဲ့ မရနိုင်ပါဘူး။ ဥပမာ ကျွန်တော်တို့က အပြင်က အခန်းအလွတ်တစ်ခုထဲမှာ ရှိနေမယ် AR နည်းပညာသုံးပြီး Smartphone မှတဆင့် ကျွန်တော်တို့က screen ထဲမှာ အကောင်လေးတွေပြေးနေတာတွေ၊ အခြားအရာတွေ ရှိနေတာတွေကို စသည်တို့ကို Virtual Object အဖြစ်မြင်တွေ့နိုင်ပါတယ်။

ကျွန်တော် AR နည်းပညာကို စပြီးမြင်ဘူးတာက ၂၀၁၃ လောက် Sony Smartphone တွေရဲ့ Camera မှာ AR Effect ဆိုတာလေးကနေစပြီးတော့ တွေ့ဘူးတာပါ။ နောက်ပိုင်း AR နည်းပညာ အသုံးပြုထားတဲ့ Game တွေ Application တွေအများကြီး ပေါ်လာပါပြီ။ ဟိုတလောက အရမ်းခေတ်စားသွားတဲ့ Poke’mon Go ဂိမ်းမှာဆိုလည်း AR နည်းပညာကို အခြေခံပြီး လူတွေစိတ်ဝင်စားမှု့ကို ဆွဲခေါ်သွားနိုင်ပါတယ်။ အခုနောက်ဆုံး Facebook update မှာ AR ကိုကြားခံ Application မလိုပဲ လူတွေ စမ်းသပ်နိုင်အောင် Camera Function တစ်ခုထည့်သွင်းလိုက်ပါတယ်။ ဒါဟာ Facebook ရဲ့ လူတွေနဲ့ VR,AR နဲ့ရင်းနီးမှု ရအောင်အစပျိုးလိုက်တာတွေဖြစ်တယ်လို့  ကျွန်တော်ထင်ပါတယ်။

အခုဆိုရင် Smartphone ရှိတဲ့သူတိုင်း AR နည်းပညာကို စမ်းသပ်ခံစားလို့ရနိုင်ပါပြီ။

Mixed Reality (MR)


Mixed Reality ဆိုတာက Hybrid-reality လို့လည်းသုံးတယ်။တော်တော်မြင့်တဲ့နောက်ဆုံးပေါ် နည်းပညာပါ။ Real Enviroment ရယ်၊ AR နည်းပညာရယ်၊ Augmented Virtuality လိုခေါ်တဲ့ AR ရဲ့ Virtual Object နည်းပညာကို VR ရဲ့ Sensor နဲ့ Interactive လုပ်တဲ့နှစ်ခုပေါင်းနည်းပညာရယ်၊ VR ရဲ့ Immersive ရယ် အားလုံးပေါင်းစပ်ပြီးဖြစ်ပေါ်လာတဲ့ မြင့်မားတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ MR မှာ Virtual Object တွေကို Physical Object တွေနဲ့ တစ်ချိန်တည်းမှာ ကျွန်တော်တို့ ထိတွေခံစား လုပ်ဆောင်နိုင်စေမှာပါ။ ဥပမာ အနေနဲက ပြောရရင် Iron-Man ထဲက HUD နည်းပညာလိုမျိုးပါ။ အဲ့ဒါက တကယ်ဖြစ်လာနေပါပြီ။ Microsoft က Hololens ဆိုတဲ့ MR နည်းပညာသစ်ကို ချပြလိုက်ပါပြီ။ User level မထွက်သေးတော့ ကျွန်တော်လည်း အသေးစိတ် မသိသေးပါဘူး။

https://youtu.be/Ic_M6WoRZ7k

လူ့အဖွဲအစည်းရဲ့ လည်ပတ်နေတဲ့ စနစ်ပြောင်းလဲမှုတစ်ခုဖြစ်မှာတော့သေချာပါတယ်။ ကျွန်တော်ပြောနိုင်တာက တစ်ချိန်ကကျွန်တော်တို့ ရုပ်ရှင်ထဲမှာမြင်ခဲ့ပြီး မဖြစ်နိုင်ဘူးထင်ခဲ့တာတွေက အခု တကယ်ဖြစ်လာနေပါပြီ

Extended Reality (XR)

နောက်ဆုံးတစ်ခုနေနဲက လူတွေသိပ်မသိသေးတဲ့ နည်းပညာတစ်ခုနဲက ထပ်ပြီးမိတ်ဆက်ပေးချင်ပါတယ်။ Extended Reality လို့ခေါ်တဲ့ XR ပါ။ အဲ့ဒါက VR ရယ် AR ရယ် AV ရယ် ပေါင်းစပ်ထားပြီး စက်ပစည်းတွေ အာကာသယာဉ်ပျံတွေ စက်ရုပ်တွေကို Physical space ကနေ Real Time အလုပ်လုပ်ရတာပါ။ အခုမှ စမ်းသပ်ရှာဖွေနေဆဲနည်းပညာတစ်ခုလို့ထင်ပါတယ်။ ဖြစ်လာရင်တော့ ကျွန်တော်တို့ တစ်နေရာကနေ အခြားတစ်နေရာက Avator တွေကို တစ်ပြိုင်တည်း အလုပ်လုပ်လို့ရမယ်ပါတယ်။ကျွန်တော့် အမြင် သက်သက်ပါ။

Photo Credit: Google

Swuan Thura Tun
(9.4.2016)
#VR #AR #MR #Myanmar #3XVIVRProduction

No comments:

Post a Comment

ကောဇာ ၁၃၈၃ - ၂၀၂၁ ဧပြီ ၁၅ သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး Thingyan sar ( 48 Migapixel File )

၂၀၂၁ မြန်မာပြည် ရြှေ့ဖစ်ကို ကြိုပြီးဟောကိန်းမခန့်မှန်းနိင်တာမို့ Astro ကနေခန့်မှန်းထားတာတွေကို ဖော်ပြရရင် မဟာသင်္ကြန်စာ အပြင် အခြားသော S...

Perzi