💇ညီမ The Voice Weekly ကပါ။
အွန်လိုင်းစီးပွားရေး ကန့်သတ်မယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးရေးဖို့မှာ အစ်ကို့ကို အင်တာဗျူးချင်လို့ပါ
👨 ဟုတ်ရပါတယ် ကျနော်လဲ နေသိပ်မကောင်းဖြစ်နေတာမို့ အတတ်နိင်ဆုံး သေချာဖြေပေးပါ့မယ် မှားတာရှိလဲ ပြင်ပေးပါ ကျေးဇူးတင်ပါတယ် မေးလို့ရပါပြီခင်ဗျ
💇 Online Shopping ဘယ်လိုမျိုး ဥပဒေတွေ လုပ်သင့်တယ်လို့ ထင်ပါသလဲ
Online shop တွေလွတ်လပ်စွာရောင်းနိင်ဖို့ အစိုးရအနေနဲ့ ၊Online business လိုင်စင် နဲ့ Trust Listed ဆိုပြီး ထုတ်ပေးနိင်ရင်ပိုအဆင်ပြေစေမှာပါ အစိုးရအနေနဲ့ တာဝန်ခံပေးတဲ့အပိုင်းပေါ့လေ ဥပဒေ ကတော့ လက်ရှိပြဌာန်းထားတဲ့ ဥပဒေ တွေ နဲ့တင်လုံလောက်ပါတယ် ထပ်ထုတ်ဖို့မလိုဘူးထင်ပါတယ်
💇တခြားနိုင်ငံတွေမှာ Online Shopping တွေကို ဘယ်လိုမျိုး Regulate လုပ်နေပါသလဲရှင်။ တရုတ်နိုင်ငံမှာ ဘယ်လိုမျိုး Online Shop တွေကို ဘယ်လို Regulate လုပ်နေပါသလဲရှင်
တရုတ်မှာဆို Alibaba Network တွေရှိတယ်အဲကနေရောင်းတယ်ဝယ်တယ်ပေါ့နော် လူတိုင်း ရောင်းလို့ရတယ် ဒါပေမယ့် ကွာသွားတာက Credit point တွေပါ ဥပမာ အခုဝယ်တဲ့ဆိုင်က Diamond တို့ Crown တို့ 4 year တို့ရှိပါတယ် အဲတာတွေက ကာစတန်မာက ပေးတဲ့ Trust တွေပါ ၀ယ်တဲ့သူတွေက အဲဒါတွေကြည့်ပြီး ဒီဆိုင်က ယုံကြည်ရတယ်မယုံကြည်ရတယ်ဆိုပြီး ခွဲခြားကြပါတယ်
💇 စည်ပင်ကနေ လုပ်ငန်းလိုင်စင်ယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီး မေးကြည့်ရာမှာ အိမ်ခန်းမှာ ဆိုင်ခန်းမှာ ပစ္စည်းသိုလှောင်ထားလိုက်တာနဲ့ ဆိုင်းဘုတ်တပ်တပ် မတပ်တပ် လုပ်ငန်းလိုင်စင် ယူကို ယူရမယ်လို့ ဆိုပါတယ် ။ အဲ့အပေါ် အစ်ကို့ အမြင်လေး သိပါရစေ
-
💇 ပစ္စည်းသိုလှောင် ပေးတဲ့ Warehouse လုပ်ငန်းဆို လုပ်ငန်းလိုင်စင်လိုပါတယ် အသေးအဖွဲ အိမ်မှာထားတယ်ဆိုရင်လို မလားဆိုတာတော့ သူသိုလှာင်တဲ့ ပစ္စည်းပေါ် ထုထည်ပေါ်မှုတည်မှာပါ online shop အတွက် သိုလှာင်တယ် ဘယ်လောက်များများ သိုလှောင်လဲ အနည်းအကျဉ်အတွက်တပိုင်တနိင် ဆိုရင် စဉ်းစားစရာပါပဲ ဆိုင်ဖွင့်လုပ်ငန်း ရင်တော့ လိုင်စင် လုပ်ကိုလုပ်ရမှာပါ သိုလှောင်တယ်ဆိုတာက ကျတော့ ဒိဟွ ဖြစ်စေ တာပေါ့နော် ဘယ်လောက်အတိုင်းတာထိလဲ ပြန်မေးရပါမယ်
💇 မြန်မာနိုင်ငံရဲ့ Online Shopping နဲ့ ချိတ်ဆက်နေတဲ့
E- commerce က ဘယ်လို အခြေအနေရှိပြီလဲ အစ်ကို့ အမြင်ပေးပြောပြပေးပါ။
Online shop နဲ့ E commerce ကတူသလားမေးရင် တူညီပါတယ် online shop ဆိုတာတပိုင်တနိင် မိမိကိုယ်ပိုင် တည်ထောင်ထားတာပါ e commerce ဆိုတာကတော့ အဲလိုဆိုင်လေးတွေ စုပေါင်းထားတာ ပါ ဥပမာ Shop.com.mm ဆိုရင် ရောင်းလိုသူတွေ စုထားတာပါ Register လုပ်ယုံပါပဲ စုထားတဲ့ ဆိုင်တွေ မို့ E Commerce Platform လို့ခေါ်ကြတာပါ Online shop ကတော့ မိမိ ပိုင် Facebook page တို့ Webpage တို့ ဖြစ်နိင်ပါတယ် Apps တွေဆိုရင် ဆက်သွယ်ရေးမှာ Apps လိုင်စင်လိုပါသေးတယ် အခုလက်ရှိ Ecommerce တွေက Company တွေ ထောင်ထားကြပါတယ် အခုလက်ရှိထိ ကဏ္ဍ ၂ရပ်လုံးက အရှိန်မရသေးပါ Develop စဖြစ်ခါစ အခြေနေသာ ရှိပါသေးတယ်
💇Online Shop တွေအနေနဲ့ အခုမှ အားယူပြီး လုပ်နေရတဲ့ အနေအထားမှာ အခွန်တွေနဲ့ ကန့်သတ်မှုတွေ လုပ်လိုက်မယ်ဆိုရင် လက်ရှိ အရှိန်ယူစပြုနေတဲ့ Online Shop တွေ ရပ်တန့်သွားနိုင်ပါသလား
ကန့်သတ်ချက်ဆိုတာက စီးနေတဲ့ရေကို တတိုင်ခတ်လိုက်သလို ပေါ့နော် အရှိရနေတဲ့ရေ က ကန့်သန့်မှုကြောင့် အားလျော့သွားမယ် အပေါက် ဖောက်ြပီး စီးမြဲ တိုင်းစီးပါလိမ့်မယ် ကန့်သတ်မဲ့အစား ရေစစ်တပ်ပေးမယ် စီးနေတဲ့ရေမှာ ဒိုင်နမိုတပ်ပေးမယ်ဆိုရင်တော့ ရေသန့်လဲရမယ် လျှပ်စစ်လဲရပါမယ် ဒီတော့ အားယူနေတဲ့ လုပ်ငန်းကို ကန့်သတ်မလား ပိုကူမလားဆိုတာကတော့ မှုဝါဒချမှတ်သူတွေ နဲ့ဆိုင်ပါတယ်
💇 Online Shop တွေ တရားဝင်ဖြစ်ဖို့ ဘာတွေ လုပ်ဖို့ လိုပါသလဲရှင်။
👨 Online Shop သီးသန်လုပ်နိင်ဖို့ အတွက် အစိုးရက Regestration လုပ်ပေးဖို့လိုမယ် ဒါပေမယ့် တကယ်ကြီးကြီးမားမား လုပ်တဲ့ Shop တွေက ဆိုင်တွေ ရော ဂိုထောင်တွေရော ရှိနေပြီးသားပါ တရားလဲ ၀င်ပါတယ် တပိုင်တနိင်လုပ်သူတွေ သာလိုမလို ပြန်စဉ်းစားပေးရမှာ သူဟာသူ လည်ပတ်နေပြီး သားလုပ်ငန်းတွေ မို့ အလုပ်များ ပိုသွားမလား လို့ ထင်မိပါတယ်
👩 အစိုးရအနေနဲ့ ဘယ်လိုမျိုး Regulate လုပ်သင့်ပါသလဲ။ ကန့်သတ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ ဥပဒေနဲ့ စနစ်တကျ ဖွံ့ဖြိုးလာစေဖို့ ဘာတွေလုပ်ပေးသင့်လဲ
👨 လုပ်ပေးသင့်တာက banking System တွေ Delivery စနစ်တွေကို ပိုကောင်းမွန်အောင် နောက် E commerce Platform တွေ Trustlist တွေ Supplychain Base တွေ ပို မိုအောင် လုပ်ပေးသင့်ပါတယ် ဒါတွေရှိ အလုပ်တွေ ပိုမိုလျှင်မြန်လာနိင်ပါတယ်
👩အစ်ကို ဖြည့်စွက်ပြောချင်တာလေး ရှိရင် ပြောပြပေးပါရှင်
👨 တိုးတက်နေတဲ့ လုပ်ငန်းကို ရပ်တန့်မယ့်အစား ပိုမိုကောင်းမွန်အောင် လုပ်ပေးနိင်ရင်တော့ အကောင်းဆုံးပါပဲဗျာ ဒီကဏ္ဍ လေးဖွံ့ဖြိုးစေ ချင်ပါတယ် နိင်ငံတကာမှာတော့ E commerce ကို တအားကို အားပေးကြ ၀ိုင်းကူကြပါတယ် Payement စနစ်တွေ Bonded warehouse စနစ်တွေ နောက်ဆုံး BLOCKCHAIN စနစ်တွေတောင်ပါဝင်လာပြီ အခွန်ကောက်ဖို့ ရှိနေတဲ့စနစ်ကို အရင်ကောင်း မွန်အောင် အားဖြည့်ပါ ကူညီပါ နောက်မှ အခွန်ကောက်ပါ လို့ပြောချင်ပါတယ်
Thiha Paing
CEO ( 19/10/ 2017 : 11:00 PM )
Via Myanmar Group
www.viamyanmargroup.com
The Voice Weekly Journal
No comments:
Post a Comment