VR AR link များ

VR , AR  , 360 , platform , Game , Treadmill , 3D , 3Dmapping , Tation Brush  စသည်ဖြင့် ပေါ့ VR game , VR video , VR shop ရှာဖွေသိမှတ်သလောက် တင်ပြပေးထားပါတယ် အဓိက platform တွေ Support တွေဖြစ်ပါတယ်

Vive
Rafit
360
oculus
Daydream
Cardboard
Vr Trademill
Stream
Omini
Cardboard
parrot

facebook .Google. Htc. Samsaung . Reality Market တွေအပြိုင်ကျဲသလို Drone တွေကလည်းမခေပါ Dji တို့ Parrot တို့ပေါ့ Gamer အတွက်က Playstation V တို့ Stream တို့ကလဲ လိုက်ပါတယ် facebook က Developer F8 ပွဲတို့ Facebook နောက် ၁၀ နှစ်စီမံကိန်းတို့လဲရှိပါသေးတယ် BIGATE ကတော့ ဓာတ်ခွဲခန်းကနေထုတ် Pure Meat အစာထုတ်လုပ်တဲ့ Project မှာပါဝင်မယ်တဲ့ ဇူကာဘတ်ကတော့ VR နဲ့ပေါင်းတဲ့ AI အတု ထုတ်ပါမယ်တဲ့ Blockchain ကြောင့် finance နယ်ပယ်ပြောင်းတော့မယ် 3Dprojection ကလဲ TV တွေ ၀ားစားတော့မယ် စတီဖင်ဟော့ကင်းရဲ့  Quantum နည်းပညာကလဲ မြင်တဲ့အတိုင်းပါပဲ alibaba နဲ့ amazon ကလည်း VR နဲ့ AR ပေါင်းတဲ့ shop Project စနေပါပြီ AI ဆိုတဲ့ အသိညဏ်တုကလဲ python အခြေခံတဲ့ Bot နဲ့ လာနေပြီ google ကလဲ fi နဲ့ Internet တွေအကုန်ယူတော့မယ် online Education ကလဲ Udemy တို့က လုပ်နေပီ Github ကလဲ ကုတ်နဲ့ World ကိုထိမ်းမယ်

https://www.vive.com/
.................................
https://wevr.com/
.................................
http://www.valvesoftware.com/
.................................
https://developer.viveport.com
.................................
https://www.oculus.com/
.................................
https://developer.oculus.com/
.................................
https://samsungvr.com/
.................................
https://www.tiltbrush.com
.................................
https://vr.google.com/daydream
.................................
https://www.omnivirt.com
.................................
https://viromedia.com/
.................................
http://welcome.vrtify.com
.................................
http://www.vrstudios.com/
.................................
http://www.virtuix.com/
.................................
https://www.eonreality.com/
.................................
http://www.airpano.com/
.................................
https://facebook360.fb.com/360-photos
.................................
https://360.io
.................................
https://veer.tv
.................................
http://www.instavr.co/
.................................
https://pixvana.com/
.................................
http://www.obsessvr.com/
.................................
https://inceptionvr.com/
.................................
https://www.playstation.com/en-us/explore/playstation-vr/
.................................
https://www.virzoom.com/
.................................
https://www.smart2vr.com/
.................................
https://with.in/
.................................
http://vrappmaker.com/
.................................
http://vr-design-app.com/
.................................
https://www.virtalis.com
.................................
http://www.worldviz.com
.................................
https://www.parrot.com/global/business-solutions/parrot-bebop-pro-3d-modeling#bebop-pro-3d-modeling-all-in-one-3d-modeling-solution
.................................
https://www.parrot.com/global/business-solutions/ebee-sq-pix4dag-edition#parrot-ebee-sq-
.................................
http://www.wizdish.com/
.................................
http://arvrlist.com/

အရေးပါတဲ့ WEBLINK တွေဖြစ်လို့ share ပြီး Save ထားလိုက်ဗျာပြန်ရှာရင်လွယ်တယ် ဒီ weblink တွေလေ့လာပီးရင်တော့  😷 ကျန်တာကိုယ့်အပိုင်းပဲ  https://youtu.be/kPMHcanq0xM လက်ထဲကကိုင်ထားတဲ့ဖုန်းကို ပြစ်ရတော့မယ်

Thiha ( Nay Say)
Via Group. ( VR မဟုတ်ပါ 😉 )

https://m.facebook.com/story.php?story_fbid=1871873559495963&id=100000200113085

Zoom Us

အိမ်မကွာအိုးမကွာ ဖုန်းနဲ့ဖြစ်ဖြစ် Notbook Tablet ဖြစ် ရှိတာနဲ့ Meeting လုပ်လို့ရပါပြီ

လိုင်သိပ်မထစ်တဲ့ အင်တာနက်နှေးရင်တောင်အလုပ်ဖြစ်တဲ့
Zoom App လေးနဲ့ မိတ်ဆက်လိုက်ချင်ပါတယ်  Video Confrancing and  Controling Friend Computer အသုံးတည့်သူတွေ အတွက် အဖိုးမဖြစ်နိင်ပါ အသုံးမတဲ့သူများကျော်သွားပါ   ၄:၂  မိနစ် ကြာပါတယ် . .

တခါတလေ စကားစုပြောမယ်  အကြောင်းရာတခုအတွက် မီတင်လုပ်မယ် ပြရမှာကလဲ Power Ponit တို White Board Pen တို့ နဲံ သေချာရှင်းရတဲ့အခါ  ၄ ယောက်လောက်ပဲ Meeting လုပ်လုပ် ကိုယ်လုပ်ငန်နေတဲ့ လုပ်ငန်းကို လူများစွာ လဲ လာလေ့လာနိင်တဲ့ Apps လေး တခုကို မိတ်Zဆက်လိုက်ပါ အဆင့်တိုင်းလိုပ်ပြီး Meeting ID ရိုက်လိုက်တာနဲ့ တဖက်က သူ Accept ပေးရင် ၀င်လေ့လာလို့ ရနိင်ပါတယ်  ဟိုးအရင် TEAM View ထက်ကောင်းမွန်ပါတယ် ဒီဆော့ဝဲ ကိုအသုံးပြု ပြီး Education အတွက် Knowledge အတွက်လဲ အသုံးပြုနိင်ပါတယ် ကိုယ်ရေးတာမှားလာမှန်လား မိမိ Computer Screen ကို တဖက် စစ်ပေးတဲ့ Share လို့ရသလို Ipad တို့ Draw Board ကလူတွေ အတွက် ချိတ်ဆက်ရလွယ်ကူပါ

Download : zoom.us/download ဖြစ်ပါတယ်
Zoom us မှာရှိတဲ့ အမျိုးစားတွေက

#Zoom Client Meeting 
ရုတ်တရက်လိုအပ်ရင်သုံးဖို့ပါ
#Zoom us Microsoft Outlock
ဆိုတာကတော့ Microsoft Apps တွေမှာရှာနိင်ပြီး
Ulock မေးနဲ့ သုံးနိင်ပါတယ်
#Zomm Plugin For IBMnote
ဆိုတာကတော့ Install Browser ထဲထညိ့ထားတဲ့ Extension ဖြစ်ပါတယ်
#Zoom Extension တွေ Chrome နဲ့ Firefox တွေ မှာ
ူနိင်ပါတယ်
#Zoom Rooms For Confrence Rooms and Touch Scree Diplay  စတဲ့ Confrance အတွက် အဆင်ပြေအောင်လဲ လုပ်ထားပါတယ်
#Zoom Plugin Microsoft Lync
#Lync သုံးသူတွေ အတွက် ထည့်သွင်းပေးထားပါတယ်
#Zoom Plugin For intel
#Zoom Mobile  Android and IOS
#Zoom Client Plugin For Sharing Iphone / Ipad

များစွာ ရှိပါတယ် COMPUTER နဲ့ သုံးသူအဖို့ ကတော့
Z O O M   C L I  E N T  M E E T I N G  သုံးပါ
Zoom မှာ ကိုယ်ပိုင် Meetng Room တွေ ထောင်လို့ရပြီး စာတွေ ပုံ တွေ Video တွေ Share နိင်တဲ့ အပြင် တဖက်ကွန်ပြူ ကို ထိန်းနိင်စွမ်းတွေ ပါဝင်ပါတယ်

တခုပဲမှာချင်တာ သုံးပြီး သေချာပြန်ပိတ်ဖို့လိုပါတယ်
ကျနော် နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့

Zoom Personal ID ကတော့
821060 1998  : Name :Nay Say  ဖြစ်ပါတယ်
530293 6079  : Name :Thiha Paing ဖြစ်ပါတယ်
Meeting Room တွေ ကတော့ ZAPYA လို group ထောင်ပြီး ဖိတ်ခေါ်လိုက်ရုံပါပဲ

https://zoom.us/j/5302936079
ကျွန်တော်တို့စကားပြောနိင်ဖို့ အခုလင့်လေးကို Download ပေးပါလားခင်ဗျာ
ပြီးတာနဲ့ ရပါပြီ Android ဆိုတာလေး

Meeting ID က 5302936079 ဖြစ်ပါတယ်
google  ကနေဆို တန်းပြီး Sing Up ရပါတယ်

https://zoom.us/zoomconference?m=6yFNQA39sLyNs-sC_icZwtnenUqR311B

အသုံးပြုပုံးလေးကိုဒီမှာကြည့်ပါ

https://m.facebook.com/story.php?story_fbid=1927301807286471&id=100000200113085
Thiha Paing
Via Myanmar . Org

လူငယ်လေးတဦးဟာ လမ်းဘေးဈေးသည်

အချိန်က 1998 ခုနစ် အသက်က ၁၃ နှစ် ကျော်ကျော်
ပညာအရည်ချင်းက ၉တန်း နေရာက မန်းလေးပြည်ကျော်ဈေး ရွေဂုဏ်သူ ဖိနပ် ဆိုင်
ရောင်းတဲ့ ဆိုင်ပိုင်ရှင်က ၁၃ နှစ်သား  မျှော်လင့်ချက် ရည်မှန်းချက် တွေ အနာဂတ်တွေ နဲ့ ကျောင်းတဖက် အလုပ်တဖက် ညနေ ပိုင်းဆိုင်ထိုင် စနေ တနင်္ဂနွေ အခြားကလေး တွေ Game ဆိုင် ရပ်ကွက်ထဲ မှာဆော့ကစားနေချိန် မှာ သူက ဖိနပ်ဆိုင် တဆိုင်လုံး သူ့လက် သူ့ခြေ သူ့ရောင်းပြီး ဦးစီးနေတယ်

ဘေးက ဆိုင်တွေကပြောတယ် သိပ်တော်တဲ့ကလေးတဲ့
မိဘက ပြောတယ် သိပ်အားကိုးရတယ်တဲ့
ဘေးက သူငယ်ချင်းတွေကပြောတယ် ဘောစိ
မနာလိုသူတွေက ပြောတယ် ဆရာကြီးတဲ့

သူ့ကို နာမည်တမျိုး ခေါ်ကြတယ် ရန်ကုန်သား

ဒီလိုနဲ့ ၁၀တန်းရောက်တယ် အခိုက်အတန့်အလှည့်အပြောင်း မိဘစီးပွားရေးမှာ လက်ဖမိုးကနေ လက်ဖဝါးဖြစ်သွားတယ် မိဘတွေ မှာ ဆုပ်ကိုင်ရာမရှိ ကူညီသူမဲ့ သားသမီး တပြုံ တမနဲ့ ခရီးဆက်ကြတယ် ကောင်လေးက ၁၀တန်း ကျူရှင် တက်တာတောင် ကျရင် ပိုက်ဆံ ပြန်ပေးတဲ့ ကျူရှင်
ကံကောင်းစွာနဲ့ သူ နှစ်မခြားပဲ အောင်မြင်တယ်

ဂုဏ်ယူခဲ့တာကအဖေ
ကျိတ်ကြေနပ်တာက အမေ
အပျော်လေးတွေ ပြီးတော့ စီးပွားရေးကခက်ခဲတယ်နေတုန်း အိမ်က ၁၀ပေ ပတ်လည် လူက ၆ ယောက် မရောင်းရတဲ့ ဒိန်ချဉ်ဘန်းက အိမ်ရှေ့  မှာ မရောင်းရ

သူဘာလုပ်မလဲ စဉ်းစားတယ် လေ့လာတယ်အဖြေရှာတယ်
အမေကိုသူ့ပြောတယ် ဈေးပြန်ရောင်းမယ် အမေ တို့လိုမလုပ်တတ် သားဟာသားလုပ်မယ် ဝိုင်းကူးပေး ပိုက်ဆံမပေးနဲ့ အမေ အသိတွေ ဆီက ပစည်းအကြွေးယူပေး ပြောသာပြောတာ ကိုယ်က အထည်ကြီးပျက် လူက ၁၅ -၁၆ လူပျို စတိုင် ဘယ်မှာရောင်းမလဲ ဈေးထဲမှာ မိန်းမတွေ ကြီးစိုးတဲ့ ဈေးထဲ မှာ တယောက်ထဲ ဘယ်လိုရောင်းရဲပါ့မလဲ
မရှိတဲ့ သူငယ်ချင်း ၂ယောက်ကို အဖော်စပ်တယ် ကျလောက်အောင်ပြောပြီး စည်းရုံးတယ်

မှတ်မိနေတာက စိန်ပန်း ကမ်းနားဈေး အချိန်က ၁၀တန်းအောင်ပြီးစ ၃ယောက်သား ဆိုင်လေး ခင်း ငုပ်တုပ်ထိုင်နေတယ် အရှေ့ မှာ ဖိနပ် လေးတွေ သရေ ပင်နဲ့ ဘယ်တဖက် ညာတဖက် ပတ်ပေးထားတယ် ဈေးလေးရေးထားတယ်တရံ ကို ၂၀၀ ကျပ် အမျိုးအစားက ယင်းမာ ပထမနေ့ မရောင်းရပါ နောက်နေ့ သူငယ်ချင်းတယောက်မလိုက်တော့ နောက်ရက် နည်းနည်းရောင်းရပြီ နောက်နေ့ တယောက်မှ မလာတော့ သူတယောက်ထဲပေါ့

စသင်ပါပြီ လမ်းဘေးဈေးအကြောင်း

၁ နေရာ
နေရာဆိုတာ ဈေးမှာ အစည်ကားဆုံးနေရာ ဖြစ်ရမယ် လမ်းစုံလမ်းခွ အရိပ်ရှိ သန့်ရှင်းတဲ့နေရာ

၂ ပေါင်းသင်းဆက်ဆံရေး
ဈေးတိုင်းမှာ ဈေးဂျပိုးရှိတယ် မိတ်ဖွဲ့ရတယ်အကူညီတောင်းရတယ် နေရာတနေရာရဖို့နဲ့ လူအုံရင် သူခိုးဖမ်းဖို့

၃ ဈေးဝယ်ခြင်း
ဈေးထဲ က ဆိုင်တွေ ရောင်းမကုန်တာကို ဝယ်ရတယ် ဖုန်တက်တာတွေ ကော်ကွာတာတွေ အိမ်ရောက်ရင်ပြန် ရိုင်း အကြွေးရအောင် မျက်နှာကို အောက်ချထား သူတို့ပေးချင်အောင် ဘယ်လောက်ရောင်းကောင်းကြောင်းပြောပြ ရိုးသားပါစေ

၎ ဈေးနူန်း
အပြင်မှာ ၂၀၀ ဆို ၃၅၀ ရောင်းတယ် အပြင်ဈေးက ၅၀၀ ကျပ်လေ ပေါတယ်ထင်ရမယ် လက်လီဈေး နဲ့ လက်ကားဈေး လူတိုင်းမသိပါ

၅ စိတ်ဝင်စားအောင်ဆွဲဆောင်
ကောင်လေးအော်တာက
ငွေပေါ်လျော့ဈေး ငွေပေါ်လျော့ဈေး
တန်အောင်ရောင်းတာ ရန်အောင်ရောင်းတာမဟုတ်
ဈေးချိုအောင် ဒွေးကိုယ်တိုင် လာရောင်းတာ
ကျကုန်ပြီ အမရေ
အမေရေ သားတို့ လာရောင်းလို့ဝယ်ပါအုံး
ဝူးဝူးဝါးဝါးတွေထအော်
စိတ်ဝင်စားလို့ လှည့်ကြည်ရင် ရပ်ကြည့်လိုအမြတ်မရှိ

၆ အချိန်
ဈေးတဈေးမှာ အစည်းဆုံးအချိန်က ၈နာရီကနေ ၁၀ နာရီကြား အဲ အချိန် မရောင်းနိင်ရင် အထုပ်သိမ်း နေရာရဖို့ကမနက် ၆ခွဲ ဆိုရောက်နေပါစေ

၇ လုပ်သင့်တာက
ဈေးတိုင်းမှာ ဈေးသည်တိုင်းနဲ့ မိတ်ဖွဲ့  အားလုံးနဲ့ခင်အောင်နေ သူခိုးတွေ မြင်ရင် ရန်မလုပ်နဲ့ နားလည်အောင်ပြောပြီး ပြန်တောင်း ပစည်းတူ ရောင်းရင် မိတ်ဖွဲ့ ဈေးညိ နောက်နေ့ဘယ်ဈေးလဲ မတူအောင်သွား

၈ လမ်းဘေးဈေးသည်ကနေ ပတ်လည်ဈေးသမား
မိတ်ဖွဲ့တာများတော့ မိတ်ဆွေတွေကပြောပြပြီ ဘယ်ဈေးဘယ်လိုသွား ဘယ်နေရာရောင်း ဘယ်သူကို့နေရာရှာ ဘယ်ကားစီး ဘယ်အချိန်သွားဘယ်လိုရောင်း ဘယ်သူ့ကိုရှောင် နေရာခက ဘယ်လောက် တဈေးထဲ မပတ်နဲ့ တပတ်ကို တဈေး မန်းလေးမှာ ဈေး ၁၀ ဈေးရှိတယ် မန်းမြို့ဈေး ကမ်းနားဈေး သရဲဈေး မြို့ဟောင်းဈေး ကျန်တာတွေမေ့ကုန်ပြီ ဒီဈေးတွေ ရောင်းကောင်းတယ် အခြေခံ လူတန်းစားများတယ်

ဒီလိုနဲ့ ဈေးသည်လောကမှာ အောင်မြင်တယ် သူများတွေ မရောက်တဲ့ဈေး စက်ဘီး တစီးနဲ့ ပတ်တယ်
ဈေးရောင်းရင်း ကုန်စိမ်း Trade လုပ်တယ် ဘေးနားက မြို့သာ ရထောင် မတ်တရာ လက်ပံလှ စကိုင်း မုံရွာ အုန်းချော  ဇီးပင်ကြီး ရွေစာရံ မြစ်ငယ်လခ ချ အကုန်ရောက်တယ်

ဒီ အချိန်မှာ တခါတလေ အိတ်ပဲ လိပ်ပြန်ရတယ် ပိုက်ဆံ အိတ်ထဲမှာ ငွေ ၂ သိန်း ၄သိန်း ရပြီ ပျော်တာပေါ့ ကောင်လေး သို့သော်လည်း သူစဉ်းစားတယ် သူကအကြံ ကြီးတယ်လေ ယခင်ထဲ က ရန်ကုန်သား သူ ရန်ကုန်ပြန်မယ်ပေါ့ တွန်းအားတခုကလဲ ရှိနေပြီ

ဖြစ်ချင်တော့ ကယားပြည်နယ် မှာ သူ့ပစည်းသွားရောင်းတယ် ခရီးစရိတ် ထောင်းပြီးရူုံးတယ် အိမ်ရောက်တယ် မိဘက ရန်ကုန်ု ပြန်ကြမယ်တဲ့

၂၀၀၄ -၂၀၀၅ မှာ ရန်ကုန်ပြန်သွားပါပြီ
၈ ၉ ၁၀ က သူငယ်ချင်းတွေ မန်းလေးကသူငယ်ချင်းတွေ ဈေးသည်အဖော်တွေ သူနတ်ဆက်ခဲ့ ပါပြီ ကောင်လေးမအောင်မြင်သေးပါသူ ဈေးရောင်းတက်သွားခဲ့ပြီ

အမှတ်တရ မန်းတလေးပါပဲ

ဆက်ရန်
ရန်ကုန် နဲ့ Travel & Tour

ကိုနေစေး

https://m.facebook.com/story.php?story_fbid=1273516509331674&id=100000200113085

ကျွန်တော်တို့ နှစ်ယောက် အကြောင်းလေး

ဒီနေ့က မင်္ဂလာသက်တမ်း ၄ နှစ် ပြည့်တဲ့နေ့လေးပါ။ ကျွန်တော်တို့ နှစ်ယောက် အကြောင်းလေးပြောပြချင်ပါတယ် ။ ကျွန်တော်တို့ နှစ်ယောက်ဟာ မိဘတွေ ပေးစားလို့ ယူခဲ့တာမဟုတ်ပါဘူး ကျွန်တော်တို့ ဟာကျွန်တော်တို့ ကျောင်းမှာ တွေ့ပြီး ချစ်လို့ ယူခဲ့ကြတာပါ ။ ကျွန်တော်တို့ မင်္ဂလာစဆောင်ချိန်က ကျွန်တော်က ရုံးတရုံးက ၀န်ထမ်းသာသာလေးပါပဲ လစာ တလကို 1 သိန်း ကျွန်တော့် အမျိုးသမီးကလဲ လစာက 1 သိန်းကျော်ကျော်လေးပဲ မင်္ဂလာဆောင်စရိတ်ကို ကျနော့်ရုံးက တ၀က် ကျနော် မိဘ ကတ၀က်နဲ့ ဆောင်ခဲ့တာပါ ။ မခမ်းနားပေမယ့် သင့်တင့်လျောက်ပတ်တဲ့ မင်္ဂလာဆောင်လေးကို ကျင်းပနိင်ခဲ့ပါတယ် ။

ကျွန်တော်ဆုံးဖြတ်ချက်တခုကတော့ အိမ်ထောင်ပြုပြီးရင် ကိုယ့်သမိုင်းကိုယ်ရေးမယ်ဆိုတာပါပဲ ဒါကြောင့်မင်္ဂလာဆောင်ပြီးတော့လဲ ကျွန်တော်က မိဘ အိမ်မှာမနေပါဘူး ကိုယ့်ဟာကိုယ် အိမ်ဌားနေပါတယ် တလကို မှတ်မှတ်ရ ဌားခက 9 သောင်းပေးရပါတယ် ကျွန်တော့်လစ အပြင်ဝင်ငွေ အနည်းငယ်နဲ့ ကျွန်တော်တို့ ရပ်တည်ဖို့သိပ်ခက်ပါတယ် တလ အိမ်စရိတ်က 3 သိန်းလောက်ရှိတော့ မလောက်ငဘူးလေ ..ကုသိုလ်ကံပဲပြောရမလားမသိ အိမ်ထောင်ကျပြီးမှ ကျနော် အောင်မြင်မူလေးတွေ ဆက်တိုက်ရလာတာပါ ။ လူပျိုဘ၀တုန်းကလို ပေါ့ပျက်ပျက်နေလို့မရဘူး မိသားစု နဲ့ဖြစ်လာပြီ ပိုကြိုးစားမှရတော့မယ်ဆိုတဲ့ အသိလေးတွေပေါ့ဗျာ ။ 2012 တနှစ်လုံးကတော့ ကျွန်တော်တို့ 2 ယောက် ချိုးချိုး ခြံခြံ နဲ့ ခြစ်ကုတ်ပြီး အဆင်ပြေသလိုနေလာခဲ့ရတယ် မိဘ တွေကလည်း သားသမီး 4 ယောက်တောင်ရှိတယ်ဗျ ဒီတော့ ကျနော် လက်ဝါး မဖြန့်ချင်ဘူး ကျွန်တော်တို့ ကို ဒီ အချိန်ထိ ကျွေးမွေးလာခဲ့ပြီး ပြီ ထက်ပြီး လက်မဖြန့် ချင်တော့ဘူး ဒီတော့ ကျနော် ကြိုးစားရတယ် ဗျ

အိမ်ထောင် တခု ရယ်လို့ ဖြစ်လာပီဆိုတော့ ကိုယ့် မိသားစု ကို ကိုယ်လူအောက် မကျအောင် ထားချင်တဲ့ စေတနာ က သိပ်အားကြီး ခဲ့တယ် .ကျနော် တို့ မင်္ဂလာဆောင်ပြီး နောက် တပတ်က ကျွန်တော်တို့ ၂ယောက် လက်ထဲမှာ ငွေ 1500 ကျပ်ပဲ ရှိခဲ့တယ် လက်ဖွဲ့ငွေ တွေ ဘာတွေ က မင်္ဂလာဆောင် ပြီး တော့ စရိတ်တွေ ပြန်ပေးရတော့ ငွေပိုငွေလျှံ မရှိဘူးလေ အကြွေးတော့မတင်ခဲ့ဘူးပေါ့ ကျနော် တော်တော် လေး စိတ်ညစ်ခဲ့ရတာပါ ။ ဒီလိုနဲ့  ကျွန်တော်တို့ ရက်လေးတွေ တရက်ပြီး တရက် ဖြတ်သန်းရင် ရှာရဖွေရပါတယ် ကျနော် ကိုအဲချိန်ထိ ယုံယုံကြည်ကြည် အလုပ်အပ်သူဆိုတာ မရှိဘူး ကျနော် ဘ၀ မှာ မှတ်မှတ် ရရ ယုံကြည်ပြီး ပထမဆုံး အလုပ်တွေအပ်ပေး သူတယောက်ရှိပါတယ် အဲတာက 2013 လောက်မှာစပါတယ် သူကနေ စလာလိုက် တာ ကျနော် အတွက် စီးပွားရေးမျှော်လင့်ချက် အားတွေ ရှိလာခဲ့တယ်

နောက် တဖြေးဖြေး ကြိုးစားရင် ကျနော် အဆင်ပြေလာခဲ့တယ် အဆင်ပြေလာတယ်ဆိုတာက ကျွန်တော် အတွက် အပိုဝင်ငွေများလာတာပါ ။ ဘယ်လိုပြောရမလဲ ဗျာ အိမ်မှာကလဲ အိမ်နဲ့တူအောင် အစအစအရာရာ ၀ယ်ထည့်ရတာကိုးဗျ .ကျနော့ မိန်းမမှာ အဲအချိန်က နားကတ်တရံတောင်မရှိပါဘူး ..ရွေဆိုလို့ မင်္ဂလာဆောင်တုန်းက ၀တ်ကျေတန်းကျေ ၀ယ်ထားတဲ့ လက်စွပ်လေး 2 ကွင်းပဲ ရှိတယ် ဒါတွေ ပြောပြလို့ တမျိုးမထင်ပါနဲ့နော် မင်္ဂလာဦးအစ ဟာတော်တော်များများ ခက်ခဲ ကြတာပါ။ .ကျနော်လဲ အဲအချိန်မှာ FB မှာ စာလေးဘာလေးရေးပြီး နာမည်ရလာတယ်ဗျာ ရုံးမှာလဲ အလုပ်လေးတွေလုပ် အပြင်မှာလဲ အောက်ဆိုက်ရှာပေါ့နော် ( ရုံးကလဲ ဒီလိုလုပ်တာခွင့်ပြုပါတယ် ) ဒီတော့ မိတ်ဆွေတွေ က ကားထုတ်တာတို့ - ကားလိုင်စင်လျှောက်တာတို့ အပ်ကျတယ်ဗျ ။ဒါကို လင်မယား ၂ယောက် တက်ညီ လက်ညီ ကြိုးစားတာပေါ့ ကိုယ်က အလုပ်ရှာ သူက စာရွက်စာတမ်းတွေ လုပ် .ဒီလိုလုပ်ကြရင်ချောင်လည်လာတယ် ရလာတာတွေလေးတွေ စုပေါ့  ကျနော့် တို့အောင် မြင်တယ်ဆိုတာက အစအမှာ လင်က တထမ်း ဆို မယ်ကတရွက် ဆိုပြီးလုပ်ရတာပါ ။ ဘယ်သူမှ ပိုက်ဆံ ပုံပြီး လာမပေးသလို ငွေလဲ မချေး ခဲ့ပါဘူး ..

ကျနော်တို့ တော်တော်လေး စုမိတဲ့ အချိန်ကျတော့ 2014 နှစ်ကုန်ပိုင်းလောက်မှာ မိန်းမ ကလေးမွေးတာပေါ့ ကုန်တာပေါ့ဗျာ ရှာထားတဲ့ ငွေလေး သိန်း 20 -30 ကျနော် ရုံးခန်းစဖွင့်တာက 2014 လလယ် ပိုင်းလောက်မှာပါ ။ ပြောရအုံးမယ် အဲတုန်းက အလုပ်တခုကနေ အမြတ် နည်းနည်းရလိုက်လို့ ရုံးခန်းဌားခ ရပြီဆိုပြီး ကျနော် စလိုက်တာ လက်ထဲမှာက 7 သိန်း ဒါလေးနဲ့ ရုံးခန်းအတွက်လိုတာလေးတွေ တဖြည်းဖြည်းစုစု ပြီး ၀ယ် ထိုင်ခုံတွေ ဘာတွေ ၀ယ်ပေါ့နော် ကျနော်လဲ အလုပ်ကထွက်လိုက်တယ် .တကယ်တော့ ကျနော် မှာ သိပ်ကြီကြီးမားမား ရပေါက်ရလမ်းမရှိပါဘူး . မျှော်လင့်ချင် နဲ့ ယုံကြည်ချက် ရှိတာရယ် ကျနော် လုပ်နိင်စွမ်းရှိပြီလို့ ယုံကြည်လို့စလုပ်တာပါ။ ရုံးဖွင့်ပွဲတောင် နောက် 3 လနေမှ လုပ်နိင်ပါတယ် ။ နောက်ရုံးဖွင့်တော့ သူလဲအရင် အလုပ်ကထွက်လိုက်တယ်ပေါ့ ၀န်ထမ်းကလဲ တယောက်ထဲပါ ကျနော်က အလုပ်ရှာ သူက စာရွက်တွေလုပ် စာတွေရိုက် ဟိုဘက်ကို ပြန်ပို့ပေါ့   2 ယောက်သား ကြိုးစားလိုက်ကြတာ ကားတခေတ် မှာ နည်းနည်းလေး မှီလိုက်တာပေါ့ ဒီကနေ သွားရတာပါ ။ ကျွန်တော် အောင်မြင်မှုတိုင်းမှာ ကျနော့် အမျိုး သမီးက ပါခဲ့ပါတယ် .

ဒီလိုနဲ့ 2015 အစပိုင်းမှာ ကလေးကလဲ မွေးပြီဗျာ . ကျနော်တို့ ကားလုပ်ငန်းတွေကလဲ သိပ်အခြေနေမကောင်းတော့ဘူး ဒီတော့အေးဂျင့်ပိုင်းကို ဖိလုပ်ရတာပေါ့နောက် ကျနော် အွန်လိုင်းဖက်ကို ကူးတယ် ဈေးရောင်းတယ်ဗျာ အားလုံးမြင်တဲ့ အတိုင်း ပဲလေ နောက်ပိုင်းတော်တော် အောင်မြင်ပါတယ် ။ ကျနော် တို့အဆင်လဲပြေလာရော  2 ယောက်သား ပြသနာတွေ စကြပါလေရောဗျို့ အိမ်ထောင်သက်လေးလဲ ရလာပြီလေ ..ကျနော်က သူ့ကို ရုံးကနေ နားခိုင်းလိုက်ပါတယ် အိမ်မှာပဲ အိမ်ရှင်မလုပ်ပါ ကလေးကလဲ ငယ်တဲ့ပေါ့ ..နှစ်ယောက်လုံး အလုပ်ထဲမှာများနေယင် ပင်ပန်းမယ် တစ်ယောက်စိတ်ရှုပ်တဲ့
အခါ တစ်ယောက်က အားပေးလို့ရတာပေါ့ဗျာ  ပြီးတော့ ကျနော့် အလုပ်မှာက Management လုပ်ရတာခက်လာတယ် လူကလဲများတယ်ဗျာ....
ကွန်မန်းတွေကလဲ 2 ယောက်ဆီက လာနေတော့ အလုပ်တွေမှာနည်းနည်း အခက်တွေ့လာလို့ ကျနော် က အဲလို စီစဉ်တာပါ ။ ကျနော့်ဘက်ကြည့် ရင် ကျွန်တော်မှန်တယ် သူ့ဘက်ကြတော့လဲ သူက ဂျောင်ထိုးခံရတယ် ပေါ့  .ဖယ်ထုတ်လိုက်တယ်ပေါ့ဗျာ သူလဲမှန်တယ်ဗျ ဒီမှာကျနော်တို့ နှစ်ယောက် ညိကြတော့တာပါပဲ

ဒီတော့ဗျာ သူကအိမ်မှာပဲနေရတယ် အရင်လို အလုပ်မခိုင်းတော့ဘူးတော့ ဒီမှာတင် အိမ်မှာနေရတော့ဗျာ သူ့စိတ်ထဲမယ် အစာမကျေဘူးပေါ့   တခါတလေ လင်မယား ရန်ဖြစ်တတ်လာ ပါတယ် ။ ဒီလို့ ကတောက်ကဆလေးတွေက ဖြစ်လာက တဖြည်းဖြည်း စိပ်လာတယ်  တော်တော် စိတ်ညစ်ရတယ်ဗျ ကိုယ်တွေကလဲ  အိမ်ထောင်ကျာတာမကြာသေးဘူးဆိုတော့ ဘယ်လို ကိုင်တွယ်ရမှန်း မသိဘူးဗျ ..ကျနော် မိန်းမကလဲ အဲကျမှ မိန်မတွေဆန်လိုက်တာဗျာ ..စာအုပ်ထဲတို့ ရုပ်ရှင်ထဲထို့မှာပါတဲ့ အတိုင်းပဲ ပြစ်တောက် ပြစ်တောက်တွေ .. သံသယတွေ ..စုံပလုံနေတာပဲ .ကျနော်ကလဲ ဘယ်ရမလဲ မာန ငယ်ထိပ်မှာဆိုတော့ ဒါမျိုးတော့ဘယ်ရမလဲ .သူမာကိုယ်မာပေါ့ဗျာ .ဒီလိုနဲ့ အိမ်ထောင်ရေးပြသနာကို အဖြေကိုရှာမရခဲ့ဘူး ဗျ

တနေ့တော့ ကျွန်တော်တို့ 2 ယောက်ပွဲ တော်တော်ကြမ်းပလိုက်ကြတယ်  နောက်ရက်ကျတော့ ကျနော်တို့တယောက်နဲ့ မခေါ်တော့ဘူးဗျ .. စိတ်ထဲမှာတော့ဗျာ ဘယ်လို စိတ်ကောင်းပါ့မလဲ  ချစ်လို့ယူထားကြတာလေ .အခုလိုဆိုတော့ စိတ်ညစ်တာပေါ့ သူလဲ စိတ်ညစ်တာပေါ့ဗျာ .. သေချာတာတခုကတော့ ကျနော်တို့ တွေ အချစ်တွေ ကုန်ဆုံးသွားပြီ ဒီလိုထင်တာ ..

ဒိတော့ တယောက်နဲ့တယောက် အပြန်အလှန်နားလည်မှု တွေ ကင်းဝေးနေခဲ့တယ် ဗျ ကျနော်က စပြီးသတိထားမိတော့ ကျနော်တို့ ညိနိုင်းကြပါတယ် ငါတို့မှာ သမီးလေးလဲ ရှိတယ်ပေါ့  ကိုယ်တွေ တယောက်နဲ့ တယောက်နားလည်မှု ရှိဖို့လိုတယ်ပေါ့ တော်တော် ကြာကြားလေးကိုညိလိုက်ကြတာပါ ဘယ်လိုလဲဆိုတော့ အမျိုးသမီးက အိမ်မှာချောင်ထိုးထားတာ ညာဖြစ်တယ်ညာဖြစ်တယ် ထမင်းချက်ဖို့ပဲ မဟုတ်ဘူး ဒီခေတ်မှာ မိန်းမနဲ့ ယောက်ျား မခွဲဘူး ဘာညာပေါ့ ပွဲတွေ ကြမ်းကြတာပေါ့ ဒီလိုနဲ့ သေချာဆွေးနွေးကြရပါတယ် ဒီလိုမဟုတ်ပါဘူး ကိုယ်က စီးပွားရှာရင် မိန်းမက အိမ်မှာ ထိန်းသိမ်းရတယ် .အိမ်မှာလဲ လုပ်ရကိုင်ရ စီမံရတာများတယ် ပြောပြရတာပေါ့ ကိုယ်စိတ်အေး သက်သာစွာလုပ်နိင်ဖို့ မိန်းမက အိမ် အတွက် ဦးစီးပေးပါ ။ အိမ်ကိစ္စ ကလဲ များတယ်ဗျ တရက် တရက် သန့်ရှင်းရေး အဝတ်လျှော် ထမင်းချက် ကလေး ကိစ္စ ဒါတွေ ကလည်းများတာပေါ့

ကိုယ်က သားအမိ 2ယောက် မျက်နှာမငယ်အောင်ငွေရှာမယ်ကွာ ကိုယ့်ကိုယုံပါ ကိုလုပ်နိင်ပါတယ် ကိုလုပ်ငန်းတွေ စီမံခန့်ခွဲမယ် ကြိုးစားမယ် ပြီး မိန်းမလိုချင်တာလဲဝယ်ပေးမယ် ကိုယ့်ကိုကြိုးစားခွင့်ပေး ဒီလိုတက်ညီ လက်ညီ လုပ်ဖို့လိုတယ် ဒီလိုပြောတာပေါ့ ပထမတော့ ဘယ်လက်ခံမလဲ ဗျာ ပညာတတ်တဲ့ မိန်းမတွေ တော်တော်များများ ဟာဒီလိုရှိတတ်ပါတယ် ပညာတွေ အသုံးမချနိင်တော့ဘူး အိမ်မှာပဲ ဘ၀က သေသွားတယ်ဘာရယ်ပေါ့ဗျာ ။ တကယ်တော့ အိမ်စီမံခန့်ခွဲမှု က မိသားစု တစုအတွက် သိပ်ကိုအရေးပါပါတယ် အိမ်မှာဆိုရင် သာရေးနာရေး .ဆွေးမျိုးဆက်ဆံရေး .ထောက်ပံ့ရေး ရေရှည်ပလန် ဒါတွေ က သိပ်အဆင့်မြင့်ပါတယ် ကျနော် မလုပ်နိင်ပါဘူးအဲတာတွေကို ဒါတွေကို စီမံနိင် အမျိုးးသမီးတွေသာဖြစ်ပါတယ် ။

ဒီလိုနဲ့ အပြန်အလှန် နားလည်မှု ယူလိုက်ကြတာပါ ။

ကျွန်တော်တို့ ပြီးတော့တယောက်နဲ့ နားလည်မူတွေ တဖြေးဖြေးတိုးပွားအောင်လုပ်ရပါတယ် သူ့မွေးနေ့လေးမှာသူလိုချင်တာလေးကို ၀ယ်ပေးတာတို့ တပတ်တခါ အပြင်ထွက်တာတို့ဘာတို့ပေါ့ သူကလဲ အိမ်မှာ ကျနော် ကြိုက်တာလေး တွေ ချက်ကြွေး ကျနော်ကို နင်းပေးနှိပ်ပေး ကျနော်ကလဲ စီးပွားရေးကို ကြုံးကုံးလုပ် ပေါ့ သူမကြိုက်တဲ့စကားဆို မပြောဘူး သူ့သိခ္ခါကျစေတဲ့ စကားတွေမပြောဘူး တယောက်နဲ့တယောက်နားလည်မှုအပြင် အပြန်အလှန် လေးစားမူတွေ ပါနောက်ပိုင်းရှိလာပါတယ် အခုဆို ကျနော်တို့ မိသားစု တဦးနဲ့ တဦး နားလည်မှုတွေနဲ့ အဆင်ပြေနေပြီဗျ ။ အခုဆို တာဝန်ရယ်လို့တောင်မဟုတ်ပါဘူး . စေတနာတွေ မေတ္တာတွေ ပါ ရှိလာတယ် သူဆို အပြင်သွားရင် ကျနော့် အတွက်လိုအပ်တာလေးတွေ ၀ယ်လာတယ် .ကျနော်ကလဲ သူပူစာတာဆို အကုန်ဖြစ်အောင်လုပ်ပေးတာပဲ မဖြစ်ရင်တောင်ခဏတော့ စောင့်ခိုင်းတာပေါ့နော် ..ပြီးရင် ဖြစ်အောင်လုပ်ပေးတာပေါ့ ဒီလိုဖြည့်စည်းပေးဖို့တာဝန်က ကိုယ့်တာဝန်ပဲလေ

ဒီတော့ သာယာသော အိမ်ထောင်ရေးဖြစ်ဖို့ဆိုတာ အချစ်တခုထဲနဲ့ မလုံလောက်ပါဘူး အပြန်အလှန်နားလည်မှု လေးစားမှု တွေပေါ် အခြေခံထားတယ်ဆိုတာကျနော်တို့ ၂ယောက်ကတော့ သိလိုက်ပြီဗျ .တခါတလေ ဗျာ လင်နဲ့မယားဆို ကတောက်ကဆတွေတော့ ရှိတတ်ကြတာပါပဲ ဘေးကပြောတာတွသွေးခွဲတာ တွေကြောင့်လဲပါတော့ပေါ့လေ .ဘယ်သူတွေ ဘာပြောပြော ကိုယ့် မိသားစု အပေါ် ကိုယ်တန်ဖိုးထားတဲ့ စံနူန်းတွေ ကိုမြင့်တင်ရမှာပါ ။ အိမ်ထောင်တခုမှာ ယောက်ျား အတွက် မိန်းမကလိုအပ်သလို မိန်းမ အတွက်လဲ ယောက်ကျားကလိုအပ်ပါတယ် ကမ္ဘာပေါ်မှာ ကိုယ့်အပေါ်နားလယ်မှုအပေးနိင်ဆုံးဟာ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ပါပဲ ..၀မ်းနည်းပူဆွေးမူတွေ အခက်ခဲတွေ ကြုံလာတိုင်း အားပေးဖော်ဟာလဲ သူပါပဲ .အောင်မြင်မူတွေ ဆက်တိုင် ပိုင်ဆိုင်နိင်တယ်ဆိုတာလည်း မိမိ အိမ်ထောင်ဖက်ကြောင့်ပါပဲ ။ သာယာသော မိသားစုတိုင်း ဟာ အပြန်အလှန် နားလည်မူတွေ ချစ်ခြင်းမေတ္တာတွေနဲ့ ပေါင်းစပ်ထားတာဖြစ်ပါတယ် .

အခုဆိုကျွန်တော်တို့ အိမ်ထောင်ရေးက အရမ်းကိုသာယာပါတယ် ။ ဘာပြသနာမှကိုမရှိတော့ဘူး ကျွန်တော့်အတွက်တော့ ကျွန်တော် အမျိုးသမီးဟာ မရှိမဖြစ်ဆုံးသော သူတဦးပါ။

ပြောပြအုံးမယ်ဗျ ကျနော့်မိန်းမက ဟင်းချက်တာ သိပ်မကောင်းဘူး အဲတာ ဟိုနေ့က ထမင်းဝိုင်းမှာ မိန်းမရေ မင်းထမင်းဟင်းချက်တာ စီမံတာ တာဝန်အရလို့ မယူဆပဲ စိတ်စေတနာပါပါ ကိုယ့်အတွက်ချက်ပေးစမ်းပါကွာဆိုပြီး တောင်းဆိုဖူးတော့ အခုသူလဲ ကြိုးစားပြီးချက်တယ်ဗျ .အခုဆိုတော်တော်လေးစားကောင်းလာတယ် .ကျွန်တော်က ဟင်း သိပ်ဂျီးများတာ အကောင်းလဲ သိပ်ကြိုက်တယ်လေ ရှာဖျှားအရသာတော်တော်ခံတယ်ပေါ့ဗျာ . .ကျနော်က အစားသမားပါ ။ ဟိုနေ့က မိန်းမချက်တဲ့ ငါးခူဆီပြန်လေးသိပ်စားကောင်းတာပဲ။

မင်္ဂလာသက်တမ်း 4 နှစ်မြောက်အမှတ်တရ

ကိုနေစေး
(05/01/2016)

https://m.facebook.com/story.php?story_fbid=1351863848163606&id=100000200113085

ကောဇာ ၁၃၈၃ - ၂၀၂၁ ဧပြီ ၁၅ သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး Thingyan sar ( 48 Migapixel File )

၂၀၂၁ မြန်မာပြည် ရြှေ့ဖစ်ကို ကြိုပြီးဟောကိန်းမခန့်မှန်းနိင်တာမို့ Astro ကနေခန့်မှန်းထားတာတွေကို ဖော်ပြရရင် မဟာသင်္ကြန်စာ အပြင် အခြားသော S...

Perzi