လက်တွေ့ကျတဲ့ ကျေးလက်ဒေသဖွံဖြိုးရေးကိစ္စ
☸️ Pragmatic Rural Development
ကျွန်တော်တို့နိင်ငံမှာကျေးလက်ဒေသရွာပေါင်း ၇၀,၅၆၀ ကျော်ရှိပါတယ် ကျနော် Rural Development ကိုမတင်ပြခင်မှာ အခြေခံအချက်အလက်တွေကို အရင်ပြောပြပါ့မယ်
မြို့ရွာအုပ်ချုပ်ရေးစနစ် မှာ
ရွာ / ကျေးရွာအုပ်စု /မြို့နယ် / ခရိုင် /တိုင်း ဆိုပြီးရှိကြပါတယ်ထိုအထဲကကမှာ ရွာဆိုသည်မှာ ၂၀၁၄ ခုနစ် သန်ခေါင်စာရင်း အရဆိုရင် ကျေးရွာအုပ်စုပေါင်း ၁၃,၆၁၉ ခုကျေးရွာပေါင်း ၇၀,၅၆၀ ရှိပါတယ် ကောင်းပြီ ဒီအုပ်စုကနေ အသေးဆုံး Area တွေ ဖွံဖြိုးတိုးတက်ရေးအတွက် ဘယ်လိုလုပ်လဲဆိုတာ သုံးသပ်တင်ပြပါရစေ
အိမ်ခြေ ၂၀၀ ရှိရင် ရွာဖြစ်ပါတယ် အဲဒီအောက်မှာ ဆိုင်ကယ်လမ်း လှေလမ်းပဲပေါက်တာ တောကြို အုံကြားများ တော ခေါ်ရွာငယ်များဆိုတာလဲရှိတယ် မိသားစုတစုဟာ ရည်ကြည်ရာ မြက်နှာရာတခုမှာနေထိုင်ကြရင်းနဲ့ ပေါက်ဖွားလာတဲ့ မိသားစုများကို အမှီပြုပြီး လယ်ကွင်းအလယ်က အုံ့လေးမှာနေရာမှ မိသားစုများလာတော့ အိမ်တန်းလေး ဖြစ်လာတယ် အိမ်တန်းလေးတွေ မိသားစုချင်း မင်္ဂလာဆောင်ရာမှ တရွာ တကျီတည်ကြရာက အိမ်တန်းတွေများလာပါတယ် ၁၀၀ လောက်ရှိလာတော့ တောရွာအဖြစ် စတင်ပါတယ်
ရွာတခု ဖြစ်ဖို့ အိမ်ခြေ ၂၀၀ ခန့်ရှိရင် ရွာဖြစ်ပြီလို့ဆိုပေမယ့်
✴️ ရွာသောက်ရေကန်
✴️ ရွာဦးဘုန်းကြီးကျောင်း
✴️ ရွာဦးစေတီ
✴️ ရွာခြင်းဆက်လမ်း
✴️ ရွာလယ်လမ်း
✴️ ရွာကုန်ထုတ် ဒုတိယ လမ်း
စသည်တို့မရှိရင် ရွာအဖြစ် မတည်ရှိပါဘူးဘာကြောင့်ဆိုတာ တချက်ခြင်းတင်ပြပါရစေ
✴️ ရွာဦး သောက်ရေကန်ရှိခြင်း
----------------------------------
ရွာဦးကန်ရြှိခင်းဟာ ရွာတရွာရဲ့ သောက်သုံးရေ ကိစ္စ ချိုးရေကိစ္စ နှင့် မီးဘေးကိစ္စတွေ မှာ အရေးပါအသုံးဝင်အောင် စီမံထားရခြင်း ဖြစ်ပါတယ် တချို့ရွာတွေဆို ရွာဦးကန်ဘေးမှာ ပန်းခြံများထားရြှိခင်း အပန်းဖြေ အရိပ်ရပင်ကြီးများထားရြှိခင်း ရပ်ရွာ ကာလသများနေထိုင်ရာ ကလေးများဆော့ကစားရာ ကစားကွင်းများအတွက်ဖြစ်ပါတယ်
✴️ ရွာဦးဘုန်းကြီးကျောင်း
-----------------------
❇️ ကုသိုလ်ကိစ္စ
ဘုန်းကြီးကျောင်းရြှိခင်းကြောင့် ရွာရှိ သက်ကြီးရွယ်အိုများ ဝါတွင်းကာလ ဥပုဒ်သီတင်းစောင့်တည်ခြင်း ၁၂လ ရာသီပွဲများ ကျင်းပခြင်း ဝါဆိုပွဲ ကထိန်ပွဲ နှင့် ကုသိုလ်ကောင်မှုများပြုလုပ်ခြင်း များပြုလုပ်ကြပါတယ် ထို့အပြင်
❇️ လူမှုရေးကိစ္စ
မင်္ဂလာဦးဆွမ်းကျွေးခြင်း သေဆုံးသောအခါ သဏရဂုံကိစ္စ ၇ရက် ရက်သတ္တပတ် အမျှဝေခြင်းဆိုင်ရာများ ကိစ္စ ရပ်ရွာအလည်လာသူများ တည်ခိုရေးကိစ္စ ရပ်ရွာအတွင်း ရပ်ရွာသူကြီး ဥက္ကဌ များတွင်ဆုံး ဖြတ်စီမံချက်များပေးစေခြင်း
❇️ ပညာရေးကိစ္စ
ရပ်ရွာရှိကလေးသူငယ်များအတွက် လိမ္မာယဉ်ကျေးသင်တန်းပေးခြင်း ဗက ကျောင်းများနဲ့ တွဲဖက်ပြီး စာသင်ကြားခြင်း ထွန်းပေါက်သောကျောင်းသားများ မရှိဆင်းရဲသားများကိုဆရာတော် မေတ္တာရပ်ခံချက်ခြင့် အခြေခံပညာ တက္ကသိုလ်ပညာများ သင်ကြားရန်အတွက် ရန်ပုံငွေထောက်ပံ့ခြင်း
❇️ စီးပွားရေးကိစ္စ
မြို့မှအဆက်သွယ်များကို ရွာဖွံဖြိုးရေးအတွက်ခေါ်ယူပေးခြင်း ရွာမှ မြို့ရွာသို့ အလုပ်လုပ်ရန် အတွက် မြို့မှ ရဟန်းအဆက်သွယ်ဖြင့် တည်းခိုရေး နေရေး အလုပ်အကိုင်ရှာဖွေမှုများကို ကျောတနေရာစာအတွက် ချိတ်ဆက်ပေးခြင်း မြို့မှ ဒါယိကာဒါယကာမ များအား လူငယ်ဘဝ တိုးတက်ရေးအတွက် အာမခံချက်ပေးခြင်း
❇️ ကျမ်းမာရေးကိစ္စ
ရွာဦးကျောင်းတွင် ဆေးကျမ်း စိုက်ပျိုးရေးဆိုင်ရာ ကျမ်းများ ထားရှိခင်း ရွာအစည်းဝေးများကို ဘုန်းကြီးကျောင်းတွင် ပြုလုပ်ပေးခြင်း ဆေးဝါးများကို အလှူခံ ချိတ်ဆက်ပေးခြင်း ဆရာဝန်များ ကျမ်းမာရေးမှုးများ ရှားပါးသောကလတွင် မီးရိုးဖလာ ဆေးမြီတိုများ ကုသ ပေးခြင်းများကိုပြုလုပ်ပါတယ်
ထိုအခြေခံများကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ
✴️ ရွာဦးစေတီ
------------
တချို့ မြို့နေလူအများစုဟာ ဘုရားကို အကြောင်းပြုစီးပွားရှာကြတယ်လို့ပြောပါတယ် ဒီအချက်ဟာ အမှန်ပါ ဒေသဖွံဖြိုးရေးအတွက် အရေးပါတဲ့ ကိစ္စရပ်ပါ စေတီ တွေ နာမည်ကြီးတာ မကြီးတာထက်နောက်ကွယ်က အကြောင်းရာဟာ
စေတီရှိတဲ့ ရွာသားများဟာ စုပေါင်းကုသိုလ်ကို နှစ်ဆန်းတရက်နေ့မှာ ပြုလုပ်ကြပါတယ် ထိုအခါမှာ ရပ်ရွာအတွင်း စည်းလုံးညီညွတ်မှု အတူပူးပေါင်းဆောင်ရွက်မှု များ ပိုမိုတိုးတက်လာပါတယ်
❇️ ရွာဘုရားပွဲ တွင်တွေ့ဆုံမှု
----------------------------
ရွာဘုရားပွဲတွင် ရွာမှ ရွာဦးဆရာတော် ဦးဆောင်မှုနဲ့အတူ ဇတ်ဌားကြပါတယ် ဇတ်ပွဲလုပ်ကြပါတယ် ထိုအခါမှာ ရွာမှာထွက်သွားသော့ မြို့နေလူများပြန်လာကြပါတယ် ထိုအခါ နိင်ငံအကြောင်း မြို့အကြောင်း စသည့်သတင်းအချက်လက်များမှတ်သားကြရပါတယ်ထို့အပြင် ရွာတိုးတက်မှု ဒေသထွက်ကုန်များ အတွက် ကုန်စည်များ ကူးသန်းရောင်းဝယ်နိင်ရေးဆိုင်ရာ ဈေးကွက်များ ဖြစ်ထွန်းလာပါတယ်
❇️ Social Development
--------------------
မြို့နေငွေတတ်နိင်သူများမှ ရွာအကျိုးကို သယ်ပိုးကျ အလှူငွေများကို ထို ဘုရားပွဲမှ ရရှိကြပါတယ် ရရှိသောငွေကို ရွာလည်လမ်းမကြီး ပြုပြင်ကြီး ဘုန်းကြီးကျောင်းလိုအပ်ချက်များ စာသင်ကျောင်းများ ကျေးရွာစာကြည့်တိုက်များ ထူထောင်နိင်ကြပါတယ်
❇️ ဈေးကွက် နှင့် ဝယ်ယူခြင်း နှင့် Village Media
---------------------------
ရွာဘုရားပွဲတွင် ရွာနည်းစပ်ချုပ် များ ဆယ်နှစ်ဈေးပွဲများ အငြိမ့်သဘင် Media များမှ တဆင့် မိမိရွာအခြေနေကို Marketing လုပ်ခြင်း ဆယ်နှစ်ဈေး ပွဲသမားများထံမှု ဈေးကွက် ဖြစ်ထွန်းမှု နှင့် ကုန်စည်အသစ်များ မြင်တွေ့ရခြင်း မုန့်မျိုးစုံ အဝတ်အထည် စိုက်ပျိုးရေးသုံး အိမ်သုံး ပရိဘောများ ဝယ်ယူခြင်း တနှစ်စာ လိုအပ်ချက်များဝယ်ယူခြင်းအမှုကို ပြုကြပါတယ်
✴️ ရွာခြင်းဆက်လမ်း
------------------
ပထမတင်ပြခဲ့တဲ့ ၁၀၀ အိမ်ရှိတဲ့ တောရွာကို ရွာဖြစ်အောင် ရွာကို ရွာကြီးဖြစ်အောင် ကျေးရွာအုပ်စု တွေ နဲ့ ချိတ်ဆက်ဖို့ လျှပ်စစ်ရဖို့ စံပြရွာဖြစ်ဖို့ဆိုတာက လမ်းပန်းဆက်သွယ်မှု အရေးကြီးပါတယ် မြို့ချင်းဆက်လမ်း ခရိုင်ချင်းဆက်လမ်းများရှိသကဲ့သို့ ရွာခြင်းဆက်လမ်းရှိရပါတယ် ရွာခြင်းဆက်လမ်းဆိုတာဟာ မိမိရွာမှာပဲ လမ်းဆုံးရမှာမဟုတ်ပဲ အခြား A မှ B ရွာသို့ ချိတ်ဆက်သလို ထပ်ဖောက်မှသာ ရွာခြင်းဆက်လမ်းလို့မည်ပါတယ်
❇️ ရွာချိတ်ဆက်မှု Village Network
------------------
တခါတလေမှ A ရွာ နဲ့ B ရွာ မတည်လို့ ရွာချင်းမဆက်တဲ့ အခါ ချိတ်ဆက်တဲ့ ရွာ ရှိသော်လည်း နောက် ဆက်ရွာကို မချိတ်ဆက်တဲ့ အတွက်မတိုးတက်ပါဘူး နောက် ကုန်ထုတ်လမ်းတွေ မကောင်းတဲ့ အတွက် တပတ်မှ တခါသာ မြို့ရောက်နိင်တဲ့ အခြေနေတွေရှိပါတယ် ယခင်က လှည်းလမ်း ယခု ဆိုင်ကယ်လမ်းဆိုလျှင် ထိုလမ်းကို ကုန်ထုတ်လမ်း ဖြစ်အောင် ချဲ့ထွင်မှသာရနိင်ပါတယ်
❇️ ရွာလည်လမ်း ၂လမ်း
----------------------
ရွာလည်လမ်းဆိုတာက ဘုန်းကြီးကျောင်းမှ ဘုန်းကြီးများ ဆွမ်းခံကြွရန်လမ်းဖြစ်ပြီး ကုန်ထုတ်လမ်းကတော့ရွာလည်လမ်းမကြီး နောက်ဘက်က လမ်းတလမ်းဖြစ်ပါတယ် ရဟန်းများ ဆွမ်းခံကြသည့်အခါ ရွာလည်လမ်းတိုင်း တအိမ်ဝင်တအိမ်ထက် ကြွသလို နောက်ကွယ်က ကုန်ထုတ်လမ်း ကိုလဲချဲ့ထွင်ရပါမယ် ဒါမှသာ ဆွမ်းခံ ကြွဖို့ရော နောက် နောင်လာနောက်သာများအတွက် တပါးတည်း အစီမံ ကိုဆောင်ရွက်ခြင်းဖြစ်ပါတယ်
------ ☸️
ယခုအချက်များကိုလေ့လာခြင်းဖြင့် ဘုန်ကြီးကျောင်းများအရေးပါပုံ စေတီများ ဘုရားပွဲများ လမ်းမများဟာ Rural Development အတွက် အရေးပါပုံကိုသိရှိနိင်မှာပါထိုအခြေခံအချက်များ ပြည့်စုံသောအခါ
၁) မူလတန်းကျောင်းများ
၂) ကျေးလက်ဆေးပေးခန်းများ
၃) ရပ်ရွာဥက္ကဌရုံးများ
၄) လျှပ်စစ်မီးရရှိရေးများ
၅) ကုန်ထုတ်လမ်းများ
၆) စိုက်ပျိုးရေးတိုးတက်ရေးအစီမံများ
၇) အလုပ်အကိုင်အခွင့်လမ်းများ
၈) ကျေးလက်ထုတ်ကုန်
၉) ကျေးလက်မီဒီယာ
၁၀) ကျေးလက်ရောင်းဝယ်ရေး
၁၁) ကျေးလက်ဈေးကွက်
၁၂) ကျေးလက် ဆက်သွယ်ရေး
၁၃) ကျေးလက်ပျော်ရွင်ရေး
၁၄) ကျေးလက်ငွေကြေး
၁၅) ကျေးလက်စုပေါင်းမှု
၁၆) One Village One Product
ကို မည်သို့ ချဲ့ထွင်တွေးတောပြီး စီမံရမည်ကိုထပ်မံသိရှိနိင်ပါမယ် ကျေးဇူးတင်ပါတယ် ကျေးရွာများတိုးတက်များပြားခြင်းဟာ နိင်ငံအတွက် ကုန်ထုတ်လုပ်ငန်းများတိုးတက်ခြင်းဖြစ်ပါတယ် မိမိလေ့လာသော အတွေ့ကြုံများကို အခြေခံသေားပါတယ် ထပ်မံတွေးတောမိပါက ဆက်လက်ဆွေးနွေးဖော်ပြပါမည်
အသေးစိတ်ဖတ်ရူပြီးပါက
အထက်ပါ အချက်လက် ၁၆ ချက်ကို မည်သို့တိုးတက်အောင်ပြူလုပ်နိင်မည်နည်း ဆိုတာကို ကောမန့်တွင်ဆွေးနွေးပေးပါ
ကျေးလက်ဒေသနေထိုင်သူများထံ Share ပေးပါခင်ဗျ
#Rural
#Village_development
ကိုနေစေး