Neuroscience For Kids Program


Neuroscience For Kids Program

Neuroscience ကိုဘယ်နယ်ပယ်မှာ အသုံးချသင့်သလဲ ဆိုတာလေးနဲ့ ဆွေးနွေးပါမယ်အာရုံသိမှု သိပ္ပံပညာ ဆိုတာဟာ ကျယ်ပြန့်ပါတယ် Computer Science တို့ အုပ်ချုပ်ရေးတို့ အပြင် ဆေးသိပ္ပံနယ်ပယ်မှာ သုံးကြတယ် အဲဒီထက် အသုံးများဆုံးနေရာကတော့ ပညာရေး နယ်ပယ် နဲ့ သင်ကြားမှု နယ်ပယ်မှာဖြစ်ပါတယ် အဲဒီထဲကမှ

Neuroscience For Kids ကလေးများဆီသို့ဆိုတာ အခုချိန်မှာ အရေးကြီးဆုံးပါ ၁ နှစ်ခွဲက ၇ နှစ်ထိ ကလေးငယ်လေးတွေ သားသားလေးတွေ သမီးလေးတွေဟာ Youtube ကို အရမ်းကြည့်ကြပါတယ် Youtube ကနေ English လိုသင်ကြားတယ် Japan လိုပြောနေတယ် အပြုမှုတွေကိုလေ့လာနေကြပါတယ်

ဒါမို့ ကျနော်တို့ဟာ ကလေးငယ်တွေ Brain Change လုပ်ရပါမယ် သူတို့ကို Direction ပေးရပါမယ် မနေ့က ကျနော်သမီးလေးဆိုရင် ထမင်းစားရင်း ဇွန်း နဲ့ ခရင်းပေးတယ် အောက်မှာ အဝတ်ခင်းတယ် ဖန်ခွက်ထဲရေဖြည့်ထားတယ် သမီးအဲတာတွေ ဖေဖေ တို့မသင်ပေးပဲ ဘယ်လိုသိလဲဆိုတော့ Youtube ကနေ သိတာပါတဲ့ ကျနော့် တော်တော်လေးတွေးမိသွားတယ်

သူတို့နဲ့ အတူ Youtube လေးတွေလိုက်ကြည့်ဖြစ်တယ် ကလေးတွေက သရုပ်ဆောင်ပြီး ကစားပြတယ် အရုပ်တွေ မုန့်တွေ ကြေငြာတာလဲရှိသလို ဂျပန်ကလုပ်တဲ့ KiD teaching Program လေးတွေလဲ့ ပါဝင်တယ် နောက် သူတို့ရဲ့ Culture တွေ လူကြီးကိုချစ်ပြရတာတွေ အမိန့်နာခံမှုတွေ အရုပ်စက်နည်းတွေ ကလေးညဏ်ရည် နဲ့ ရသလောက် ထည့်နေတာသတိပြုမိတယ်

ဒီ Program တွေ ဘယ်သူတွေလုပ်တာလဲ ဘယ်လူတွေ လုပ်ကြလဲ ဆိုတာလေ့လာတော့ တချို့ Fund ကြီးတွေက ဒီကလေးငယ်တွေ ဦးနောက်ဆိုင်ရာ ဖွံဖြိုးမှုအတွက်ရေရှည် Plan အနေနဲ့ ငွေအကုန်ခံပြီး လုပ်နေတယ်လို့ သိရတယ် ကျနော်တို့နိင်ငံမှာ Youtube ကလေး ပုံပြင်လေးတွေ ပြတဲ့ Program လေးတွေရှိတယ် အများစုက နိင်ငံခြားက နာမည်ကျော်ပုံပြင်တွေကို ဘာသာပြန်ထားတာဖြစ်ပါတယ် မြန်မာမြေ မြန်မာ့ အလေ့အထ မြန်မာယာဉ်ကျေးမှု ဘာသာရေး ထုံတမ်းလေးတွေ တော့ သိပ်ပါဝင်တာမတွေ့ရပါဘူး

ဘာပဲပြောပြောကျနော်သဘောကျပါတယ် ကလေးငယ်တွေ အမြင်ကျယ်ပါတယ် screen time ဘာညာ ဘေးဥပဒ်တွေပြောကြပေမယ့် ရာနူန်း တော်တော်နည်းပါတယ် ကလေးငယ်တွေ စိတ်ဝင်စားတဲ့ အစီစဉ်တွေ လိမ်မာရေးခြားရှိအောင် Brain တွေတိုးတက်အောင်လို့ သင်ကြားရေး Program လေးတွေ ရေးသင့်တယ် ကုန်ကျစရိတ်ကို နိင်ငံတော်မှ ဖြစ်စေ ပရဟိတ္တ လူမူရေးနယ်ပယ်တွေလဲ ဝိုင်းဝန်းသင့်တယ် 

ဒါအပြင် ဆရာတော် သံဃာတော်များမှလဲ Kid Youtube Program လေးတွေ ဖန်တီးသင့်တယ် ပုံပြင်အသစ်လေးတွေ ပေါ့ Teaching နယ်ပယ်ကတော့ Brain Development ပေါ့လေ ဒီလို Program လုပ်ရမှာ Child Psychology ကို အခြေခံပြီး ဘာသာစကားအခြေမပြုပဲ Knowledge ကိုပဲ အခြေခံသင့်ပါတယ်

SHARE ပေးပါလားဗျာ 
လုပ်နိင်တဲ့သူတွေ အတွက် အတွေးတချက်ပေါ့

နေစေး

No comments:

Post a Comment

ကောဇာ ၁၃၈၃ - ၂၀၂၁ ဧပြီ ၁၅ သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး Thingyan sar ( 48 Migapixel File )

၂၀၂၁ မြန်မာပြည် ရြှေ့ဖစ်ကို ကြိုပြီးဟောကိန်းမခန့်မှန်းနိင်တာမို့ Astro ကနေခန့်မှန်းထားတာတွေကို ဖော်ပြရရင် မဟာသင်္ကြန်စာ အပြင် အခြားသော S...

Perzi