4 - B 2 C Last Mile Delivery
Last Mile Delivery ဆိုတာကတော့ လက်ရှိ Express Currier တွေ SBS Express , MGL Express Company တွေဟာ E commerce Shop မှ ပစ္စည်းတွေကို သွားယူတယ် နောက် Customer Enduser ထိသွားပို့ကြတဲ့ Online Shopping အခြေပြု သယ်ယူပို့ဆောင်ရေးစနစ်ကိုဆိုလိုပါတယ် Online Shop ကနေရောင်းရင် အိမ်တိုင်ရာရောက်စနစ် ပို့ဆောင်မှုဖြစ်ပါတယ် သူက မြို့နယ် အခြေပြုပို့ဆောင်ရေး ဖြစ်ပါတယ် ရန်ကုန်မြို့နယ် တွင်း ရတဲ့ ဆားဗစ်များဖြစ်ပါတယ်
လက်ရှိ ဒီ ကဏ္ဍမှာ
1- Standard Delivery Cost
2- Information Delivery Portal / Directory
ဒီ ၂ ခု အရေးပေါ်ပြောင်းဖို့လိုအပ်ပါတယ်
၎င်း လုပ်ငန်းတွေဟာ တိုးတက်ဖို့လိုပါတယ် လက်ရှိမှာ လူတိုင်း Delivery သမားတွေလုပ်ကြတယ် 1 KG ဈေးနူန်းကလဲ အမျိုးမျိုးဖြစ်နေတယ် ဒါတွေကို Standard ဈေးတခုဟဖြစ်အောင် ပြင်ဆင်မှသာ E- Commerce Portal တွေလုပ်ငန်းတွေ က ချိတ်ဆက်သုံးစွဲဖို့ အဆင်ပြေမှာပါ ပစ္စည်းတခု Online မှာရောင်းဈေး နဲ့ ပို့ဆောင်ခကို အခြေပြုပြောနိင်မှသာ ဒီဈေးကွက် တက်လာမှာဖြစ်ပါတယ် Cost and Time က လက်ရှိ Online Shop တွေ အတွက် အကြီးကျယ်ဆုံးစိန်ခေါ်မှုဆိုလဲ မမှားပါဘူး
ဒီလို COST AND TIME တပြေးညီ Standard ဖြစ်စေဖို့ ဘာလုပ်ကြမလဲ လက်ရှိ မြန်မာနိင်ငံမှာ Express Currier Local Licence ၆ ခုပဲ ရှိပါတယ် တနှစ်ကို သိန်း ၄၀၀ ကျပ် သွင်းရပါတယ် ကျန်တဲ့သူတွေက Black လုပ်ဆောင်ကျပါတယ် Fairplay မှာ မမျှတတာတွေ့ရပါတယ် ဥပမာ လက်ရှိ လုပ်နေတဲ့သူတွေ ဟာ လိုင်စင်မရှိပါဘူး လိုင်စင်မရှိတဲ့ အတွက် အငြင်းပွားမှု ကိစ္စတွေ တရားဥပဒေ အရဖြစ်လာရင် စားသုံးသူအနေနဲ့ အင်မတန်မှ ဖြေရှင်းရတာ အခက်ခဲရှိပါတယ် ဒီတော့ သင်တင့်တဲ့ လိုင်စင် နဲ့ မြို့နယ်အခြေပြု ပို့ဆောင်ရေးလိုင်စင်တွေလဲ လုပ်အပ်တဲ့ အနေထားပါ ဒါမှ တာဝန်ယူမှု တာဝန်ခံ မှု ယဉ်ပြိုင်မှု မူဝါဒ ဥပဒေ နဲ့ ညီညွတ်စေဖို့လိုပါတယ်
Cost and Time တွေ လိုင်စင်တွေရပြီဆိုရင် Myanmar Lastmile Delivery Portal တခုကို Website တင်ရပါမယ် ထို Web မှာ Delivery Company တွေ အပြင် Telecom များကဲ့သို့ ဘယ်မြို့နယ် ဘယ်တို်င်းဒေသတွေဟာ Online Delivery Allow ဖြစ်တယ်ဆိုတာကို ပါ မြေပုံ Geo Data နဲ့ပြသနိင်မှာပါ လက်ရှိ e-Commerce ကဏ္ဍဟာ ရန်ကုန် နဲ့ မန္တလေး ဒီ မြို့ ၂ခုပဲ Online Delivery ကိုကောင်းကောင်းလုပ်နိင်ပါသေးတယ် အခြား တိုင်းဒေသကြီး ပြည်နယ်တွေမှာ လုပ်ဆောင်နိင်ခြင်း မရှိသလောက်ပါ
လက်ရှိ Last Mile Delivery ဆိုတာ Myanmar Post ကိုအခြေပြုပြီး ပစ္စည်းတွေကို ဖြန့်ဝေနေရပါတယ် ဘယ်မြို့တွေက အိမ်တိုင်ရာရောက် ပစ္စည်းပို့ပေးနေပါတယ် ဆိုတာကို ကျနော်တို့ Data အနေနဲ့ လူထုကို information ပေးဖို့လိုပါတယ် လူထုထဲမှာမှ ဝယ်ယူသူရော ရောင်းချသူရော ကြားထဲက နေ ချိတ်ဆက်ဖို့ Place တွေလိုပါတယ်
ရန်ကုန်မြို့ထဲ မှာ ၃၃ မြို့နယ်ဖြစ်ပေမယ့် Cover မဖြစ်တဲ့ မြို့နယ်တွေရှိပါတယ် ဥပမာ ထန်းတပင် သုံးခွ တွံတေး စတဲ့ မြို့နယ်တွေ အတွက် ခက်ခဲနေပါသေးတယ် အခြားပြည်နယ်နဲ့တိုင်းတွေ ပိုဆိုးပါတယ် သူတို့ကရော ဘယ်နက်ဝက်ကိုအခြေခံပြီး ဈေးရောင်းကြမလဲဆိုတာ ထည့်သွင်းစဉ်းစားရပါမယ် ယခုက ရန်ကုန်ကပို့လိုက် မြို့နယ် ကားဂိတ် ကိုလူကိုယ်တိုင် သွားယူတဲ့စနစ် ဖြစ်နေပါတယ်
Delivery နက်ဝက်ကျယ်ပြန့်ခြင်းဟာ e-Commerce Online Shop လုပ်ဆောင်နေသူအတွက် ဖြန့်ချီရေးဆိုင်ရာ ဈေးကွက်ရရှိခြင်းဖြစ်ပါတယ်
ထိုသို့ဈေးကွက် Data Map ကို ကြည့်ဖို့ တိုးချဲ့ဖို့ဘယ်မြို့နယ်တွေလွတ်နေလဲ ဘာတွေ လိုနေလဲ နိင်ငံနဲ့ တဝှမ်းတိုးတက်ဖို့အတွက် မဟာဗျူဟာလုပ်ငန်းစဉ်အတွက် အခြေခံ Information တွေကြည့်လို့ရတဲ့ Portal ကနေ ပထမခြေလှမ်း တခု စတင်လှမ်းရမှာ ဖြစ်ပါတယ်
အပိုင်း ၁
https://m.facebook.com/story.php?story_fbid=3569920699691232&id=100000200113085
အပိုင်း ၂
https://m.facebook.com/story.php?story_fbid=3569987489684553&id=100000200113085
အပိုင်း ၃
https://m.facebook.com/story.php?story_fbid=3570021066347862&id=100000200113085
အပိုင်း ၄
https://m.facebook.com/story.php?story_fbid=3570027049680597&id=100000200113085
#Myanmardelivery
ကိုးကားချက်မရှိပါ ( အတွေ့အကြုံပေါ်အခြေခံ )
နေစေး
No comments:
Post a Comment