Myanmar e-Commerce Delivey

Myanmar e-Commerce Delivery ( အပိုင်း ၁ )

နိင်ငံတော်ရဲ့ CERP plan ထဲမှာ 5.1.2 B မှာ Online မှ ဖောက်သည်များထဲ ပစ္စည်းလိုက်လံပို့ဆောင်ပေးသည့် လုပ်ကိုင်သူများကို အားပေးဆောင်ရွက်ရန် ဆိုတဲ့ အချက် ပါဝင်ပါတယ် ဒီ အချက်ကို MOC က ဦးဆောင်းပြီး ၂၀ ရက် နေ့ Delivery သမားတွေ နဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ် ဒီထဲမှာ ကျနော် Focus ဆွေးနွေးတဲ့ အကြောင်းရာလေးတွေ တင်ပြချင်ပါတယ်

e-Commerce Delivery ဆိုတာကို အီလက်ထရောနစ်ရောင်းဝယ်ရေးစနစ်အတွက် ပို့ဆောင်ရေးဆိုင်ရာ အထောက်အပံ့လို့လဲ ပြောလို့ရပါတယ် Logistics တွေ Express တွေ အပြင် Delivery လုပ်တဲ့ သူတွေလဲ ပါဝင်ပါတယ် ဒါကို အရင်ရှင်းအာင် အပိုင်း ၅ ခု အရင်ခွဲလိုက်ပါမယ် e Commerce Market Channel တွေ ကွဲပြားသကဲ့သို့ Delivery and Logistics မှာလဲ ကွဲပြားပါတယ် 

1 - International Logistics 
2 - Local Transportion Network
3 - B 2 B Truck Transport
4 - B 2 C Last Mile Delivery
5 - C 2 C Base Delivey Man
6 - P 2 P 

ဖြစ်ပါတယ် 

1 - International Logistics For e-Commerce

နိင်ငံတကာ သယ်ယူပို့ဆောင်ရေးစနစ်မှာဆိုရင် Cross Border e-Commerce တွေ Freightforwarding , ပင်လယ်ကူး သင်္ဘောတွေ , Shipping Line တွေ , International လေဆိပ် ရေဆိပ် တွေ ပါဝင်ပါတယ် ပြောရရင် တော့ဖြင့်ယခင် လုပ်နေကျ Trade Logistics လုပ်ငန်းစဉ်ကြီးတခု လုံးပါဝင်ပါတယ် - ONLINE ဖြင့် ချိတ်ဆက်ဆောင်ရွက်ပြီး LCL - FCL ကွန်တင်နာနဲ့ ပို့တယ် လေယာဉ်ဖြင့် ပို့တယ် စတဲ့ Trade Volume နဲ့ဘသွားတဲ့ ကုန်သွယ်မှုကို အဓိက ဆိုလိုပါတယ် ဒီ အတွက်က ရှိနေပြီးသား Logistics and Transport Network ကို အသုံးပြုပီး Upgrade လုပ်ရပါမယ် နိင်ငံအချင်းချင်းကုန်သွယ်တဲ့ Trade Commerce ကို အခြေပြုတဲ့ ပို့ဆောင်ရေးစနစ်တခုဖြစ်ပါတယ် 

2 - Local Transportion Network
Local Transport Network မှာပါဝင်တဲ့သူတွေကတော့ အခု ဟိုင်းဝေး ကုန်စည် ပို့ဆောင်ရေးအုပ်စုတွေ ပါဝင်ပါတယ် Yangon နဲ့ Mandalay ကားဂိတ်တွေ နိင်ငံရဲ့ မြို့နယ်ပေါင်းစုံက လာတဲ့ ဘုရင့်နောင်ကုန်စည် ဒိုင်တွေနဲ့ ချိတ်ဆက်ထားတဲ့ ပြောင်းကား ပဲကား ဆန်ကား စတဲ့ လက်ကြီး ကုန်သွယ်မှု စနစ်ရဲ့ အဓိကကြောရိုး သယ်ယူပို့်ဆောင်ရေးစနစ်ဖြစ်ပါ ဘယ် မြို့ to မြို့ ကုန်စည်သယ်ယူပို့ဆောင်တဲ့စနစ်ပါ မကွေးကနေ ဆန်တင်လိုက်တယ် ဘုရင့်နောင်ကိုရောက်သွားတယ် ဆိုတဲ့ သယ်ယူပို့ဆောင်မှုကိုဆိုလိုပါတယ်
- ပွဲရုံတွေ
- ကုန်စည်ဒိုင်
- Dry Port
- ပြည်တွင်းသင်္ဘောဆိပ်
- ဘူတာရုံ

3 - B 2 B Transport
B2B Transport ဆိုတာကတော့ ကားဂိတ်တွေပါဝင်ပါတယ် ဖာလေး ၁ဖာ ၂ဖာ ဘယ်ကိုပို့တာတို့ မူဆယ်မှာ ကုန်သည်တွေ အများကြီးစုပြီးဂိတ်မှာ ပစ္စည်းအပ်ပြီး ရန်ကုန်ထိ သယ်ယူတာတို့ Express အဝေးပြေးကားတွေ နဲ့ ပို့ဆောင်တာတို့ ဖြန့်ချီရေး BOX ကားတွေ အသုံးပြုတာ စီးပွားရေးလုပ်ငန်း များ မှ စီးပွားရေးလုပ်ငန်းများဆီသို့ သယ်ယူပို့ဆောင်ပေးတာကိုဆိုလိုပါတယ် အိမ်တိုင်ရာရောက်ပို့တာမဟုတ်ပါဘူး ကားဂိတ်ကိုပို့တာပါ မန္တလေး ကျွဲဆည်ကနေ ပို့တယ် အောင်မင်္ဂလာကိုရောက် ဒီလို အရာကိုဆိုလိုပါတယ် ဒီ အုပ်စုမှာဆိုရင် Karzo တို့ ဟာကျူလီတို့ မန္တလာမင်းတို့ ပါဝင်ပါတယ် B 2 B - Wholesale Transport Network ဖြစ်ပါတယ် 
- Hightway Express
- Distrbution Box Truck
- FTL - Full Truck Load

4 - B 2 C Last Mile Delivery
Last Mile Delivery ဆိုတာကတော့ လက်ရှိ Express Currier တွေ SBS Express , MGL Express Company တွေဟာ E commerce Shop မှ ပစ္စည်းတွေကို သွားယူတယ် နောက် Customer Enduser ထိသွားပို့ကြတဲ့ Online Shopping အခြေပြု သယ်ယူပို့ဆောင်ရေးစနစ်ကိုဆိုလိုပါတယ် Online Shop ကနေရောင်းရင် အိမ်တိုင်ရာရောက်စနစ် ပို့ဆောင်မှုဖြစ်ပါတယ် သူက မြို့နယ် အခြေပြုပို့ဆောင်ရေး ဖြစ်ပါတယ် ရန်ကုန်မြို့နယ် တွင်း ရတဲ့ ဆားဗစ်များဖြစ်ပါတယ်
- DHL, MGL , SBS 

5 - C 2 C Delivey ဆိုတာကတော့ ရပ်ကွက်မှ အိမ်သို့ ပို့ဆောင်ရေးစနစ်ကို အခြေခံပါတယ် မြင်သာအောင်ပြောရရင် Door2Door တို့ Food2U တို့ Foodpanda တို့ လုပ်ဆောင်နေတဲ့ Rider Delivery Man များဖြစ်ပါတယ် ဒီ အုပ်စုထဲမှာ E commerce နဲ့မဟုတ်ပဲ ပို့ဆောင်ပေးနဲ့ မြို့နယ် Twonship အခြေုပြု ပို့ဆောင်ပေးနေတဲ့သူတွေရှိပါတယ်သူတို့ကတော့ Rider သမားတွေက မြို့နယ်အခြေပြု ပို့ဆောင်သူတွေပါ

Rider သမားတွေ ( လက်ရှိလုပ်ဆောင်နေ )
Taxi Driver - ကားတွေ 
ဆိုက်ကား သမားတွေ
ရေသန့်ဘူးပို့တဲ့သူတွေ
သတင်းစာပို့တဲ့သူတွေဟာ လဲရှိပါတယ် သူတို့ကို UPgrade လုပ်ဖို့လိုပါတယ် Taxi မောင်းရင်း ပစ္စည်းပို့တယ် ဆိုက်ကားသမားက Delivery လုပ်တယ်ဆိုတဲ့သဘောပါ 

ဒီတော့ကျနော်တို့ အပေါ်က 1 , 2 , 3 ဆိုတာက လက်ရှိရှိနေတဲ့ Supply Chain ဖြစ်ပြီး Online ရောင်းဝယ်သူမှ ကာစတန်မာဆီ အိမ်အရောက်ပို့တဲ့ လုပ်ငန်းစဉ် မှာ အကျုံးမဝင်းသေးပါဘူး ဒါကြောင့် B2C Last mile Delivery တဲ့ C2C Delivery အခန်းကဏ္ဍ ကို ပဲ အဓိက Focus ထားပြီးဆွေးနွေးပါမယ် လက်ရှိ  

Channel 5 ခုကို အရင်ခွဲပီး ကဏ္ဍ အလိုက်သိရှိမှသာ လုပ်ငန်းစဉ် တခုလုံးကို နားလည်မှာဖြစ်ပါတယ်

Source: Facebook
https://m.facebook.com/story.php?story_fbid=3569920699691232&id=100000200113085

အပိုင်း ၂
https://m.facebook.com/story.php?story_fbid=3569987489684553&id=100000200113085

အပိုင်း ၃
https://m.facebook.com/story.php?story_fbid=3570021066347862&id=100000200113085

အပိုင်း ၄
https://m.facebook.com/story.php?story_fbid=3570027049680597&id=100000200113085

( ကိုးကားမရှိပါ မိမိအတွေ့အကြုံပေါ်အခြေခံ )

#Myanmardelivery

နေစေး

No comments:

Post a Comment

ကောဇာ ၁၃၈၃ - ၂၀၂၁ ဧပြီ ၁၅ သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး Thingyan sar ( 48 Migapixel File )

၂၀၂၁ မြန်မာပြည် ရြှေ့ဖစ်ကို ကြိုပြီးဟောကိန်းမခန့်မှန်းနိင်တာမို့ Astro ကနေခန့်မှန်းထားတာတွေကို ဖော်ပြရရင် မဟာသင်္ကြန်စာ အပြင် အခြားသော S...

Perzi