ပြောပြချင်တယ်ဗျာ ..ရဲတွေ မကောင်းဘူးဆို

ပြောပြချင်တယ်ဗျာ ..ရဲတွေ မကောင်းဘူးဆို
အခုရန်ကုန်က နေရာတွေ တချို့ မှာတရားဥပဒေ ကင်းမဲ့သလို အနုကြမ်းစီးတာတွေ အနိင်ကျင့်ခံရတာတွေ လုယက်မှုတွေ ခိုးမှု တွေ အဖြစ်များလာတယ်ဗျာ ဂျာနယ်တွေကလဲ ပလူပျံအောင်ရေးကြ ဖတ်ကြရတော့ သွားရလာရ တာ မလုံခြုံတော့ သလိုခံစားရတယ် စိတ်မချမှုတွေ ကြောင်ကြ မှုတွေ ဖြစ်လာရတယ်
ဒီပြသနာ အရင်းမြစ်ကိုကြည့်လိုက်တော့ တရားဥပဒေ စိုးမိုးမှုမရှိသလိုဖြစ်နေတာ ရာဇ၀တ် မှုတွေ အတွက် ပပြောက်လျော့နည်းဖို့ တာဝန်ရှိသူ ကိုရှာတော့ ပြည်သူ့ ရဲဝန်ထမ်းတွေ ဗျ .. ရဲတွေ ဘက်ကိုကြည့်တော့လဲ မလွယ်ဘူးဗျာ တင်မြင့် ကိစ မှာပဲ ကြည့် လူမိုက်က ရဲတွေတောင်မျက်စိထဲ မထားနိင်အောင်ရမ်းကား လာကြတယ်
အဓိကကတော့ ရဲတပ်ဖွဲ့ ဂုဏ်သိခါ ကျဆင်းနေသလိုဖြစ်နေတယ် ဘာလေးပဲ ဖြစ်လိုက်ဖြစ်လိုက် သတင်းတင်လိုက်ရင် ဖတ်ရတာက လူမိုက် ထက် ရဲ မကောင်းကြောင်းက ပိုများနေတယ် ရဲတွေ မဟုတ်တာ လုပ်တယ် လာဘ်စားတယ် ပြည်သူ မကာကွယ်ပဲ ပိုက်ဆံတောင်းတယ် စသဖြင့်ပေါ့ဗျာ ..ကျွန်တော်အတွေးလေး တချက် ၀င်မိတာက (ကျွန်တော်ရဲအသိုင်းဝိုင်းက မဟုတ်ဘူးနော် ) ကျွန်တော်သာ ရဲ ဆိုရင်ရော ကျွန်တော်တို့ကိုယ်တာဝန်အတိုင်း ကိုယ်လုပ်တယ်ဗျာ တာဝန်အရလုပ်နေတယ်ဒီလို အချိန် မှာ ရဲတွေ ကို မကောင်းဘူး ပြောရင် ကျွန်တော်သာ သူ့တို့နေရာမှာဆို ဒီအလုပ်ကိုစိတ် ကုန်မိ မှာအမှန်ပဲ ဘယ်လိုပဲ ကောင်းအောင်လုပ်လုပ် စိတ်ပျက်မိမှာပဲ ထားလိုက်တော့ ကွာ အကောင်းလုပ်လဲ အကောင်းမပြောမဲ့ အတူတူ သိပ်ကောင်းအောင် မလုပ်ချင်တော့ဘူး လေ
ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ ရဲတပ်ဖွဲ့ကို အားပေးဖို့ လိုအပ်နေပြီ ရဲတွေ စိတ်ဓာတ်ကျနေတယ် ရဲတွေ သိခါ ကျနေတယ် သူတို့ အလုပ်ကို သူတို့ လုပ်ရတာ စိတ်မပျော်တော့ဘူး ဗျ ကျွန်တော်တို့ ပြည်သူတွေ အားပေးဖို့ လိုနေပြီဗျာ ရဲ တပ်ဖွဲ့ မိသားစုတွေ ရဲတပ်သားတွေ ကို ကျွန်တော်တို့ ကူညီသင့်ပြီ ရဲနဲ့ ပြည်သူ တသားတည်းရှိသင့်ပြီဗျာ အဲ လိုထင်တယ်
ရဲ မရှိလို့ရော ဖြစ်လား ဥပဒေ မဲ့ရင် ခင်ဗျားကို ဘယ်သူက ကာကွယ်ပေးမှာလဲ
တကယ်ဆိုရဲ တပ်ဖွဲ့ ရဲ့ရည်ရွယ်ချက်က အရမ်းကောင်းတယ်လေ တရားဥပဒေ စိုးမိုး ဖို့ ခင်ဗျား ရော လုပ်နိင်လား ကျွန်တော်ရော လုပ်နိင်လား မလုပ်နိင်ဘူးလေ လုပ်နိင်တာကရဲပါ ပြည်သူ့ဝန်ထမ်းပါ သူတို့သာ လုပ်နိင်တာ လေ နိင်ငံဝန်ထမ်းပဲ ငါတို့ အခွန်တွေ နဲ့ လစာ ပေးထားတာပဲ သူတို့ အလုပ်သူတို့ လုပ်လေ လို့ ပြောလို့မရဘူးလေ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ စိတ်ဓာတ်ပိုင်းတွေ လိုသေးတယ်
သောက်လုပ်မလုပ်တဲ့ ရဲတွေ လဘ်စားဖို့ပဲ သိတယ် အမြဲ တမ်းပြောနေလို့ ရမလား ကျွန်တော်တို့ ပြည်သူတွေ ကရော လက်ကမ်းပေးဖို့ မလိုဘူးလား
ကဲကောင်းပြီဗျာ ဒါဆို ဘယ်လိုကူညီကျမလဲ ရဲတပ်ဖွဲ့ဝင်တွေ ကိုတွေ့တိုင်းလေးစားစွာဆက်ဆံပေးပါ ရဲ တပ်ဖွဲ့များကိုစာနာပါ ကျေးဇူးတင်စကား ကိုမလိုအပ်လည်းပြောပေးပါ အပြုံးတချက်နဲ့ ခေါင်းလေးတငြိမ့်နဲ့လေးစားပေးပါ လားဗျာ ရဲတပ်ဖွဲ့ဆိုတဲ့နေရာမှာယဉ်ထိန်းရဲတွေ လဲပါပါတယ် ရဲတပ်ဖွဲ့ ကအကူညီတောင်းရင် မိမိ တတ်နိင်သလောက် ပြန်လည်ကူညီပေးပါလားဗျာ
စကားစပ်မိလို့ပါ
ဟိုရက်က အကြောင်းတခုရှိလို့ ပုဇွန်တောင်ဈေးဘက်ရောက်တော့ ကားလမ်းတွေ ပိတ်နေ လိုက်တာဗျာ လမ်း ပြင်နေတာလေ အထဲ မှာ ကားတွေ ကြားထဲ မှာ နေပူပူထဲ မှာ ( ကျွန်တော်ကားကအဲကွန်းနဲ့ပါ ) ကားတွေ ရှင်းပေးနေတယ် ယဉ်ထိန်းရဲတဦးပါ ဘေးဘက်က ကားတစီးကပြောတာသဲ့သဲ့ ကြားလိုက်မိတယ် ငါ-ိုးမ သားတွေ ကားကြမရှင်းပေးဘူး ပိုက်ဆံတောင်းဖို့ပဲ သိတယ် တဲ့ စိတ်ထဲ မှာတော့ မကောင်းဘူး ပေါ့ မကြာခင်ပဲ ကားရှင်းပေးနေတဲ့ ယဉ် ထိန်းရဲ နားရောက်လာတယ် မှန်ချပြီး ကျွန်တော် ပြောမိတဲ့ စကားက ကျေးဇူးတင်ပါတယ်ဆို တာကို တကူးတက ပြောပါတယ် တကယ်လဲ ကျေးဇူးတင်ပါတယ်လေ ကျွန်တော် ပြောချင်တာက ကျွန်တော့် ကျေးဇူးတင်စကားက သူ့အလုပ် ကိုပိုတန်ဖိုးထားစေနိင်သလို နေပူပူထဲ ပြည်သူပေးတဲ့ လက်ဆောင်တခု လိုမြင်စေချင်တာပါ အသိမှတ်ပြုခံစေချင်တာပါ ကျေးဇူးတင်စကားအပြုံးလေးတချက်က ပင်ပန်းသလားဗျာ
ဒါပါပဲ တခါတလေ အပြစ်တင်ဖို့ ထက် ကျေးဇူးတင်စကားပြောပေးမယ် ဆိုရင်ဖြင့် အပြစ်တွေ ပြောနေမဲ့အစား အကောင်းဆုံး အရာကိုပေးနိင်ရင်ဖြင့် သူတို့ စွမ်းဆောင်ရည်ပိုမြင့်လာမယ်ဂရုစိုက်နိင်လာမယ်ဆိုရင် ကျွန်တော်တို့ကိုပြန်ဂရုစိုက်မှာပါ ဗျာ
ကျွန်တော်အခုလိုစာတွေရေး စီးပွားရှာနိင်တာ သွယ်ဝိုက်သောအားဖြင့် တရားဥပဒေ စောင့်ကြပ်နေတဲ့ ဘက်တော်သား ရဲတပ်ဖွင့်ဝင်များကြောင့်ပါကျေးဇူးတင် လျှက်ပါ ပြည်သူ့ဝန်ထမ်းများ
Via
ကိုနေစေး

No comments:

Post a Comment

ကောဇာ ၁၃၈၃ - ၂၀၂၁ ဧပြီ ၁၅ သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး Thingyan sar ( 48 Migapixel File )

၂၀၂၁ မြန်မာပြည် ရြှေ့ဖစ်ကို ကြိုပြီးဟောကိန်းမခန့်မှန်းနိင်တာမို့ Astro ကနေခန့်မှန်းထားတာတွေကို ဖော်ပြရရင် မဟာသင်္ကြန်စာ အပြင် အခြားသော S...

Perzi