ဒီလိုအချိန်မှာ ဘာသာရေးပြသနာတွေ ဖြစ်နေလို့ ..အားလုံးစိတ်ပူနေသော်လည်း .. ဒီလို အလှူလေးတွေ တူတူယဉ်တွဲလုပ်နိုင်တယ်

၄၂ လမ်းထိပ်က စတုဒီသာ ( သင်္ကြန် အတက်နေ့ ) မနက်ပိုင်း

ဒီနေ့တော့ .စတုဒီသာ ကျွေးရင် ကုသိုလ်ယူမိပါတယ် 
ကျွေးတာက ဒံပေါက် နဲ့ ကြက်သားပါ ..တော်တော်လေးပျော်ဖို့ကောင်းပါတယ်
ထူးခြားတာ ကဒီစတုဒီသာကို မူဆလင်ဘာသာဝင်တွေက စီစဉ်ပြီး မြန်မာတွေက ၀ိုင်းဝန်းကူညီ ကုသိုလ်ယူကြပါတယ် ..ပွဲရေ ၁၅၀၀ - ၁၇၀၀ လောက် ကျွေးပါတယ် ..လာတန်းဆီနေတဲ့ လူအုပ်ကြီးကို ကြည့်ပီး ကျွန်တော်တို့ဝိုင်းကူတဲ့လူတွေတောင် ..တော်တော်လေးပျော်ရပါတယ်
အလှူရှင်ဖြစ်တဲ့ ဘိုင်ကြီးကလဲ ပျော်နေတယ် ..နောက်နှစ်တွေ ဒီထက်ကောင်းအောင်လုပ်မယ်လို့လဲပြောပါတယ် ..အခုလုပ်တဲ့ ပွဲဟာ ဘာရည်ရွယ်ချက်မှာတော့ မရှိပါဘူး ..အယုတ်လတ်အမြတ်မရွေးစားသောက်နိုင်အောင် ပါတဲ့ .သင်္ကြန်တွင်း တကယ့်ကို ပီတိဖြစ် ရတဲ့ပွဲလေးပါ ..

ဒီလိုအချိန်မှာ ဘာသာရေးပြသနာတွေ ဖြစ်နေလို့ ..အားလုံးစိတ်ပူနေသော်လည်း ..
ဒီလို အလှူလေးတွေ တူတူယဉ်တွဲလုပ်နိုင်တယ်ဆိုတာ တကယ်ကို့ ကောင်းပါတယ် ..
ဂုဏ်လဲ ယူပါတယ်

သင်္ကြန်ရေနဲ့အတူ .. ဘာသာရေးပြသနာတွေ .လျှော့နည်း ပျောက်ကွယ်ပါစေလို့ ဆုတောင်းရင်း
ကိုနေစေး

No comments:

Post a Comment

ကောဇာ ၁၃၈၃ - ၂၀၂၁ ဧပြီ ၁၅ သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး Thingyan sar ( 48 Migapixel File )

၂၀၂၁ မြန်မာပြည် ရြှေ့ဖစ်ကို ကြိုပြီးဟောကိန်းမခန့်မှန်းနိင်တာမို့ Astro ကနေခန့်မှန်းထားတာတွေကို ဖော်ပြရရင် မဟာသင်္ကြန်စာ အပြင် အခြားသော S...

Perzi