တောဖျားဒေသတွင် စစ်ဘေးတိမ်ဒုက္ခသည်စခန့်တိုးလာ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားဒေသတွင် ဖားကြွယ်ကျေးရွာစစ်ဘေးတိမ်ရှောင်လာသောစစ်ပြေးဒုက္ခသည်(၉၂)ဦးရောက်ရှိပြီးဖားကြွယ်ဒုက္ခသည်စခန့်တခု ထပ်မံတိုးပွားလာပါသည်၎င်းစစ်ဘေးဒုက္ခသည်များစခန့်သို့အရေးပေါ်ကူညီပေးဆောင်မည့် အရပ်ဘက်အဖွဲ့အစည်းများမရောက်ရှိသေးတာကြောင့်စားနပ်ရိက္ခာ/အဝတ်အထည်များလိုအပ်လျှက်ရှိပါသည် မိမိတို့တောဖျားဒေသအခြေစိုက် ပိုးရွှီပြင်မဟာမိတ်လူမူကူညီရေးအသင်းအနေဖြင့်၎င်းဖားကြွယ်စစ်ဘေးရှောင်ဒုက္ခသည်စခန့်အား ယခုလာမည့် အင်္ဂါနေ့ တွင်သွားရောက်ပြီလှူဒါန်းသွားမည်ဖြစ်ပြီး နောက်ထပ် လူမူကူညီရေးအသင်းအဖွဲ့အစည်းများအနေဖြင့်လာရောက်ပြီ ကူညီပေးကြပါရန်တိုက်တွန်းနိုးဆော်အပ်ပါသည်
Supply & Demand Balance မြန်မာပြည် ရဲ့ကုန်ထုတ် လုပ်မှုစွမ်းအားပကတိအခြေနေသုံးသပ်ခြင်း တိုင်းတာခြင်း
စာတွေ ဒီရက်ပိုင်း တိုးတက်တယ်ဆိုတဲ့ စကားလုံးတွေလွမ်းမိုးနေတယ် စာတွေလဲ ဖတ်ဖြစ်တယ် သတင်းတွေ အခြားရေးထားတာတွေ ပဲ ဖတ်တာများကြီးပဲ သူများအသိတွေပဲ ဖတ်ရတော့ ကိုယ်တိုင်လဲ Creation လေးတခု အကျိုးသင့်အကြောင်းသင့်လေးတွေရေးချင်မိလာပါတယ် ဒီတော့ သူများရေးတာတွေ ဖတ်တယ် ကိုအသိနဲ့ ပြန်ပေါင်းတယ် နောက် ဒီပြသနာဆို ဘယ်လို ဖြေရှင်းမလဲ တွေးကြည့်ပါတယ် အဲကနေ တင်ပြပေးတာဖြစ်ပါတယ် ကျနော်ဟာ စာရေးဆရာတယောက်တော့ မဟုတ်ပါဘူး နိင်ငံတိုးတက်စေချင်သူ လားဆိုရင်တော့ ရှေ့ဆုံးကဖြစ်နိင်ပါတယ်
ကျနော် အဓိကပြောချင်တဲ့ အကြောင်းရာကတော့ Supply & Demand ဘာလို့ မမျှတာလဲ ထပ်ရှင်းရရင်တော့ Export နဲ့ import ဘာလို့ မမျှရတာလဲ ဆိုတဲ့ အကြောင်းရင်းပါ ကျ နော်အနေနဲ့ ဒီ အချက်တွေ ကို သေချာဖတ်ရှု အဖြေရှာကြည့်ပါတယ် အဲတာလေးကိုသုံးသပ်ရေးပြမှာပါ အရင်က လည်း Made in Myanmar ဆိုပီး မျှော်လင့်ချက်တိုတိုလေးရေးဖူးပါတယ် ကျနော် ပြည်တွင်းထုတ်ကုန်တွေ ကို အားပေးစေဖို့ တို့ နိင်ငံတိုးတက်စေချင်သလားလို့ ရေးခဲ့ပါသေးတယ် နောက် ဆိပ်ကမ်းမြို့သစ် Plan တွေဘာတွေ အစုံပါပဲ
Made in Myanmar
https://m.facebook.com/groups/1045636078782478?view=permalink&id=1331757173503699
https://m.facebook.com/groups/1045636078782478?view=permalink&id=1331757173503699
မိမိနိင်ငံတိုးတက်စေချင်သလား ? Jul 20
https://m.facebook.com/story.php?story_fbid=1387719464578044&id=100000200113085
https://m.facebook.com/story.php?story_fbid=1387719464578044&id=100000200113085
ကျနော်ကိုယ်တိုင် ကလည်း သွင်းကုန်ထုတ်ကုန် နဲ့ပတ်သက်ပြီး ဝန်ဆောင်မှုလည်းလုပ် ကိုယ်တိုင်လဲ တင်သွင်းမှုတွေ လုပ်တော့ Trade လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တီးမိခေါက်မိရှိပါတယ် ဒါပေမယ့် ကျနော်မသိတာက Production ပိုင်းတွေပါ အဲတာတွေ မသိတော့လေ့လာမိရာကနေ ဒီဆောင်းပါးဖြစ်လာပါတယ် စတင်ဖြစ်တာကတော့ တရုတ်ကလာ တဲ့
ကြက်သွန်နီကစပါတယ် ခင်ဗျာ
ကြက်သွန်နီကစပါတယ် ခင်ဗျာ
Export ကနေစလိုက်ပါ့မယ်
မြန်မာပြည်အဓိကပို့ကုန် ဆန်ပေါ့ဗျာ
မြန်မာပြည်အဓိကပို့ကုန် ဆန်ပေါ့ဗျာ
တကယ်ဆိုကျနော်တို့ နိင်ငံ စိုက်ပျိုးရေးနိင်ငံပါ လယ်မြေဧက ဟက်တာပေါင်းများစွာ ဥယျာဉ်ခြံမြေတွေ ဆိုလဲ ပေါမှပေါ ရန်ကုန်က ထွက်တာနဲ့ဘေးလမ်းမှာ လယ်ကွင်းတွေ ငါးကန်တွေ မြစ်တွေချောင်းတွေ ပေါမှပေါ ပါဗျာ ဒါနဲ့များတောင် ဆန် Export တို့ ဘာတို့ ကမ္ဘာမှာဈေးမရဘူးတို့ တတန်မှ ဒေါ်လာ ၁၂၀ ပဲ ရတယ်တို့ ဖတ်ရသိရတော့ ရင်ထဲမှာစိတ်မကောင်းဖြစ်မိတယ် နောက် ဘေးနိင်ငံက ထိုင်းတို့ အန္ဒိယ တို့ ကလဲ သောက်သောက်လဲ ဆန်တွေ ရောင်းကောင်းနေတယ် ထိုင်းကဆို နံပါတ် ၁ ဖြစ်တဲ့ India ကို ကျော်တယ်မယ် ၉.၅ သန်းတောင်းရောင်းမယ်တဲ့ ကျနော် တို့နိင်ငံ ကို ကြည့်လိုက်တော့ သဘာဝဖြစ်ရတာနဲ့ ကျနော်တို့ ဆန်ကို တရုတ်က ပဲ ဝယ်တာနဲ့ ဆန်ထက် ဆန်ကွဲကလည်းပိုရောင်းရတယ် ဆိုပဲ နောက် ဝယ်လက် တဦးတည်းကိုပဲ လုပ်ငန်းရှင်တွေ ဝေပုံကျ ပို့ရတာတွေ ဖတ်ရတော့ ကျနော်တကယ်ပဲလား မြန်မာရယ်ဆိုပီး စိတ်ဓါတ်ကျမိတယ် အခုလဲ မခံနိင်လို့ အာဖရိက ပါပို့မယ်ဆိုတော့ စိတ်ထဲ နည်းနည်းပျော်မိတယ် ဒါပေမယ့် ဖြစ်သေးမှ မဟုတ်တာဗျာ ဟိုရက်ကလဲ မြိုတော်ခန်းမရှေ့မှာ အိုကြီးအိုမ လယ်သမားတယောက် ဆန္ဒပြနေတာတွေ့တယ် စိတ်မကောင်းဘူး စပါးစိုက်တာစိုက်ခတောင်မရဘူးတဲ့လေ
အဲတော့ အဖြေရှာမိပါတယ် ကျနော်တို့ ရွာလေးတွေသွားတိုင်း ရွာထိပ်တွေ ရွာလယ်တွေ မှာ ဆန်ဂိုထောင်တွေ ရှိတယ် ငယ်ငယ်က ဆိုခဏခဏ ရောက်တော့ သတိထားမိပါတယ် နောက်ရန်ကုန် က စက်ဆန်းဆိုလဲ ဆန်ဂိုထောင်တွေ များကြီး အခုတော့ မရှိတော့ဘူးပေါ့လေ နောက် ဆူးလေ ဆိပ်ကမ်းတို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွေမှာလည်း မသုံးတော့တဲ့ conveyor အဟောင်းကြီးတွေ့မိတယ် ပထမ အလုပ်စစလုပ်ခြင်း အဲတာကြီးတွေ ဘာလုပ်တာမှန်းတောင်မသိဘူး နောင်မှ ဆန်အိတ်ကို လော်လီနဲ့တင် သင်္ဘောဝမ်းထဲတန်းချတာတဲ့ဗျာ ကျနော်ကတော့ သီလဝါမှ ကရိန်းနဲ့ ဆွဲ သယ်တာပဲ မြင်ဖူးတာကိုး ဟိုးအရင်ခေတ်ကို မသိခဲ့ဘူးလေ အရင်ခေတ်ကဆို မြန်မာပြည်က ဆန်အကြီးကျယ်ပို့ပီး ဆူးလေ ဆိပ်ကမ်းဆိုတာ ဒေသတွင်းနိင်ငံတွေမှာ တော်တော် international အဆင့်ဆိုပဲ အခုများတော့စုတ်ပြတ်နေတာပါပဲဗျာ
ဒါနဲ့ ဘာလို့ အဲလောက်ထိ အခြေနေဆိုးရတာလဲ ပေါ့ ချဲ့လိုက်ရတဲ့ လယ်မြေသစ်တွေ ဆောက်လိုက်ရတဲ့ ဆည်တွေ လုပ်လိုက်ရတဲ့ မြစ်ရေတင်စီမံကိန်းတွေ နည်းတာမဟုတ် ပဲခူးရိုးမတောကြီး မျက်မည်းထဲမှာတောင် ဆည်တွေ ရှိတယ် ဒါဆို အခြေခံထောက်ပံ့တာတွေ ကောင်းကောင်းရှိတာပေါ့ဗျာ အနော်ရထာမင်းလက်ထက်ကတည်းက ငလုံးလဖယ် အကြံနဲ့ ဆည်တွေဆောက်ပီး လယ်တွေရေပေး စပါးစိုက်ခဲ့တဲ့ နိင်ငံပါဗျာ စက်မှုလယ်ယာခေတ်တို့ သမဝါယမ စနစ်တို့ ရှိခဲ့တာပါ English ကသိမ်းထားတာတောင်စပါးစိုက်မပျက်ခဲ့ပါဘူး တင်ပို့ ရောင်းချမှုတွေ ရှိခဲ့တာပါ အခုများမှ စိုက်ပျိုးရေးနိင်ငံ ဖြစ်ပီး တနိင်ငံထဲ ရောင်းစရာရှိတယ်ဆိုတော့ ကျနော် တို့ အနေနဲ့ တော်တော်ကို အခြေနေဆိုးတာပါ ကျနော်ဖတ်ဖူးတာလေးတခုပါ အစ္စရေးနိင်ငံက ပညာရှင်တောင်ခေါ်ပြီး အကြံတောင်းဖူးပါတယ်တဲ့ နောက်ဆုံးလစပေးတာတောင် မယူပဲ ပြန်သွားပါတယ်တဲ့ ဟာဘာလို့လဲဆိုတော့ မင်းတို့နိင်ငံက ဘာပင်စိုက်စိုက် ပေါက်နေတော့ ငါတို့ ပညာရှင်မလိုပါဘူးတဲ့ ဘယ်နေရာမှာ ဘာပင်စိုက်စိုက်ပေါက်ပါတယ်တဲ့ ဒီတော့ ကျနော် မေးခွန်းတွေ မေးကြည့်ပါတယ် Why ? ဘာလို့လဲ
အဖြေတွေ အများကြီးထွက်ပါတယ်ခင်ဗျာ အစိုးရအဆက်ဆက် စီမံခန့်ခွဲမှု ကြောင့်လို့ တညီတညွတ်ထဲပြောပါတယ် ဒီအချက်ကတော့ အားလုံးလဲ ပြောနေ သိလည်းသိထားတာ ဖြစ်လို့ အကျယ်မပြောလိုတော့ပါ အစိုးရ စီမံခန့်ခွဲမှု ဘာတွေများ မှားနေလဲ ထပ်မေးကြည့်ရင်တော့ လယ်ယာလုပ်ငန်း လုပ်ကိုင်သူတွေ ကအများအပြား ပြောကြပါလိမ့်မယ် ကျနော်ကတော့ အပြစ်မတင်တော့ပါ ထားပါတော့လေ ဒီနေ့ အခြေနေနဲ့ ဘာတွေပြင်ရမလဲ ဘာတွေ လိုအပ်မလဲ ဆိုတာပဲ တွေးကြည့်ချင်ပါတယ် သိချင်ပါတယ် အဲတော့ တွေးကြည့်ဖတ်ကြည့်မေးကြည့်တော့ ကျနော်သိထားတာလေးတွေ ပြောချင်ပါတယ်
အရင်အစိုးရလက်ထက်ကထဲက စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေကို ကုန်သွယ်ခွန်ရော သွင်းကုန်ခွန်ရော ကင်းလွတ်ပေးထားပါတယ် ဆန်စပါးထုတ်လုပ်မှုလုပ်ငန်းစဉ်များကို အားပေးတဲ့ အနေနဲ့ပါ နောက် စပါးကို တနှစ်ကို တသီးထဲတောင်မဟုတ် ၂ သီးလောက်ထိ စိုက်နိင်အောင် မိုးစပါး နွေစပါး လုပ်ခဲ့ပါတယ် ဟိုတလောက ပြုတ်သွားတဲ့ ဝန်ကြီး ပြောတဲ့ အချက်တခုထဲမှာ သဘောကျတာ တခုပါပါတယ် တနှစ်ကို ၂သီးအစား ၁သီးကိုပဲ ဖြစ်ဖြစ်မြောက်မြောက်စိုက် စေချင်တာပါတဲ့ ဟုတ်ပါတယ်နွေစပါး အတွက် ရေတင်ရတာရေသိုလှောင်ရတာ ကလဲ အခက်ခဲ တခုပါ တချို့နယ်တွေဆို ရေလုံလုံလောက်လောက်မရပဲ နွေစပါးကို စိုက်နေကြတော့ အဆင်မပြေပါဘူး မိုးမှာစပါးစိုက် နွေမှာ ရွာအခေါ် ကိုင်းစိုက်ကြပေါ့ဗျာ အဲတာဆိုပိုအဆင်မပြေဘူးလား ပြေပါတယ် အဲလိုပဲ စိုက်ကြပါတယ် ဒါပေမယ့် လယ်သမားတွေမှာ အဆင်မပြေတော့ ပါဘူး မြေဆီ ( ဓါတ်မြေသြဇာ) သွင်းအားစုတွေ ဝယ်ရ - လယ်လုပ်သမက မရှိ ပိုးသတ်ဆေး ပေါင်းသတ်ဆေး တွေ ဝယ်ရ ရိတ်ရချွေရ နဲ့ ပီးတော့ ယခင်ကရှိပီးသားရွာ ဓလေ့တွေ လဲ ပျောက်ကုန်ပါပီ စိုက်စရိတ် နဲ့ ထွက်တဲ့ စပါးတင်း ကနောက် အဲစပါးရောင်းရငွေက စိုက်စရိတ် ကာမိရုံပါပဲတဲ့ ဒီနှစ်တွေ ဆုံး ဆုံးရူံးကြရပါတယ်
ခုနက အချက်တွေ ဖြစ်တဲ့ ဓါတ်မြေသြဇာ အကြောင်းပြောချင်ပါတယ် လယ်သမားတွေဟာ ဟိုးအရင်းက ဓါတ်မြေသြဇာတွေ ပေါင်းသတ်ဆေးတွေ မသုံးပါဘူး မျိုးစပ်စပါးတွေ လဲမရှိပါဘူး စပါးကွင်းဆိုလဲ လက်ကျဲကွင်းပါပဲ နွားနဲ့ထွန် ရေထည့် လက်နဲ့ ကြဲ ပေါက်တာပါပဲ အထွက်ကတော့ တိုးတာလဲရှိ မတိုးတာလဲ ရှိပေါ့ဗျာ မြေရင်းမြေသန် မှန်ရင် အထွက်တိုးတာပေါ့ဗျာ ဒီတော့ လယ်သမားတွေ ကနောက်ပိုင်း မြေသြဇာတွေ သုံးပါတယ် အထွက်ကလည်း အထူးတိုးပါတယ် ပုံမှန် ၅၀ တင်းလောက်ထွက်ရာကနေ ၈၀ တွေ ဘာတွေ ထိတိုးပါတယ် တဖန်ပေါင်းသတ်ဆေးတွေ အားတိုးဆေး ပိုးသတ်ဆေး သုံးပါတယ် ပေါင်းတွေလဲသေပါတယ် အခြားအပင်တွေလဲ သေပါတယ်နောက် ပိုးသတ်ဆေးဆိုလဲ ပိုးကောင်တင် မဟုတ်ပါဘူး ဘေးက အကျိုးပြုပိုးပါသေပါတယ် အားတိုးဆေးက တကယ်ကို သန်မာပါတယ် စိမ်းလို့ညို့လို့ပါ ဒါတွေ ကအစပိုင်းမှာတော့ အဟုတ်ပါပဲ ဓါတ်မြေသြဇာရောင်းသူတွေက လည်း အကြွေးကိုပေးထားတာပါ စပါးပေါ်မှပေးဆိုတာကြီးပဲ အဆင်တွေ ပြေပါတယ် ပြေကြပါတယ်
နောက်ကျတော့ ဘာဖြစ်လာလဲ ဆိုရင် ဓါတ်မြေသြဇာတွေက လယ်မြေတွေ ကိုအဆိပ်သင့်တာတွေ ဖြစ်လာပါတယ် နောက်ပိုးသတ်ဆေး တွေကလည်း ပြသနာရှိလာပါတယ် အဲဆေးတွေကနေ ရေတွေစိမ့်ဝင် မြစ်ချောင်းထဲတွေရောက် သားငါးလေးတွေ လဲ သေကုန်ပါတယ် မြစ်တွေချောင်းတွေမှာလဲ သားငါးတွေ ရှားပါလာပါတယ် ဓါတ်နဲ့ ပြုပီးလဲ ငါးဖမ်းတာလဲပါတာပေါ့လေ ဒါကဆက်မိလို့ပါ အဲလိုနဲ့ ကျနော်တို့တွေစပါး ထွက်ကုန်ကွာလတီတွေကျဆင်းလာပါတယ် နာမည်ကြီး ဓါတ်မြေသြဇာတံဆိပ် တခုဆို ဓါတုဓါတ်ကြွင်းတွေပါလို့တဲ့ ဈေးကွက်ထဲပြောက်ပီး နာမည်အသစ်နဲ့တောင်ရောင်းနေပါတယ် ဒါကြောင့် သဘာဝအတိုင်း အဖြစ်တဲ့ သီးနှံကြောင့် ကမ္ဘာက စာသုံးဖို့လက်တွန့်ပီး အဝယ်ပျောက်ရပါတယ်
နောက်တချက်ကတော့ စိုက်ပျိုးရေးဌာနတွေ အစိုးရ အားနည်းချက်တွေပါ လယ်သမားဟာ ဒီနှစ်ဘာဆိုက်ရမလဲဆိုတဲ့မေးခွန်းကို အမြဲမေးနေပါတယ် ဘယ်စပါးက ဈေးကောင်းလဲ ဘာသီးနှံကဈေးရလဲ ဒီနစ် အဲသီးနှံက ဈေးရရင်နောက်နှစ် တနယ်လုံး အဲတာပဲ စိုက်ပါတယ် ဟိုနယ်လဲ အဲတာပဲ ဒီနယ်လဲ အဲတာပဲတနိင်ငံ လိုလိုအဲတာပဲစိုက်ချိန်မှာတော့ ဈေးမရတော့ပါဘူး ဒီမှာတင်ဆုံးရူံးရပါတယ် ဘာလို့ဒီလိုဖြစ်ရတာလဲ ဆိုရင် အစိုးရက မပြောလို့ပါ တကယ်ဆို လယ်ယာကုန်သွယ်ဌာနတွေ စိုက်ပျိုးရေးဌာနတွေ ရှိတာပဲ ညီမျှအောင် သူတို့ အနေနဲ့ ဘယ်နယ်က ဘာစိုက် ဘယ်နယ်ရဲ့ မြေကတော့ ဘာကောင်းတယ် ဘာစိုက် သုသေသနတွေ ဈေးကွက်လေ့လာမှုတွေ ရှိတာပဲ လုပ်ပါပြောရင် လုပ်ရမှာပါ ဘာလို့မလုပ်တာလဲမေးရင် သူတို့ လုပ်ငန်း သူတို့ အလုပ်လုပ်ခဲ့ပါလိမ့်မယ်
ဒါပေမယ့် ဆုံးရူံးရင် လယ်သမားက ဌာနကိုမေးပါတယ် ဌာနအနေနဲ့ ပြန်ဝယ်ပေးနိင်လားဆိုတာပါ No ပါ အရင်ခေတ်ကတော့ အစိုးရကနေ စပါးအတွက် စိုက်ချေးငွေ ထုတ်ပီး ပြန်ဝယ်ပေးပီး စပါးဈေးကို ထိန်းထားပါတယ် အစိုးရကပဲစပါးကို ဒိုင်ခံရောင်းပါတယ် အဲတာမို့ ရွာတွေမှာ ဂိုထောင်တွေထားပီတောင် စပါးလှောင်ကြပီးရောင်းတာပါ အခုခေတ်မှာတော့ ဈေးကွက်စီးပွားရေးအရ အစိုးရ ကမကိုင်တွယ်တာဝန်မခံတော့ပါဘူး ဒီတော့ စိုက်တောင်သူတွေ ပြသနာတက်ပါတယ် ကိုယ်တိုင်စုံစမ်းရပါတယ် ဒီနေရာမှာ လုပ်စားသူတွေပေါ်လာပါတယ် Company တွေ ရှိလာပါတယ် Company တွေ ကဝယ်ပေးမယ်ဆိုတဲ့ အာမခံချက်မျိုးပါ ကိုယ့်နယ်ကို ကောင်းစားအောင် လုပ်ပေးတဲ့ လယ်သမားတွေ ဘက်ကရှိတဲ့ Company ကြီးတွေ ရှိပါတယ်
စိုက်ပျိုးစရိတ်တွေလဲ ထုတ်ချေးပါတယ်စပါးလဲဝယ်ပေးပါတယ် ထွန်စက်တောင်အရစ်ကျနဲ့ ဌားပေးပါတယ် ဒါပေမယ့် လယ်သမားတွေ ဘက်ကလည်း စည်းဖောက်ကျပါတယ် ထွက်တဲ့ စပါးအတိုင်း Company ကိုမသွင်းပါဘူး ဘယ်အချိန်တွေလဲ ဆို စပါးဈေးကောင်းတဲ့ အချိန်ပါ Company ခင်ဗျာရင်းထားရတာပါ အဲလိုလုပ်တော့ Company လဲ တော်တော်နစ်နာပါတယ် နောက် စိုက်စရိတ် ထုတ်ပီး စပါးမစိုက်ပဲ အလွဲသုံးစားလုပ်တာတွေ စပါးပေါ်မှ အစားပြန်ဝယ်ပေး ငွေလှည့်တာတွေလဲ ခံရပါတယ် နောက် Companyဘက်ကနေ လဲ ဝယ်ပေးမယ်ပြောထားပေမယ့် တနိင်ငံလို ဒီတမျိုးတည်းပဲ စိုက်ကျချိန်မှာ စပါးရောင်းသူပေါလွန်းလို့ Company ဘက်က ပြန်မဝယ်ပေးတဲ့ ကတိပျက်မှုတွေ ကလည်းရှိပြန်ပါတယ် Company ဘက်ကလည်း ငွေချေးထားလို့ ငွေပြန်တောင်းရင် ပြသနာရှာတာတို့ မပေးပဲပြေးတာတို့ကလည်း နယ်တိုင်းမှာဆိုတော့ စိတ်ပျက်တဲ့အနေထားပါ စိုက်တောင်သူကလဲ ရေမရတာ ရိတ်သိမ်းချိန်ကျော်တာ လူမရှိတာတွေ အကြောင်းပြပါတယ် နောက်ဆုံး အကြွေးပိတော့ ကဲ ယူစရာရှိလဲ လယ်ကိုသာသိမ်းပါတော့တဲ့ Company ဘက်ကလည်း ငွေမရတဲ့ အဆုံး လယ်သိမ်းရပါတယ် လယ်မရှိတာ့ အဲတောင်သူလဲ အလုပ်မရှိ Company ဘက်က လည်း လယ်တော့ ရပါရဲ့ တဆက်ထဲ ကွင်းမဟုတ် ဟိုတကွက် ဒီတကွက်နဲ့ မို့စိုက်လို့လဲ မရ နဂိုကထဲ စိုက် ဖို့မဟုတ်ပဲ စပါးဝယ်ရောင်းဒိုင် လုပ်တာမို့ သီးစား ချရ ဘာရနဲ့ တော်တော်လေးကိုအောက်ခြေထိ စီမံ ရတာပါ ဒီလိုအခက်ခဲတွေကို သိတဲ့ သူတွေလဲ သိပါတယ် နောက်ဆုံး Company တွေလဲ အော်ပြေးရပါတော့တယ်
နောက်တချက်ကတော့ စပါးအဝယ်တော်တွေဈေးကစားတာကလည်းပါပါသေးတယ် နောက် စပါးခိုးတာ ရောတာလဲရှိပါတယ် စပါးဆိုတာ ဆန်စက်ရောက်မှ စပါးကနေ ဆန်ဖြစ်တာပါ အဲမှာထဲက လယ်သမားက မကောင်းတဲ့စပါးအကျိုးကျေနဲ့ ရောပါတယ် နောက် စက်သမားကလဲ ရောပါတယ် အဝယ်ဒိုင်ကလဲရောပါတယ် အဲပြသနာက နောက်ဆုံး ဆန်လဲ ပို့ရော တခါစားပဲရပီး ဈေးကွက် ပျက်ရတော့တာပါပဲ ဒါကတော့ အရောပါ နောက်တခါကတော့ အခိုးပါ ဆန်မှာရောလို့အားမရသေး သင်္ဘောတင်ချိန်မှာ အိတ်လိုက်ဖျောက်တာတို့ တံစူးနဲ့ဖောက်ပီး ခါးပိုက်ဆောင်ထဲ ထည့်တာတို့ဆန်ကားက လမ်းမှ ထုတ်ရောင်းတာတို့ ကလဲ ရိုးရာတခုလို လုပ်ဆောင်နေကြတာပါပဲ တံစူးထိုးတာသိလို့သွားပြောမိရင်လဲ ကြားထဲက Export ဝန်ဆောင်မှု လုပ်သူက ရန်လုပ်ခံရနိင်တဲ့အခြေနေ ဖြစ်ရပါတယ်နောက် တခုကတော့ ဆန်တင်ချိန် အောက်ကျုံးကိစ္စပါ မတော်တဆ ဖိတ်ဆင်တာမဟုတ်ပဲ အောက်ကျုံးရအောင် ဖောက် တာကလဲ ပြသနာပါပဲ သင်္ဘောတင်တဲ့ ကုန်သည်လူယုံရှေ့မှာတင် မျက်လှည့်တွေက ပြတတ်ပါသေးတယ် ဒါတွေဟာ တဖက် နိင်ငံ ကို ကုန်ရောက်ချိန်မှာ မသမာမှုဖြစ်ပီး ဖောက်သည်တယောက် ဆုံးရူံးရတော့တာပါပဲ အခုရောဒီလိုကိစ္စတွေ ရှိသေးလားဆို ရှိဆဲပါ် ဒီကိစ္စဟာ ကုန်သည်တွေ အတွက် လဲ ပြသနာတရပ်ပါ အဲနယ်က ဆန်မဝယ်နဲ့ အဲဆန်စက်က ဆန်မဝယ်နဲ့ မသမာသူတွေနဲ့ အလုပ်မလုပ်နဲ့ ဆိုတော့လဲ လုပ်မယ့် သူကလည်းနည်းပါးတော့ အဆင်မပြေပါဘူး
ဒီလိုအခြေနေတွေထဲမှာ အခြားဆန်ရောင်းတဲ့နိင်ငံတွေကလဲ ဈေးကွက်ကို လွမ်မိုးတာချုပ်ကိုင်တာလဲ ရှိပါသေးတယ် ငါတို့ ကတော့ဒီဆန် တန် ၇ သန်းမှာမယ် ဆိုပီးလေသံပြစ် တကယ်ပို့တော့ မဝယ်တာတို့ ဈေးနှိမ်ပြစ်တာ တွေကလဲ ရှိပါသေးတယ် တရုတ် နိင်ငံဆိုရင် ဆန်ကို ဝယ်တော့ဝယ်ပါရဲ့ တရားဝင် တင်သွင်းခွင့်မရပါဘူး ကုန်သွယ်ရေးအရ တပန်းရူံးနေပေမယ့်လဲ သူမှမဝယ်ရင် ဆိုတဲ့ ဒုက္ခကလဲ မသေးပါ ဒီတော့လဲ ရောင်းရတာပါပဲ နောက် ဘေးက ဒေသတွင်းပြိုင်ဆိုင်မှု ဈေးကွက် လက်ဝါးကြီး အုပ်မှုတွေမှာလဲ ကျနော်တို့ ဆီက ဆန်ကုန်သည်တွေ လုံးဝမယှဉ်နိင်အောင် လုပ်ထားပါသေးတယ် ကွာလတီဘာဖြစ်ညာဖြစ် ဆေးတွေ သုံးတာတွေလဲ ပါပါတယ် အဲလိုလဲ ပြောကြဆိုကြပေါ့ နောက် စီးပွားရေးအရဒဏ်ခေတ်ပိတ်ဆို့တာတွေ အရှိန်ကလဲ ရှိနေပြန်တော့ လယ်စိုက် ဆန်ဈေးကွက်ဟာ တော်တ်ာလေးကို ခက်ခဲတဲ့ အနေထားဖြစ်လာရတာပါ
နောက် စပါးထုတ်လုပ်နိင်ဖို့ အခြေခံစနစ်တွေ ခေတ်မမှီတာအားမကောင်းတာတွေလဲ ပြောပြချင်ပါတယ် တကမ္ဘာလုံးမှာ လက်မှုလယ်ယာကနေ စက်မှုလယ်ယာ ကို ပြောင်းလဲပါတယ် ရေတင်စက် ချွေ့လှေ့စက် ထွန်စက် စတာတွေကို ပထမပိုင်းမှာ စက်မှု လယ်ယာတွေကနေ အကြွေးနဲ့ရောင်းတာတို့ စိုက်စရိတ်တွေ ထုတ်ချေးပေမယ့် စက်အရည်အသွေးမ ကောင်းတာ စက်တွေရဲ့စရိတ်က ဌာနကပေးတဲ့ ဈေးနဲ့ ပြင်ပဈေးကွာဟ တာတွေ တနှစ်သုံးပီး ပျက်တဲ့ လယ်ထွန်စက်တွေ တရက်စုတ်စက်တွေ ကလဲ ပြသနာတရပ်ဖြစ်လာပါတယ် နွားနဲ့ လယ်စိုက် ဖို့ဆိုတာကလဲ အခုနေ အခုချိန်ခါမှာ အဆင်မပြေတော့ပါ ဘူး
လယ်လုပ်သူတွေခင်မျာမလဲ အလုပ်သမ လယ်လုပ်သား ရှားပါတာတွေ ကြုံလာရပြန်ပါတယ် ရွာထဲက လူငယ်လူရွယ်တွေကလည်း အဆွယ်ကောင်းတာနဲ့ နိင်ငံခြားသွားအလုပ်လုပ်သူတွေ လယ်သမ က လည်း မြို့ပေါ်က စက်ရုံ အလုပ်လုပ်သူတွေ ဖြစ်ကုန်ကျတော့ လယ်အလုပ်သမားရှာလာရပါတယ် ကုန်ထုတ်စွမ်းအားကျဆင်းသွားပါတယ် ဒါကလဲ လုပ်သား လုပ်သမ တွေ အပြစ်တော့လဲမဟုတ်ပါ စပါးစိုက်လဲ ရူံးပင်ပန်းပီးငွေမရ စက်ပစ္စည်းလဲ မစုံတော့တဲ့ အခြေနေမှာ တရွာမကောင်း သူကောင်းမဖြစ် ဆိုသလို မွေးရပ်ကို စွန့်ကြပါတယ် ရွာမှာ ကောက်စိုက်လို့ပင်ပန်းရတာနဲ့ရတဲ့ငွေ ဟာ နိင်ငံခြားမှာ အလုပ်သွားလုပ်လို့လရတဲ့ ငွေထက် အပုံကြီးသာနေတယ်ဆိုတော့ သူတို့ အပြစ်လဲ မဟုတ်ပါဘူး အခုဆို လယ်သမားတယောက်ခင်များ အချိန်မှီ ထွန်ယက်ဖို့ ရေသွင်းဖို့ လုပ်ရ နောက်စိုက်သမတွေကို အခြားနယ်တွေထိသွားရှာရပြုရ နောက် စပါးထွက်လာတော့လဲ ရိတ်ဖို့ လူခေါ်ရ စက်ဌားရ တယောက်ထဲ အလုပ်လုပ်ဖို့ သိပ်ခက်ခဲလာတဲ့ အနေထားပေါ့ဗျာ
ဒီတော့ လယ် ဧက ၁၀ မှာ ၅ဧက လောက်ပဲ လုပ်နိင်တာတွေပိုလယ်တွေ မလုပ်နိင်တာတွေ ကိုရောင်း သီးစားချ အဲငွေနဲ့စက်တွေဝယ် တပိုင်တနိင်လုပ်ကြနဲ့ တော်တော်ဗျာများရတာပါ ဒီကြားမှာ ကျနော်တို့ နိင်ငံအတွက် ကြမ္မာဆိုးခေါ်မလားတော့ မသိ နာဂစ် ဖြစ်တော့ လယ်တွေပျောက်လူတွေသေ ရွာတွေ ပြောက်ဖြစ်ရပြန်ပါတယ် စပါးကလဲတော်တော်နဲ့ ပြန်စိုက်မရပါ နောက် နှစ်တိုင်း ရေကြီးတာတို့ ဘာတို့ကလဲ ပြသနာတရပ် ဖြစ်လာပြန်တယ် ခဏခဏ ဆုံးရူံးရတော့ ကြွေးလယ်ပင်းနစ်ပီး လယ်ပစ် အိမ်ပြစ် မြို့ပေါ်မှာ ကြုံရာ ကျပန်း ဈေးရောင်းစားရတဲ့ တောင်သူဦးကြီးတွေကလဲ များလာပါတယ် ဒါဟာ စပါးစိုက်ပြီးရောင်းချတဲ့ ဈေးကွက်ကို ကျနော်သိသလောက် တင်ပြတာဖြစ်ပါတယ်
ဆန်ကုန်သည်အသင်းတို့ဘာတို့ဆိုလဲ တော်တော်လေး ရုန်းကန်ရပါတယ် စိုက်တောင်သူ ကစပီး ဆန်တင်ပို့သူ အထိ သူ့ပြသနာနဲ့ သူပါ ဒါကတော့ လယ်ပေါတဲ့ နိင်ငံမို့ ဆန်ဈေးတခုကိုကွက် ပြောရတာဖြစ်ပါတယ်
အခုလိုဒေါ်လာဈေးတက် ချိန်မှာ ဈေးကောင်းရနိင်ပေမယ့် ဈေးကွက်မရှိ ဆန်မတင်ပို့နိင်တော့မှ တော့ Export ဆိုတာ စကားလုံးအနေနဲ့တောင်မပြောနိင်သလောက်ပါပဲ အထွက်များဆုံးဖြစ်တဲ့ မူဆယ်က လဲ လမ်းပိတ် ရန်ကုန်ဆိပ်ကမ်းကျတော့လဲ ကွန်တင်နာကားက ည၉ မနက်၆ ပြောင်း ပို့ရတဲ့ အနေထားကလည်းခက်လာပါတယ် တာဝန်ရှိသူတွေက ဆန်ဈေးကို ကုန်ဈေးနူန်းမတ်အောင်ထိန်းပေမယ့် လဲစပါးဈေးက ကျ စိုက်တောင်သူလဲငို တာဝန်ယူသူမရှိ စီမံသူမရှိ သစ္စာလဲမရှိ ဈေးကွက်လဲမရှိ လုပ်ချင်သူလဲမရှိ လုပ်ချင်စိတ်လဲ မရှိ တယောက်ကလဲ တယောက်ကို မယုံ နဲ့ ဆန်တင်ပို့မှုဈေးကွက် ကြီးဟာ ကသောင်းကနင်း ဗြောင်းဆန်နေတာပေါ့ဗျာ
အခုလိုဒေါ်လာဈေးတက် ချိန်မှာ ဈေးကောင်းရနိင်ပေမယ့် ဈေးကွက်မရှိ ဆန်မတင်ပို့နိင်တော့မှ တော့ Export ဆိုတာ စကားလုံးအနေနဲ့တောင်မပြောနိင်သလောက်ပါပဲ အထွက်များဆုံးဖြစ်တဲ့ မူဆယ်က လဲ လမ်းပိတ် ရန်ကုန်ဆိပ်ကမ်းကျတော့လဲ ကွန်တင်နာကားက ည၉ မနက်၆ ပြောင်း ပို့ရတဲ့ အနေထားကလည်းခက်လာပါတယ် တာဝန်ရှိသူတွေက ဆန်ဈေးကို ကုန်ဈေးနူန်းမတ်အောင်ထိန်းပေမယ့် လဲစပါးဈေးက ကျ စိုက်တောင်သူလဲငို တာဝန်ယူသူမရှိ စီမံသူမရှိ သစ္စာလဲမရှိ ဈေးကွက်လဲမရှိ လုပ်ချင်သူလဲမရှိ လုပ်ချင်စိတ်လဲ မရှိ တယောက်ကလဲ တယောက်ကို မယုံ နဲ့ ဆန်တင်ပို့မှုဈေးကွက် ကြီးဟာ ကသောင်းကနင်း ဗြောင်းဆန်နေတာပေါ့ဗျာ
အဆိုးတွေပဲပြောတော့ အခွင့်လမ်းတွေမရှိဘူးလားဆိုတော့ မဟုတ်ဘူးရှိပါသေးတယ် အရင်အစိုးရလဲ လုပ်ပါတယ် အခုအစိုးရလဲ လုပ်ပါတယ် အရင်ကမျိုးစေ့ထုတ်တဲ့ဌာနတွေ ပြန်လည်ပတ်ပီ တဲ့ စိုက်ချေးငွေတွေ ပြန်ပေးမယ် World bank ကလဲချေးပေးနေပါတယ် ဘာလို့ချေးလဲဆိုရင် ကမ္ဘာစားနပ်ရိပ်ခါအဖွဲ့မှာ လူသန်းပေါင်း ၉၆၀၀ အတွက်တောင်လိုနေတာပါ ဒါကြောင့် စိုက်ပျိုးရေးနိင်ငံ ဆိုတော့ထောက်ပံပေးတဲ့ သဘောပါ ဂျပန်ကလဲ အခု ODA loan 7 သန်းပေးမယ် အဲငွေတွေကို သေချာစီမံ စိုက်ဌာနနဲ့ လယ်သမားပေါင်းကြားစပါးဝယ်ယူရေးတို့ စုပေါင်းလယ်ယာစနစ် တို့ စိုက်ပျိုးမှုနည်းပညာတို့ နောက် SRI နည်းပညာ နဲ့စိုက်တဲ့မျိုးစေ့ထောက်ပံ့တာတွေ ဌာနပိုင် အသင်းပိုင် ဆန်စက်တွေ စတဲ့စီမံကိန်းတွေ လုပ်မယ်လို့လဲ ကြားထားတယ်
နောက်ဈေးကွက်ရှာဖွေဖို့ ဥရောပတို့ အာဖရိကတို့ကို ပို့နိင်ဖို့လဲ ဌာနပေါင်းစုံကကြိုးစားနေပါတယ် သတင်းထဲမှာ SRI နည်းပညာ စိုက်ပျိုးမှုကို သမ္မတကြီး ဦးထင်ကျော်ကိုင်တိုင် အားပေးနေပါတယ် နိင်ငံခြား ကအကူညီတွေလဲ ရမယ်ပေါ့ ဆန်ရှင်တွေလဲ ပေးဖွင့်ပြီဆိုတော့မျှော်လင့်ချက်ရှိလာတာပေါ့လေ
နောက်ဈေးကွက်ရှာဖွေဖို့ ဥရောပတို့ အာဖရိကတို့ကို ပို့နိင်ဖို့လဲ ဌာနပေါင်းစုံကကြိုးစားနေပါတယ် သတင်းထဲမှာ SRI နည်းပညာ စိုက်ပျိုးမှုကို သမ္မတကြီး ဦးထင်ကျော်ကိုင်တိုင် အားပေးနေပါတယ် နိင်ငံခြား ကအကူညီတွေလဲ ရမယ်ပေါ့ ဆန်ရှင်တွေလဲ ပေးဖွင့်ပြီဆိုတော့မျှော်လင့်ချက်ရှိလာတာပေါ့လေ
ဒါပေမယ့်ဗျာ ကျနော်တို့နိင်ငံဟာ ဆန်တခုထဲ ပို့မှာလား အဲတာဆိုလဲ ဆန်ပို့ ဖို့ဆိုလဲ သေချာလုပ်ရမှာပါ ဘယ်အစိုးရလာလာ ဒီ ဆန်ကိုပဲ အားထားကြ လုပ်ကြတာတွေ့ရတယ် အထွက်တိုးဖို့ ဘာဖို့ပဲ နောက် သယ်ယူပို့ဆောင်ရေးစနစ်တွေကလည်း ကားနဲ့သွားနေရတုန်း ဒီအတွက် ဓါတ်ဆီကလည်းလိုတုန်း မြေသြဇာက လဲ သွင်းရတုန်းပဲ တကယ်ဆို ဟိုးအရင်ခေတ်ကတည်းက ဓါတ်မြေသြဇာစက်ရုံတွေ ရှိပါတယ်ဗျာ ဒါတွေကို နိင်ငံတွင်းမှာ စံချိန်မှီထုတ်လုပ်ဖို့လိုပါတယ် ဓါတ်မြေသြဇာ ထုတ်လုပ်တာ ခက်ခဲလာဗျာ အခုဆို BIO တွေဘာတွေတောင်ပေါ်နေပီသဘာဝမြေစေး တွေ ကို ထုတ်နိင်မယ့်နည်းစနစ်တွေ ရှိနေပီ စက်တွေနဲ့လုပ်ရမှာပါ တနိင်ငံလုံးသုံးစွဲအားဆိုတော့ ဓါတ်မြေသြဇာ စက်ရုံတွေ ပြန်လည်ပတ်ရပါမယ် နောက် နောက် ပိုးသတ်ဆေး မသုံးဖို့ တားဆီးရမယ်ဈေးကွက်ထဲထိ ပိတ်ပစ်ရမယ် ဒါတွေ နောက် စုပေါင်းလယ်ယာ ဟက်တာကွက်တွေ သေချာ အကောင်ထည်ဖော်ရပါမယ် ဟက်တာကွက်တွေ လုပ်ဖို့ လည်မြေတွေ အနိမ့်အမြင့်ညိရမယ် ဘေးမှာရေနူတ်မြောင်းစနစ် ရေပိုရေလျှံအလေလွင့်နည်းအောင် လယ်မြေတွေ ကိုပြင်ရမယ် အဓိကဦးစားပေးတွေ အခြေခံလိုအပ်ချက်တွေ အရင်ဖြည့်ရမှာပါ အရိုးဆွဲ နေတဲ့ဆေးသုံးမှ စပါးပင်သန်တယ်ဆိုတဲ့ အတွေးခေါ်လဲ ပြင်ရပါမယ်
တနိင်ငံလုံးအတိုင်းတာမရရင်တောင်တနယ်လုံးအတိုင်းတာနဲ့ အရင်ပြုပြင်ရမှာပါ ဟက်တာကွက်တွေ ဖြစ်ရင် ထွန်စက်တွေ စိုက်စက်တွေ ရိတ်ချွေစက်တွေ အချိန်တိုတိုသုံးနိင်မယ် ထိရောက်မယ် မလိုအပ်သော စက်တွေ လုပ်အားတွေ ချွေတာနိင်မှာပါ နားလည်သူတွေက ဦးစီးပီး လုပ် မှရပါမယ် လယ်သမားကိုယုံပြီး ငွေတွေ ထုတ်ချေး စက်တွေ ထုတ်ပေးလဲ အတိုင်းတာတခုပဲ အဆင်ပြေစေပါတယ် Company တွေ ကို လုပ်ခိုင်း ပါ စပါးစိုက်ခိုင်း ပါ တောင်သူက ဝင်ကူ အကျိုးမြတ်ခွဲယူ အပြန်အလှန် တာဝန်ယူ အစိုးရက ကတိပေး လယ်ဧက များများရှိတဲ့တောင်သူဆိုရင် တော့တယောက်ထဲ ဦးစီးလုပ်ခိုင်း ဒါဆိုရင်တော့ သိပ်မဆိုးဘူး စုပေါင်းလယ်ယာကတော့ အဆင်ပြေပါတယ် ဒါပေမယ့် အခုကျနော်တို့ ဆီက လယ်တွေက လည်း ဟိုတကွက်ဒီတကွက် အပိုင်းပိုင်းလေးတွေ နဲ့ ဆိုတော့ စက်ဝင်မရ သူ့လယ်လမ်းဖောက်ရ ကျော်ရ ရေသွင်းပြသနာတက်ရနဲ့ သံသရာတွေ လည် အမုန်းတရားတွေဖြစ်နဲ့ စုစည်းမှုလဲမရှိပါ ဓါးနဲ့ ခုတ်တာတွေ ဖြစ်တယ်
နောက် ရိုးရာတခုရှိပါသေးတယ် အထက်ကလူကြီးလာမယ်ဆိုရင် ဌာနလူတွေက သေချာကွင်းဆင်းကြီးကျပ်ထားပါတယ်အဲအချိန်လေးမှာပေါ့ နောက်တောင်သူကလဲ ရွေးဖိတ်အားလုံး စပါးမစိုက်ဘူးသူကနေရာယူ ဝန်ကြီးတို့ လူကြီး တို့ကမေး အကောင်းလေးတွေရွေးဖြေ သဘောတွေကျ လက်ခုပ်တွေတီး အခမ်းနားတွေလုပ် နောက်ကျတော့ ဖြစ်မလာ အောက်ကဌာနက အလုပ်မလုပ် လယ်သမားကလဲ အလုပ်မလုပ် ချေးငွေယူ လှည့်သုံး နောက်ဆုံးတရားဆွဲ ထောင်ချ ဒီလိုပဲသံသယာတွေ လည်ကျအုံးမှာပါ အဲလိုဆက်ဖြစ်ကြမလားပဲ ကျနော် လယ်မလုပ်ဖူးသူ မြို့နေ လူတန်းစားတောင် ဒီပြသနာကိုသိရင် စီမံတဲ့ လူကြီးများ ပိုသိသင့်ပါတယ် တိုးတက်အောင်လုပ်တယ်ဆိုတာ တနေရာထဲ တိုးတက်နေလို့ မရ အားလုံးတပြေးညီတိုးတက်မှ ရမှာပါ စိုက်သူ ထုတ်သူ ရောင်းသူ Supply chain တခုလုံးတိုးတက်အောင် လုပ်ရမှာပါ အဲ အတွက် Infrastructure တွေလိုပါတယ် နောက် Market တွေ လိုပါတယ်
Infrastructure ဆိုလို့ဟိုနေ့က နိင်ငံခြား ကနေ Myanmar မှာ March 29-30 မှာ လုပ်မယ့် Infrastructure summit 2017 တက်မယ့် နိင်ငံခြားသူတယောက်က ဦးသီဟပိုင်ရေတဲ့ Can you share more on the supply chain infrastructure?
ဆိုတော့ ပြောစရာတောင်မရှိဖြစ်ခဲ့ရပါတယ် သူတို့က သူကြည့်နေတာတဲ့ သူ့မှာ နိင်ငံခြားက Investors တွေ ရှိတယ်တဲ့ ဒါပေမယ့် စိတ်ဝင်စားဖို့အတွက်က infrastructure တွေရှိဖို့လိုတယ်တဲ့လေ ကဲ သူများနိင်ငံက လူတောင် ကျနော်တို့ကိုပြောနေပီ နောက် ဆိပ်ကမ်း အထုတ်သွင်းတွေ ဘယ်လောက်ရှိလဲ တဲ့ ကျနော်ကတော့ အားကျမခံ ပြောလိုက်ပါတယ် သိထားတဲ့ CTNR အဝင်အထွက်စာရင်းပေါ့လေ
2014-2015 - Import - 377557 Export 367232 Total -744789
2015-2016 May - Import -.495173 Export 434164 Total - 894281
Trade Volume is Yangon to oversea 1 Year 20% ထိရှိတယ်ပေါ့ဂုဏ်ယူစွာပေါ့ သူတို့ဘက်ကတော့ ဘယ်လိုထင်မယ်မသိ နည်းချင်လဲ နည်းမှာပေါ့လေ အခုက Trade လုပ်ငန်းစဉ်တွေလဲပြောင်းတော့ ဆိပ်ကမ်းက အထုတ်အသွင်း နည်းသွားတာပေါ့ သိပ်အများကြီးတော့လဲဘမဟုတ်ပါဘူး လုပ်တော့ လုပ်နေရပဲ အဆင်ပြေအောင်ပေါ့
ဆိုတော့ ပြောစရာတောင်မရှိဖြစ်ခဲ့ရပါတယ် သူတို့က သူကြည့်နေတာတဲ့ သူ့မှာ နိင်ငံခြားက Investors တွေ ရှိတယ်တဲ့ ဒါပေမယ့် စိတ်ဝင်စားဖို့အတွက်က infrastructure တွေရှိဖို့လိုတယ်တဲ့လေ ကဲ သူများနိင်ငံက လူတောင် ကျနော်တို့ကိုပြောနေပီ နောက် ဆိပ်ကမ်း အထုတ်သွင်းတွေ ဘယ်လောက်ရှိလဲ တဲ့ ကျနော်ကတော့ အားကျမခံ ပြောလိုက်ပါတယ် သိထားတဲ့ CTNR အဝင်အထွက်စာရင်းပေါ့လေ
2014-2015 - Import - 377557 Export 367232 Total -744789
2015-2016 May - Import -.495173 Export 434164 Total - 894281
Trade Volume is Yangon to oversea 1 Year 20% ထိရှိတယ်ပေါ့ဂုဏ်ယူစွာပေါ့ သူတို့ဘက်ကတော့ ဘယ်လိုထင်မယ်မသိ နည်းချင်လဲ နည်းမှာပေါ့လေ အခုက Trade လုပ်ငန်းစဉ်တွေလဲပြောင်းတော့ ဆိပ်ကမ်းက အထုတ်အသွင်း နည်းသွားတာပေါ့ သိပ်အများကြီးတော့လဲဘမဟုတ်ပါဘူး လုပ်တော့ လုပ်နေရပဲ အဆင်ပြေအောင်ပေါ့
ဒါကြောင့်လုပ်မယ်ဆိုရင် အစကနေ အဆုံး အကုန်လုပ်မှ ရမယ့်အနေထားပါ Growth ဆိုလဲ အကုန် Growth ဖြစ်မှ ဟန်ချက်ညီညီ သွားမှ ရမယ့်အနေထားဖြစ်ပါတယ် ဒါတောင်ကျနော်က ဆန်အကြောင်းဦးတည်ပဲ ပြောနေလို့ပါ ဆန်မဟုတ်တဲ့ Export တွေ Demand ဖြစ်နိင်တဲ့ ကုန်စည်တွေ ရှိပါသေးတယ် သားငါး ကဏ္ဏ မှာလဲ လုပ်နိင်ပါတယ် အခြားပဲတို နှမ်း ဆီ တို့လဲ ရှိပါတယ် ဒါတွေပြောတော့ တချို့ ကုန်စည်များဟာ IMPORT အဖြစ် သွင်းနေရပါတယ်
ငါး ကဏ္ဏ ကိုစပြောပေါ့မယ်
ကျနော်တို့နိင်ငံမှာ အရင်က ငါးမွေးကန်နဲ့ မွေးတယ်ဆိုတာရှားပါတယ် အခုတော့ဘယ်နေရာကြည့်ကြည့် ငါးမွေးကန်တွေ မြင်နေရပါတယ် ပုဇွန် ကန်ငါးကန် အပေါ် ကြက်ခြံ ဟုတ်တော့ဟုတ်နေကျတာပဲ ဒါပေမယ့် တရိစ္စာန်အစာစရိတ်တွေ ကလဲ တော်တောဝန်ပိတာပါတချို့ ငါးကန်တွေက ခွင့်ပြုချက်မရှိပဲ တူးပါတယ် ဒါတွေထားပါ ဒီတော့ လမ်းဘေးလယ်တော်တော်များများက ငါးကန် ဖြစ်ကုန်ပါတယ် ငါးကန်တကန် တူးဖို့ ကုန်ကျစရိတ်က လည်းမသေးပါဘူး နောက်ငါးကန် အတွက်ရေအရင်းမြစ် လိုအပ်ချက်တွေ ငါးသားပေါက်တွေ က ငါးအတွက် အစာတွေက လဲ ဝယ်ရ ပါတယ်
ကျနော်တို့နိင်ငံမှာ အရင်က ငါးမွေးကန်နဲ့ မွေးတယ်ဆိုတာရှားပါတယ် အခုတော့ဘယ်နေရာကြည့်ကြည့် ငါးမွေးကန်တွေ မြင်နေရပါတယ် ပုဇွန် ကန်ငါးကန် အပေါ် ကြက်ခြံ ဟုတ်တော့ဟုတ်နေကျတာပဲ ဒါပေမယ့် တရိစ္စာန်အစာစရိတ်တွေ ကလဲ တော်တောဝန်ပိတာပါတချို့ ငါးကန်တွေက ခွင့်ပြုချက်မရှိပဲ တူးပါတယ် ဒါတွေထားပါ ဒီတော့ လမ်းဘေးလယ်တော်တော်များများက ငါးကန် ဖြစ်ကုန်ပါတယ် ငါးကန်တကန် တူးဖို့ ကုန်ကျစရိတ်က လည်းမသေးပါဘူး နောက်ငါးကန် အတွက်ရေအရင်းမြစ် လိုအပ်ချက်တွေ ငါးသားပေါက်တွေ က ငါးအတွက် အစာတွေက လဲ ဝယ်ရ ပါတယ်
ဒီကြားထဲအရမ်းပူ လို့ သေလို့ လိုချင်တဲ့ Export ဆိုက်မရတာတို့ကြီးထွားအောင် ဆေးထိုးတာတို့ကလဲ ပြသနာပါ ငါးကို အဓိက နိင်ငံခြားပို့နေတဲ့ Company ကလည်း နည်းပါတယ် လောက်လောက်လားလား လက်ညိုးထိုးစရာဆိုလို့ ငွေပင်လယ်တို့ ဘာတို့ ရှိတာပေါ့လေ ဒါကတော့ ရေချိုငါးမွေးမြူ တဲ့သူတွေ ပါ ငါးမွေးသူတွေမှာ လည်းဈေးကွက် လိုအပ်ချက်အရ ဈေးကွက်ဝင်ငါးတွေပဲ မွေးကြပါတယ် ငါးမြစ်ချင်း ရွေဝါငါးကြင်း တီလားပီးယား ငါးပါးနီ စာတာတွေပေါ့ ဒီထဲမှာ မြန်မာမျိုးရင် ငါးမျိုးစိတ်တွေ မွေးတာပြသနာမရှိပေမယ့်
တချို့ ငါးမုတ်လိုငါးတွေဟာ နိင်ငံခြားငါးမျိုးတွေပါ ဒီငါးတွေဟာ ကြီးထွားနူန်းကမြင့် သားပေါက်နူန်းကများနဲ့ ငါးကန်ကနေတဆင့် အင်းအိုင်ချောင်းမြောင်းကို ရောက်ကုန်ကျပါတယ် ပေါက်ဖွားကုန်ပါတယ် ဒီတော့ဒေသမျိုးရင်းတွေ ပျက်စီးရပါတယ် ဂေဟစနစ်လဲပျက်ပါတယ် ဒီငါးတခုထဲ ကြောင့်လားဆိုတော့လဲ မဟုတ်ပါဘူး ခုနက လယ်မြေ ပိုးသတ်ဆေးတွေ ဆိုးကျိုးကြောင့် ရေအရင်းမြစ်ရော ငါးတွေရော ပျက်ဆီးသေ ဆုံးသလို လျော့တိုက်ငါးဖမ်း တာတွေဟာ လည်း တောရွာမှာငါးရှားပါလားပါတယ် နောက် တခာကတော့ အင်းသူကြီး ကန်ထရိုက်စနစ်ပါ ချောင်းပိတ် မြောင်းပိတ်ပီး အခကြေးငွေနဲ့ လေလံယူ အချိန်တန်ရင် သားပေါက်မှ မချန် အကုန်သဲ့ စီးမဲ့ ကမ်းမဲ့ လုပ်တာကလဲ ပြသနာပါ အရင်အစိုးရလက်ထက်က အော်လွန်းလို့ ငါးဖမ်းချိန် ၃ လလောက် ဒေသခံတွေ ရခဲ့ပါတယ် ဒါမို့လဲ ငါးလေးဘာလေး စားရပါတယ်နိ့မို့ကတော့ မလွယ်ပါဘူး ချောင်းထဲကငါးပါဝယ်စားရတာပါ
နောက် ပင်လယ်ငါးဖမ်း ခြင်းလုပ်ငန်းပါ တကယ်ဆိုကျနော်တို့ နိင်ငံရဲ့ သဘာဝတွေဟာ သုံးမကုန်အောင်ပေါများနေပါတယ် မြန်မာငါးဖမ်းစက်လှေတွေ ငါးကို အသားကုန်ရှာပါတယ် ဂျမ်းဆိုတဲ့ငါးဖမ်းပိုက်နဲ့ ဆွဲပါတယ် ရေအောက် ကျောက်ဆောင်တွေပျက်ဆီးပီး ကမ်းနီးနားမှာ ငါးရှားကုန်ပါတယ် ခေတ်မှီ စက်တွေမပါပဲ အဆင်ပြေသလိုရှာ တော့ ရလာတဲ့ အဖိုးတန်ငါးတွေကိုလဲထိန်းသိမ်းဖို့ ရေခဲစက်တွေကမရှိ နောက်ဆုံး DIY ငါးခြောက်အဆင့်ရောက်ရပါတယ် ဒီတော့ ပင်လယ်ငါး Export ဈေးကွက်ဟာနည်းပါတယ် မပို့နိင်လို့ ဆီသွပ်စက်ရုံလုပ်တော့လဲ ခေတ်မှီငါးဖမ်းစက်လှေများမဟုတ်လို့ ငါးကမလတ် နောက်ဆုံး ပင်လယ်ကမ်းခြေမှာ စက်ရုံထောင် အဲကနေ လုပ် ပီးမှ ရန်ကုန်သည် Export လုပ် တော်တော်လေးကို မလွယ်တာပါ ဘေးအိမ်နီးချင်းနိင်ငံကတော့ Value add လုပ်တတ်လွန်းလို့ ငါးခိုဖမ်းရတာနဲ့ ဆေးချရတာနဲ့ မိမိငါးတွေ ဟာ ကုန်သလောက်ပါပဲ ရခိုင်ရော ဘိတ်ရော ဝင်ပီး စိတ်ကြိုက်ဖမ်းတာပါ ဒီလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံသူမရှိပါဘူး ဒါကလဲ သူများ အသက်ဆိုတော့ သိပ်မပြောချင်ပေမယ့် ကျနော်တို့ အတွက်တော့ ဆုံးရူံးစရာတခုပါ
ငါးအေးခဲ စက်ရုံတွေ အဆင့်မြင့်ငါးဖက်စက်လှေ တွေ ငါးရှာစက်တွေ ကမ်းခြေတဝိုက် ငါးဒိုင်တွေ အတွက် အအေးခန်းကားတွေ အအေးခန်း ငါးအဝယ်သင်္ဘောကြီးတွေ တည်ဆောက် လုပ်ကိုင်သင့်ပါတယ် ကမ္ဘာမှာ ပင်လယ်ငါးဈေးကွက် အရမ်းကြီးပါတယ် ရေချိုငါး မွေးတာတို့ ငါးရှဉ်တို့ ဖားတို့လဲ မွေးပို့နိင်သလောက်ပို့ရမှာ အမေရိကန်က ငါးဝယ်မယ်ဆိုလိုက်ရုံရှိသေး ငါးသားပေါက်ဈေးတက်တာနဲ့ ဘာနဲ့ဈေးကွက်ကလဲ ဖြစ်ပါတယ် နောက် တီလားပီယားက ကင်ဆာဖြစ်တယ်လဲ ဆိုရော ဈေးကွက်ကလဲ မသိတော့ဘူး ကျနော်တို့ဟာ ဈေးကွက်နောက်ကို လိုက်နေကြတာပါ ဈေးကွက်ကို ဖန်တီး ဖို့ ကြိုးစားဖို့ စွန့်စားဖို့ တွန့်နေပါတယ် လုပ်ငန်းရှင်အနေနဲ့ကတော့ မှန်ပါတယ် တွန့်မှာပါပဲ
အစိုးရကသာတွန်အားပေး ကူညီပေးဈေးကွက်ရှာပေးရင် တော်တော်လေး ကောင်းမှာပါ နောက်လည်ပတ်သွားမှ မကူရင်လဲ ဖြစ်ပါတယ် အစပိုင်းမှာတော့ အစိုးရက ကူညီပေးသင့်ပါတယ် အခုက အကူညီမရတဲ့ အပြင် ရှိနေတဲ့ ငါးကွန်တင်နာ တောင် စက်ရုံ့ကနေ အသွား ရန်ကုန်ဆိပ်ကမ်းမှာ ပုတ်ရတဲ့ အခြေနေ က လည်း မဟုတ်သေးပါဘူး နောက် တင်ပို့သူတွေကလည်း ငါးငါးဆိုပီး ကွန်တင်နာထဲ ဒဏ်ကြေးဆေးတွေ တရားမဝင် ပစ္စည်း ခိုးထုတ်တာတွေ ဘာညာတွေ ကလည်း ငါးလုပ်ငန်းကို ဖျက်စီးနေသလိုပါပဲ တခါက ငါးလုပ်ငန်းရှင် အမကြီးတယောက် ပြောတာ အခုထိမမေ့ပါဘူး EU ကနေ Offer လေးရလို့ငါးပို့ပါတယ် အားလုံးဝိုင်းပို့ကြ နောက် ကွန်တင်နာထဲ ဒဏ်ကြေဆေးတွေထည့် ဟိုဘက်ဆိပ်ကမ်းကနေမိတော့ မြန်မာငါးကွန်တင်နာကို ပိတ်ခိုင်း လုပ်တာကတယောက် ဆုံးရူံးတော့အများပြား တဘို့ထဲသမားတွေ ကြောင့် အခွင့်ရေးဆုံးရူံးပါတယ် ကာစတန်မှစစ်ဆေးသူများ ခင်မျာလဲ အတိုင်ခံ ရတော့ အလွတ်မပေးရဲ တဲ့အနေထားပါ လစ်ရင်လုပ်သူတွေ ကလည်းတော်တော်ကိုများပါတယ် ငါးပို့တဲ့ လုပ်ငန်းစဉ်ဟာ အအေးခန်းကွန်တင်နာနဲ့ ပို့ရတာပါ Plug in /Out time ရှိပါတယ် တစုံတရာကြောင့် သင်္ဘော အချိန်မှီမတင်ရင် အထဲက ငါးတွေ ပုတ်ပါတယ် ဒီလိုဆုံးရူံးမှုဖြစ်လာရင် ဘယ်သူမှ တာဝန်မခံပါ ဒီတော့ လုပ်ရကိုင်ရကျပ်တည်းလာရင် ဘယ်သူမှ မလုပ်ချင်တော့ပါ ဒီပြသနာသိပ်ကိုအရေးကြီးပါတယ်
နောက်တခုက တော့ ကြက်သားပါ
ကြက်သားဆိုတော့ ဟိုတခါ အေးခဲသားတွေ တင်သွင်းခွင့်ပြုမယ့်ကိစ္စကိုမှတ်မိကြမှာပါ ကျနော်တို့ နိင်ငံက ကြက်ကို EXPORT မလုပ်ပေမယ့် ပြည်တွင်းစားသုံးမှုကမနည်းပါဘူး
ကြက်သားဈေးတက်လို့ ပြည်ပကနေတင်သွင်းမယ်တဲ့ဗျာ အဲတော့ ပြည်တွင်းကြက်ဈေးကွက်ပျက် ပြည်တွင်းမှာ ကြက်ကမွေးသူမရှိဖြစ်မှာပေါ့ တကယ်တော့ မစဉ်စားချင်တာပါ အလွယ်လိုက်တာပါ အလွယ်လိုက်အောင်လဲ ဘေးက စီးပွားရေးသမားတွေ အခွင့်ရေးသမားတွေက စည်းချက်ညီညီ ရွေနားတော်သွင်းကြတာကိုး ထားပါဒါတွေ
ကြက်သားဆိုတော့ ဟိုတခါ အေးခဲသားတွေ တင်သွင်းခွင့်ပြုမယ့်ကိစ္စကိုမှတ်မိကြမှာပါ ကျနော်တို့ နိင်ငံက ကြက်ကို EXPORT မလုပ်ပေမယ့် ပြည်တွင်းစားသုံးမှုကမနည်းပါဘူး
ကြက်သားဈေးတက်လို့ ပြည်ပကနေတင်သွင်းမယ်တဲ့ဗျာ အဲတော့ ပြည်တွင်းကြက်ဈေးကွက်ပျက် ပြည်တွင်းမှာ ကြက်ကမွေးသူမရှိဖြစ်မှာပေါ့ တကယ်တော့ မစဉ်စားချင်တာပါ အလွယ်လိုက်တာပါ အလွယ်လိုက်အောင်လဲ ဘေးက စီးပွားရေးသမားတွေ အခွင့်ရေးသမားတွေက စည်းချက်ညီညီ ရွေနားတော်သွင်းကြတာကိုး ထားပါဒါတွေ
ကြက်မွေးတဲ့သူတွေဟာ Company တခုထဲကိုအားပြုပီးမွေးမြူနေရတဲ့ဈေးကွက်ပါ ဒီလိုဖြစ်တာလဲ H1N1 ကြက်ငှက်တုပ်ကွေးနဲ့ဆိုင်ပါတယ် နိင်ငံခြား Company ကနေ ကြက်သားပေါက်ရော ကြက်စာရော ကြက်ဆေးရော ဝယ်ရပါတယ် သူ့ ကြက်ကလည်း အစမ်းပါ ဘာရောဂါမှလဲ မဖြစ် ကြီးထွားမှုကလဲ မြန် သူ့အစာ သူ့ဆေး နဲ့မှ ဗျာ အဲတော့ ပထမတော့ Company က ဝယ်လိုအားနည်း တာပေါ့ ကြက်သားပေါက်အကြွးချပေးဘာပပေးပေါ့ မြန်မာ့ ကြက်ကိုသိပ် ပီး မမွေးချင်တော့ဘူး အကောင်ကသေး ဈေးကမရ ဆိုတော့ အဲဒိဘွစိကြက်ပဲ စားကြတယ် ဈေးကလဲ သက်သာတယ် အစိုးရကလဲ လိုက်တော့ကာပါတယ် ဒါပေမယ့် ဟိုဘက်က Market ထိုးဖောက်မှုတွေ ကသိပ်ကြီးတော့ အစိုးရဌာနတောင် အမှီမလိုက်နိင်ပါ ပီးတော့ကြက်သားပေါက် ထုတ်တဲ့ဘဌာနက အစိုးရဆိုတော့ သိကြတဲ့ အတိုင်းပေါ့ ဒီမှာတင် ဟိုဘက်က Company က ဈေးကွက်တွေချဲ့ ချဲ့ နောက်ဈေးကွက်လဲ ခိုင်ရော သူ့ စိတ်ကြိုက်ဈေး လုပ်တော့တာပဲ
ဘာသွင်းလို့ ညာသွင်းခ များလို့ ဆေးမရှိ ဆေးရှိရင် အစာမရှိနောက် ကြက်ပေါက်ပါ လိုသလောက်မပေးနိင် ခြံသမားတွေ ခင်မျာမလဲ ဘယ်သူ့ အဖေခေါ်ရမယ်မသိ အဲလိုနဲ့ ဈေးကွက်ဟာ လက်ဝါးတခုအောက်ရောက်ပါလေရော အခုဆို ဒီCompany ဟာ ထိပ်တန်းအခွန်ထမ်း စာရင်းမှာပါနေပါတယ် ဒီလို ကဏ္ဍမှာ မျိုးမှန် ကြက်ပဲ မွေးရင် ပြသနာမဟုတ်ပါ အခုတော့ စမိတော့ သူ့ကကွက်တိုင်း လိုက်ကြပေါ့ သိတဲ့ ပညာရှင်တွေ ကတော့ ပြောတယ်ဆိုပါတယ် ဒါပေမယ့်လဲ ဒါပေမယ့်လဲပေါ့ဗျာ အခုကြက်ဈေး တတ်တော့ စားသုံးသူပဲ ပြသနာတက်ရတာပေါ့
နောက်နွားတွေ မွေးနိင်ငံခြားပို့ တကယ်တော့ ဒီဈေးကွက်ဟာ တကယ့်အကြီးစားမှောင်ခိုဈေးကွက်ပါ နွားနဲ့ ဆိတ်နဲ့ ဟာ နိ့မစားဘူးဆို လွင်ပြင်ကျယ်ထဲ လွတ် စိတ်ကြိုက်မွေးလို့ ရပါတယ် ပီးရင် အဲတာကို အေးခဲသားလုပ်ပီး Export လုပ်ပါအုံး နိင်ငံခြားရောက်ဖူးသူတိုင်းသိပါတယ် အမဲသား ကို ဘယ်လောက်ဈေးနဲ့ ဝယ်ရတယ်ဆိုတာအခုတော့ ဘာဥပဒေ လဲတော့ မသိ သားသတ်လိုင်စင် ဘယ်ဈေး ဘယ်မျှ ဒါကလဲ အကုသိုလ်ဖြစ်နေတာရယ် နွားကိုမစားတဲ့ သူတွေ ဘာသာခြားတွေ ပဲလုပ်နေရကနေ တရားမဝင်ဖြစ် ဈေးကွက်မရှိတာပါ ဆိတ်ဆိုရင် တအုပ် အကောင် ၃၀ ထားပါလနောက် ၁နှစ် ဆို ၂ ဆ ၃ ဆ လောက်ဖြစ်နေပီ ဘာမှလဲ လုပ်စရာမလဲ စားကျက်ထဲ လွတ်ထား ရုံပါ သားရေလဲ ရ အသားဈေးလဲ ရ ဈေးကွက်ထဲ လဲ ကြည့်ပါ Export ရမရပေါ့
ဒါဟာ သားငါး ကဏ္ဍ တိုးတက်ဖို့ပါ
ဒါဟာ သားငါး ကဏ္ဍ တိုးတက်ဖို့ပါ
နောက်ကတော့ သစ်သစ်သီးဝလံ
အခု Export ကို မြန်မာစိန်တလုံးတွေ သွားနေပီ သိပ်ဝမ်းသာတာပဲ သူကမျိုးခိုးလို့မရဘူး မြန်မာ Origin ဈေးလဲရတယ် အဲပိုင်းမှာ ပညာတတ်သူတွေ များလို့လားမသိ Packing ကောင်းကောင်းနဲ့ ပို့တော့ သိပ်အားရတာပဲ မြန်မာပိုင်တွေဆိုတော့ ပိုကျေနပ်တယ်များများပို့ များများစိုက် သရက်ဈေးကွက်ကနေ အခြားသီးနှံတွေပါ လိုက်လို့ရတယ် ပေါ့ဗျာ
အခု Export ကို မြန်မာစိန်တလုံးတွေ သွားနေပီ သိပ်ဝမ်းသာတာပဲ သူကမျိုးခိုးလို့မရဘူး မြန်မာ Origin ဈေးလဲရတယ် အဲပိုင်းမှာ ပညာတတ်သူတွေ များလို့လားမသိ Packing ကောင်းကောင်းနဲ့ ပို့တော့ သိပ်အားရတာပဲ မြန်မာပိုင်တွေဆိုတော့ ပိုကျေနပ်တယ်များများပို့ များများစိုက် သရက်ဈေးကွက်ကနေ အခြားသီးနှံတွေပါ လိုက်လို့ရတယ် ပေါ့ဗျာ
နောက်ဖရဲ ဒါကတော့ ကျနော်တို့လုပ်တာမဟုတ် တရုတ်က ကိုယ်တိုင်ကို လာစိုက်တာ ပီးတော့ ကိုယ်တိုင် တရုတ်သယ်တာ အရင်က ဒေသခံတွေ ဆီကယူတာ ဈေးကကွာတော့ကိုယ်တိုင်ဆော်ရော မူဆယ်ဈေးကွက်မှာဖရဲကစပယ်ရှယ်ပဲ ဒေသခံ ပိုတဲ့ဖရဲကတော့ ဈေးကွက် လဲ ကောင်းနေရင် ယူတယ် ဈေးပေးတယ် ဈေးကွက်ကျလို့ကတော့ သူ့လူ သူတရုတ်ဆီကပဲ ဝယ်တာ အဲကျရင် လွတ်ပြစ်ပေတော့ပဲ အဲလို လုပ်တာတွေရှိတယ် ခံရတာပဲလေ
နောက် ပဲဈေးကွက် ကိုကြည့်မလား လယ် ၂သီးမစိုက်သူတွေက တသီးကိုမြေပဲ နှမ်း မတ်ပဲ ကုလားပဲ ပဲတီစိမ်း စိုက်တယ် အဓိက ဝယ်လိုအားက အန္ဒိယ နဲ့ အရှေ့လယ်ပိုင်းနိင်ငံတွေပါ ရူပီး တွေ ပြသနာတက်တော့ပဲ ဈေးကွက်လဲ ကြိုးတာပဲ နောက်ပဲ လောကမှ ခဏခဏ လိမ်ကြပြေးကြနဲ့ စရံငွေကြိုပေးကြိုယူ မလည့်ပါနဲ့ ဆိုပီး အသင်းက ပြောလဲမရ နောက်ဖြစ်ကြပီ ဆို အခြားဈေးးကွက်တွေလုပ်ငန်းတူသူတွေပါ ထိ ကုန်ရောအဲလိုကလည်းရှိသေးတယ် တောင်သူကလည်း စမ်းတဝါးဝါး ဒီနှစ် မတ်ပဲဈေးကောင်းတယ်ဆိုရင် နောက်နှစ် မတ်ပဲ တိုင်ပင်ထားသလို စိုက်ကြ ပဲလဲပေါ်ရော ဈေးကျရော အခုတော့ ပဲတီစိမ်းကို EU က သိပ်စိတ်ဝင်စားတယ်ဗျာ ဒါပေမယ့်သူက အရင်တရုတ်ကတဆင့် ဝယ်တာ အခု မြန်မာဆီကိုလာတယ် စိုက်ပညာပါပေးတယ် ဘာမသုံးရ ညာမသုံးရ Cretifate တွေ ဘာတွေ ရှိတယ် အဲနည်းနဲ့စိုက်ရင် ဈေးကောင်းပေးဝယ် အဲလိုတော့ ရှိတယ် မြန်မာဘက်က ပဲသမားတွေလဲ တော်တော်လေးတော့ ကြိုးစားနေတယ် ဗျာ အားရစရာပါပဲ
နောက် စားအုန်းဆီ ရောဆီအမျိုးမျိုး နိင်ငံခြားကသွင်းနေတယ်ဗျာ အစိုးရကလဲခွင့်ပေးထားတယ် နေကြာဆီ တို့ဘာတို့ကိုလက်စရောမပါဘူးတို့ ဘာတို့ပေါ့ တကယ်ဆို ပြည်တွင်းဆီ ကိုသုံးပါလားဗျာ မသုံးဘူး လို့ဆို ဆီမစစ်တာရယ် ဈေးကွာတာရယ်မို့ပါ ဈေးကွက်ကိုသတ်တာ ဆီသမားတွေ ကိုယ်တိုင်ပဲ ပဲဆီဝယ်ရင် ဘယ်တော့မှ အစစ်မရဘူး ဘူးမှာတော့ စစ်စစ်ပဲ တနပ်စား ညဏ်တွေလေ နောက်ဆီစက်တွေက လည်းကွာလတီကောင်းကောင်းမထုတ်နိင်ဘူး ဆီကြိတ်ထွက်တဲ့ ပဲဖတ်နှမ်းဖတ်တောင် တရိစ္ဆာန်အစာမှာဈေးရသေး ဆီကတော့ မလွယ် လုပ်သူတွေလဲ နည်းကုန်ပီ တောင့်မခံနိင်ဘူးလေ နိင်ငံခြားက ဘောက်ဆာ သင်္ဘောနဲ့ လာတာ ဒီမှာက ပဲစိုက် ပဲပို့ ဆီကြိတ် ဆိုတော့ စရိတ်တွေ စကတွေ တွေနဲ့ ဈေးမယှဉ်နိင်ဘူး ဒီတော့ ဆီဈေးကွက်လဲပျက်ရော
အခုလဲကြက်သွန်နီ ဈေးထဲမှာ တပိသာ ၄၅၀၀ လောက်ရှိတယ် ရေကြီး လယ်မြုပ်တာ အခွင့်ကောင်းယူပီး တရုတ်ကနေ ဝင်လာတာ ဝယ်ဈေးက တပိသာ ၃၅၀ ဆိုလား ရန်ကုန်ရောက်မှ ၁၈၀၀ လောက်ကျတယ်တဲ့ ကျနော်တို့ လယ်သမားကလဲ ကြက်သွန်မစိုက်တောင်ပေါ်ကလဲ မစိုက် ဆိုတော့ ဈေးကတက်ရော အဲတော့သွင်းကြပေါ့ နောက်ကျတော့ ကြက်လို သူ့စိတ်ကြိုက်ဈေးကစားမှာပေါ့ ဒီလိုနဲ့ ကျနော်တို့ဟာ
ဈေးကွက်တွေပျက်ရပါတယ်
ဈေးကွက်တွေပျက်ရပါတယ်
သွင်းကုန် ကလဲအားလုံးသွင်းနေရတာပါ ဘိလပ်မြေမြန်မာပြည်မှာလည်း လုပ်တယ်စက်ရုံလဲရှိတယ် အစိုးရလဲ လုပ်တယ် ဒါပေမယ့် ထိုင်းကနေ တင်သွင်းရပါတယ်
နောက် ရခိုင်ကမ်းရိုးတမ်းတလျှောက် သဘာဝရေနံသိုက်တွေရှိတယ် ရေနံကိုဓါတ်ဆီအဖြစ်မချက်တတ်တော့ ဓါတ်ဆီ ဒီဇယ် နိင်ငံခြားကသွင်းရပါတယ်
နောက်ကျတော်တို့ဆီက အလုပ်ကိုင်နည်း ဝင်ငွေနည်းတော့ လူတွေ Trade လုပ်ရပါတယ် အိမ်ဖော်တို့စက်ရုံမှာတို့ သန့်ရှင်းရေးတို့ စားသောက်ဆိုင်အကူတို့ ငွေတွေရပါတယ် အစိုးရလဲ အခွန်ရပါတယ် ဒီတော့ အဲလိုလုပ်ရတာဂုဏ်ယူကြပါတယ် ရင်နာစရာပါ ဒေါ်လာဈေးတက်လို့လဲ ပျော်တတ်ကြပါတယ်
အဲတော့ ကျနော်တို့မှာ ဘာတွေများ မျှော်လင့်ရမလဲ မရဲတရဲမေးရပါတယ် ဘယ်အစိုးရကို အကိုးရမလဲ ကျနော်တို့ တနေ့လုပ်စာလေး ရရင်ပဲကျေနပ် ရောင့်ရဲတတ်သူတွေပါ အဲဒီရောင့်ရဲတဲ့စိတ်ကပဲကျနော်တို့ ကို သတ်သွားတာလားဗျာ သေချာတာတခုကတော့ အလုံးတိုးတက်ဖို့ဆိုရင် ဗိုလ်ချုပ်ပြောသလို ပြဲနေအောင် လုပ်မှ တန်ကာကျမှပါ အကျင့်တွေပြင်ရမှာပါ လမ်းဘေးဈေးသည်းတွေ ဖမ်းတာထက် အဲလူတွေ အဆင်ပြေအောင် အလုပ်ကိုင်ခွင့်လမ်းတွေ ဖမ်းတီးပေးရမှာပါ
ပြောမယ့်သာပြောတာပါလေ ကျနော်ကိုယ်တိုင်လဲ IMPORT လုပ်နေသူပါ ကျနော်တို့မှ မလုပ်တတ်တာ မလုပ်တတ်တော့ လုပ်တတ်တဲ့နေရာက ရှာသွင်းဖြန့်ဖြူးရောင်းချရတာပေါ့ဗျာ ဈေးကွက်ကလဲ ကြီးရှာပါတယ် မင်္ဂလာဈေးရယ် ဘုရင့်နောင်ရယ် ရှိတာပဲဟာ ကျနော်တို့မှာ ပို့ကုန်တွေ value add လုပ်တာတို့ ဈေးကွက်လဲဖန်တီးတာတို့ ကွာလတီလဲ မြင့်ထုတ်ကုန်တွေ ထုတ်ကြပါ ဘာညာ အဲအရာတွေ ရေးပြတော့ မကောင်းတာ လုပ်နေတဲ့သူတွေ ခံပေါ့ ဖြစ်မှာပေါ့ အရင်ကလူတွေမကောင်းတာ ဟိုလူမကောင်းလို့ဒီလူမကောင်းလို့ လက်ညိုး မထိုးပါနဲ့ အဲထဲမှာ ကိုယ်လဲပါပါတယ်
အခွန်လေးဘာလေးဆောင် ပါ အခွန်ရရင် Infrastructure ဆောက်လို့ရပါတယ် တယောက်ထဲ အတွက်မလုပ်နဲ့ အများတွက် လုပ်ပါ ဒီနိင်ငံ မှာ သဌေးကြီးတွေ ရှိတယ် အပြစ်တွေ မတင်နဲ့ သူချမ်းသာသူ့ကုသိုလ်နဲ့ သူ အဲငွေတွေကို ဒီလို ကဏ္ဍတွေ မှာရင်နှီး နိင်အောင် တိုက်တွန်း ဆော်အော်ပါ ပါဝင်အောင်ဖိတ်ခေါ်ပါ တိုင်းပြည်တခုတိုးတက်ဖို့ အခရာကျဆုံးက အစိုးရဆိုရင် အဲခရိုနီလဲ မေ့ထားလို့မရဘူးဗျ ဒါတွေလုပ်ဖို့ငွေလိုတယ် နိင်ငံတော့ငွေလိုတိုင်းလှည့်ပတ်ချေးနေတာနဲ့ ပဲကျနော်တို့လဲ အကြွေးများနေပီ ဟိုကလဲ ချေးမှာပဲ သံယံဇာတတွေ နည်းမှတ်လို့ ချေးတာလေးတွေ ရလဲ အကျိုးရှိရှိ သုံးပါဗျာ ဟိုအစိုးရတုန်းကတော့ ၁၀၀ ရရင် ပြည်သူဆီ ၂၅ ကျပ်ရောက်တယ် အခုအစိုးရ ကတော့ ၁၀၀ ရရင် ၅၀ ရောက် ကျေနပ်ပီ ၁၀၀ ပေးပီး ၁၀၀ ပါပျောက်အောင်တော့မလုပ်ပါနဲ့ လို့ နောက်ပြောချင်တာက ကျနော်တို့ GDP / GNP တက်ချင်ပါတယ် နောက် ဆုံး နိင်ငံဝင်ငွေ တဦးချင်း GDP တွေ နိင်ငံသားအလုပ်ပေးနိင်မှု GNP တွေ မတက်ရင်တောင်မှ 2011 မှာနိင်ငံတွေရဲ့ အတိုင်းတာအသစ်တခုဖြစ်လာတဲ့ GNH လေးတော့ တိုးတက်ချင်တယ်ဗျာ
နိင်ငံတိုးတက်မှု စံနူန်းများ
What Is Countries Growth GNP & GDP ?
Gross national product (GNP) is the market value of all the products and services produced in one year by labor and property supplied by the citizens of a country. Unlike gross domestic product (GDP), which defines production based on the geographical location of production, GNP indicates allocated production based on location of ownership. In fact it calculates income by the location of ownership and residence, and so its name is also the less ambiguous gross national income.
What Is Countries Growth GNP & GDP ?
Gross national product (GNP) is the market value of all the products and services produced in one year by labor and property supplied by the citizens of a country. Unlike gross domestic product (GDP), which defines production based on the geographical location of production, GNP indicates allocated production based on location of ownership. In fact it calculates income by the location of ownership and residence, and so its name is also the less ambiguous gross national income.
GNP is an economic statistic that is equal to GDP plus any income earned by residents
What Is Countries Growth GNH ?
The phrase Gross National Happiness (GNH);
is a measurement of the collective happiness in a nation.
The phrase Gross National Happiness (GNH);
is a measurement of the collective happiness in a nation.
Today, GNH has come to mean so many things to so many people but to me it signifies simply - Development with Values. Thus for my nation today GNH is the bridge between the fundamental values of kindness, equality and humanity and the necessary pursuit of economic growth.
The GNH concept has inspired a modern political happiness movement.[citation needed]Through the contribution of several western and eastern scholars, economists and politicians, the concept evolved into a socioeconomic development model.[citation needed] In July 2011, the United Nations passed Resolution 65/309, that was adopted unanimously by the General Assembly in July 2011, placing "happiness" on the global development agenda.[
စီးပွားရေးတို့ နိုင်ငံရေးတို့ တိုင်းထားတာတော့ ကျနော်မကြည့်သေးဘူးဗျာ လေ့လာချင်ရင်တော့ဒီနေရာမှာလေ့လာပါဗျာ
https://knoema.com/atlas/Myanmar
https://knoema.com/atlas/Myanmar
ကျနော်တို့နိင်ငံသားတွေ Gross National Happiness (GNH) Rate ကို တော့စိတ်ဝင်စားတယ်ဒီမှာကြည့်ပါတော့ဗျာ
https://knoema.com/SDSNWHP2016/world-happiness-report-2016
https://knoema.com/SDSNWHP2016/world-happiness-report-2016
ဒီတော့ 2016 မှာ Result ကောင်းကောင်းထွက်ဖို့လိုပါတယ်
နိင်ငံတနိင်ငံဟာတိုးတက်သွားတာလား ဆုတ်ယုတ်သွားတာလား ဘယ်နေရာတွေ တိုးတက် ဆုတ်ယုတ်တယ်ဆိုတကတော့ ကျနော်တို့တွေ World Report တွေကသာဆုံးဖြတ်ပါလိမ့်မယ်
နိင်ငံတနိင်ငံဟာတိုးတက်သွားတာလား ဆုတ်ယုတ်သွားတာလား ဘယ်နေရာတွေ တိုးတက် ဆုတ်ယုတ်တယ်ဆိုတကတော့ ကျနော်တို့တွေ World Report တွေကသာဆုံးဖြတ်ပါလိမ့်မယ်
Thiha Paing @ ကိုနေစေး
Via Myanmar Group
Via Myanmar Group
Subscribe to:
Posts (Atom)
ကောဇာ ၁၃၈၃ - ၂၀၂၁ ဧပြီ ၁၅ သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး Thingyan sar ( 48 Migapixel File )
၂၀၂၁ မြန်မာပြည် ရြှေ့ဖစ်ကို ကြိုပြီးဟောကိန်းမခန့်မှန်းနိင်တာမို့ Astro ကနေခန့်မှန်းထားတာတွေကို ဖော်ပြရရင် မဟာသင်္ကြန်စာ အပြင် အခြားသော S...
-
Myanmar e-Commerce Delivery ( အပိုင်း ၃ ) 5 - C 2 C Delivey ဆိုတာကတော့ ရပ်ကွက်မှ အိမ်သို့ ပို့ဆောင်ရေးစနစ်ကို အခြေခံပါတယ် မြင်သာအောင်ပြောရရင...
-
အမေ့ဘက်ကအမျိုးရွာ မရောက်တာ ၁၅ နှစ် မိဘကိုကကျေးဇူးဆပ်ရင်း ညီအကိုသုံးယောက် ပဇင်းတက်ဖြစ်ပါတယ် ရွာလေးက သာယာပြီးသိပ်ချစ်ဖို့ကောင်းတယ်ရွာသ...