လောကကြီးမှာ သင်ယူစရာတွေသိပ်များတယ်


လောကကြီးမှာ သင်ယူစရာတွေသိပ်များတယ်
ကျွန်တော်က အင်ဂျင်နီယာလဲမဟုတ်ဘူး ကားသမားလဲ မဟုတ်ဘူး အိုင်တီသမားလဲ မဟုတ်ဘူး စာရေးဆရာလဲ မဟုတ်ပါဘူး သာမန်လူတဦးပေါ့
ဒီလိုနဲ့ အလုပ်ထဲမှာကျင်လည်ရင်း စာတွေသင်ရပါတယ် လေ့လာမှတ်သားရပါတယ် အလုပ်တွေလုပ်ရင်း ပစည်းတွေရောင်းရင်း ကိုယ်ရောင်းတဲ့ ပစည်းအကြောင်းကိုအရင်သင်ယူရပါတယ် အတွေ့အကြုံကတော့ စုံမှစုံပဲ
boat တစီးဆင်တော့ အင်ဂျင် အကောင်ရေအားတို့ အင်ဂျင်အမည်တွေ ပတ်အားတွေ နောက် ဘီးဖြုတ်တဲ့ wrech လေးတွေရောင်းတော့ ဝယ်သူက မေးတယ် ဘယ်လောက်ပေါင်ရလဲတဲ့ ဟပြသနာပဲ ကျနော်လဲ မသိ သူဆိုလိုတာ ဘာကိုလဲမသိတာပါ အဲတာနဲ့ အင်တာနက်မှာလေ့လာရပြန်ပါတယ် Torque ပေါင် တင်းအားကျပ်အား NM တွေ အကြောင်းသိရပါတယ် နောက်တယောက်ကမေးပြန်ပါတယ် ဘယ်လောက် KG ခံ နိင်လဲ တဲ့ Capacity weight တွေ လေ့လာရပြန်တယ်
နောက်ပြေးစက်ရောင်းတယ် မော်တာ ဘယ်လောက်အားလဲ လေ့လာပြန်တယ် မော်တာအား နောက် ဘယ်လောက် Votage လဲ ထောင်လို့ရလား ဟိုက်ဒရောလစ်ပါလား KW ဆိုရင်ရော AC လား DC လား မီးလုံးရောင်းရင် ဘယ်လောက် ဝပ်လဲ လေထိုးစက်ရောင်းရင် PSI ဘယ်လောက်လဲ တနာရီကို ဘယ်နှစ်ပေါင်လဲ ပေါင် ပြောရင် KG ဖွဲ့ရတယ် နောက် ဘယ်လောက်ရှည်လဲ မေးရင် ပေ ပြောရတယ် နောက် မီတာ နဲ့ ပြောရတယ် တခါ စင်တီမီတာ Product detail တွေ ဖတ်ရတယ် တွက်ရတယ် ချက်ရတယ် HP တွေ PS တွေ လေ့လာရတယ် ပြီးရင် အလုပ်လုပ်ပုံတွေ အဆိပ်ထုတ်စက်ရောင်းတော့ Untralsonic တို့ Ozone တို့ အပူချိန်တို့ အကြောင်း လေ့လာရပြန်တယ် TV ရောင်းတော့လဲ Ratio တွေ Resoulation တွေ support တွေ ဘာFormat ဆို ဖတ်တယ်မဖတ်ဘူး ပရိုဂျက်တာကြတော့လဲ Constarnt ဘယ်လောက် စတာတွေ Mouse ရောင်းတော့ DPI တွေ အကြောင်း speed point တွေအကြောင်းကီးဘုတ်ရောင်းတော့ မက်ကနီကယ်ဆိုတာ ဘာလဲ ညာလဲ စတာတွေ လေ့လာရတယ် မူလီ ဆိုဒ်တွေလဲ သိထားရပြန်တယ်
aircooler ရောင်းတော့လဲ အအေးချိန် စင်တီဂရိတ်တွေ ဘာတွေ ဖတ်ရမှတ်ရပြန်တယ် Golf ပစည်းဆိုရင်လဲ ကွေးညွတ်အားတွေ alloy လား metal လား ဟော်လို လား ဂရက်ဖိုက်လားစတာတွေ အပြင် Brand လား ဘားလား ငါးမျှားတဲ့ သံပြားတောင် ဘယ်လောက် Gram လဲ ဘာလဲ အိုဗျာ စုံလို့ပါပဲ translate ကိစတွေတောင်ပါသေးတယ်
ဒါတွေ ကို အရင်က ကျွန်တော်မသိဘူး တကယ်ကိုမသိတာ ဝန်ခံပါတယ် အခုတော့ မေးကြတယ် အမေးခံရတော့လေ့လာရပါတယ် ဒီလိုနဲ့လေ့လာရင်း တော်တော်လေးတော့ သိလာပြီ လို့ ပြောလို့ရပါတယ် လူဆိုတာ မွေးကတည်းကတော့ ဘယ်တတ်ပါ့မလဲ ဗျာ ဒီလိုပဲလေ့လာမှတ်သား သင်ယူရတာပေါ့
ကျွန်တော်ကလဲ လွန်ပါတယ် တလောကလုံးအလုပ် ကျွန်တော့်အလုပ်လို့ ကိုထင်ထားတာ ဘယ်နေရာမဆိုလေ့လာ ရတော့လဲ တခါတလေ ခေါင်းထဲ မှာတော်တော်များလာတယ် Office ပိုင်းဆိုလဲ system တွေ Cash flow တွေ management တွေ ဆိုက်ကို Test တွေ HR တွေ EQ သဘောတွေ နောက် social knowledge တွေ Bank systemတွေ Payment term တွေ ချေးငွေ အတိုးနူန်း ငွေဈေး တွေ အချိန်တွက်ရတာတွေ space.တွေ အိုးများမှ များပဲ
တော်သေးတာတခုက wikipedia ရယ် Google ရယ်က ကျွန်တော်သိချင်တာတွေ ပေးနေလို့ နိ့မဆို ဘယ်လိုသင်နိင်ပါ့မလဲ ဗျာ နောက်ကိုလှည့်ကြည့်လိုက်ရင် ကျွန်တော် ပုံစံက တော်တော်လေး ကိုအရှိန်နဲ့သွားနေတာပဲ လည်လွန်းတဲ့ဘီး တခုခု မဖြစ်အောင်တော့ ထိန်းရမှာပဲ
ဒီလိုနဲ့ပဲတဖြည်းဖြည်း တည်ဆောက် လီဘာတင်သင့်တာတင် ဖြေးဖြေးရွေ့သင့်တာရွေ့ပေါ့ လေ ကျွန်တော် လုပ်စရာတွေ ကျန်သေးတယ် Target တွေအများကြီးပေါ့ဗျာ
ကိုနေစေး
Via myanmar group

လောကကြီးမှာ သင်ယူစရာတွေသိပ်များတယ်

ကျွန်တော်က အင်ဂျင်နီယာလဲမဟုတ်ဘူး ကားသမားလဲ မဟုတ်ဘူး အိုင်တီသမားလဲ မဟုတ်ဘူး စာရေးဆရာလဲ မဟုတ်ပါဘူး 
သာမန်လူတဦးပေါ့

ဒီလိုနဲ့ အလုပ်ထဲမှာကျင်လည်ရင်း စာတွေသင်ရပါတယ် လေ့လာမှတ်သားရပါတယ် အလုပ်တွေလုပ်ရင်း ပစည်းတွေရောင်းရင်း 
ကိုယ်ရောင်းတဲ့ ပစည်းအကြောင်းကိုအရင်သင်ယူရပါတယ် အတွေ့အကြုံကတော့ စုံမှစုံပဲ

boat တစီးဆင်တော့ အင်ဂျင် အကောင်ရေအားတို့ အင်ဂျင်အမည်တွေ ပတ်အားတွေ နောက် ဘီးဖြုတ်တဲ့ wrech လေးတွေရောင်းတော့ ဝယ်သူက မေးတယ် ဘယ်လောက်ပေါင်ရလဲတဲ့ ဟပြသနာပဲ ကျနော်လဲ မသိ သူဆိုလိုတာ ဘာကိုလဲမသိတာပါ အဲတာနဲ့ အင်တာနက်မှာလေ့လာရပြန်ပါတယ် Torque ပေါင် တင်းအားကျပ်အား NM တွေ အကြောင်းသိရပါတယ် နောက်တယောက်ကမေးပြန်ပါတယ် ဘယ်လောက် KG ခံ နိင်လဲ တဲ့ Capacity weight တွေ လေ့လာရပြန်တယ်
နောက်ပြေးစက်ရောင်းတယ် မော်တာ ဘယ်လောက်အားလဲ လေ့လာပြန်တယ် မော်တာအား နောက် ဘယ်လောက် Votage လဲ ထောင်လို့ရလား ဟိုက်ဒရောလစ်ပါလား KW ဆိုရင်ရော AC လား DC လား မီးလုံးရောင်းရင် ဘယ်လောက် ဝပ်လဲ လေထိုးစက်ရောင်းရင် PSI ဘယ်လောက်လဲ တနာရီကို ဘယ်နှစ်ပေါင်လဲ ပေါင် ပြောရင် KG ဖွဲ့ရတယ် နောက် ဘယ်လောက်ရှည်လဲ မေးရင် ပေ ပြောရတယ် နောက် မီတာ နဲ့ ပြောရတယ် တခါ စင်တီမီတာ Product detail တွေ ဖတ်ရတယ် တွက်ရတယ် ချက်ရတယ် HP တွေ PS တွေ လေ့လာရတယ် ပြီးရင် အလုပ်လုပ်ပုံတွေ အဆိပ်ထုတ်စက်ရောင်းတော့ Untralsonic တို့ Ozone တို့ အပူချိန်တို့ အကြောင်း လေ့လာရပြန်တယ် TV ရောင်းတော့လဲ Ratio တွေ Resoulation တွေ support တွေ ဘာFormat ဆို ဖတ်တယ်မဖတ်ဘူး ပရိုဂျက်တာကြတော့လဲ Constarnt ဘယ်လောက် စတာတွေ Mouse ရောင်းတော့ DPI တွေ အကြောင်း speed point တွေအကြောင်းကီးဘုတ်ရောင်းတော့ မက်ကနီကယ်ဆိုတာ ဘာလဲ ညာလဲ စတာတွေ လေ့လာရတယ် မူလီ ဆိုဒ်တွေလဲ သိထားရပြန်တယ် 
aircooler ရောင်းတော့လဲ အအေးချိန် စင်တီဂရိတ်တွေ ဘာတွေ ဖတ်ရမှတ်ရပြန်တယ် Golf ပစည်းဆိုရင်လဲ ကွေးညွတ်အားတွေ alloy လား metal လား ဟော်လို လား ဂရက်ဖိုက်လားစတာတွေ အပြင် Brand လား ဘားလား ငါးမျှားတဲ့ သံပြားတောင် ဘယ်လောက် Gram လဲ ဘာလဲ အိုဗျာ စုံလို့ပါပဲ translate ကိစတွေတောင်ပါသေးတယ်

ဒါတွေ ကို အရင်က ကျွန်တော်မသိဘူး တကယ်ကိုမသိတာ ဝန်ခံပါတယ် အခုတော့ မေးကြတယ် အမေးခံရတော့လေ့လာရပါတယ် ဒီလိုနဲ့လေ့လာရင်း တော်တော်လေးတော့ သိလာပြီ လို့ ပြောလို့ရပါတယ် လူဆိုတာ မွေးကတည်းကတော့ ဘယ်တတ်ပါ့မလဲ ဗျာ ဒီလိုပဲလေ့လာမှတ်သား သင်ယူရတာပေါ့ 

ကျွန်တော်ကလဲ လွန်ပါတယ် တလောကလုံးအလုပ် ကျွန်တော့်အလုပ်လို့ ကိုထင်ထားတာ ဘယ်နေရာမဆိုလေ့လာ ရတော့လဲ တခါတလေ ခေါင်းထဲ မှာတော်တော်များလာတယ် Office ပိုင်းဆိုလဲ system တွေ Cash flow တွေ management တွေ ဆိုက်ကို Test တွေ HR တွေ EQ သဘောတွေ နောက် social knowledge တွေ Bank systemတွေ Payment term တွေ ချေးငွေ အတိုးနူန်း ငွေဈေး တွေ အချိန်တွက်ရတာတွေ space.တွေ အိုးများမှ များပဲ

တော်သေးတာတခုက wikipedia ရယ် Google ရယ်က ကျွန်တော်သိချင်တာတွေ ပေးနေလို့ နိ့မဆို ဘယ်လိုသင်နိင်ပါ့မလဲ ဗျာ နောက်ကိုလှည့်ကြည့်လိုက်ရင် ကျွန်တော် ပုံစံက တော်တော်လေး ကိုအရှိန်နဲ့သွားနေတာပဲ လည်လွန်းတဲ့ဘီး တခုခု မဖြစ်အောင်တော့ ထိန်းရမှာပဲ

ဒီလိုနဲ့ပဲတဖြည်းဖြည်း တည်ဆောက် လီဘာတင်သင့်တာတင် ဖြေးဖြေးရွေ့သင့်တာရွေ့ပေါ့ လေ ကျွန်တော် လုပ်စရာတွေ ကျန်သေးတယ် Target တွေအများကြီးပေါ့ဗျာ

ကိုနေစေး
Via myanmar group

Auto Car JOURNAL မှ သီတင်းကျွတ်လက်ဆောင်

Auto Car JOURNAL မှ သီတင်းကျွတ်လက်ဆောင်
..
ကျွန်တော် တတ်နိင်သလောက်လေး ပြောပြတာလေးကို ဖော်ပြပေးပြီးကျေးဇူးတင်လို့ လက်ဆောင်ပေးသွားတာပါ
ဘာကိုမမျှော်လင့်ပဲ ကူညီပေးပေမယ့် တဖက်က ပြန်တုန့်ပြန် တာကို လက်ခံရရှိတော့ အမှန် ကိုပျော်ရွင်မိပါတယ်
AUTO CAR JOURNAL ကို
အထူးကျေးဇူးတင်ပါတယ်
ကိုနေစေး

ဒီ လက်ရှိ ခုနစ်တွေ အတွက် Electric Device များ အတွက် ဟောကိန်း


ဒီ လက်ရှိ ခုနစ်တွေ အတွက် Electric Device များ အတွက် ဟောကိန်း
( မသိသူကျော်သွား .... သိသူဖော်စား :D )
ကျွန်တော် ရင်းနှီးတဲ့ မိတ်ဆွေတွေကို ပြောပြလေ့ ရှိတယ် ကျွန်တော်တို့ လူမှုအသိုင်းဝိုင်း စီးပွားရေးနယ်ပယ် မှာ Trans လေးတွေ ရှိတယ်ဗျ ။ ဘာလဲဆိုတော့ အကူးအပြောင်းလေးတွေပေါ့ ပန်ကာကနေ Air-con ပြောင်းကြတယ်ဗျာ . Tape Video ကနေ CD နောက် တော့ DVD ပေါ့ DVD Player စက်တွေ ရောင်းလိုက်ရတာဗျာ ကဲနောက် တော့ Walkman တွေကနေ MP4 တို့ ဘာတို့ပေါ့ဗျာ TV မှာဆိုလည်း အလုံးကြီးတွေကနေ LCD နောက်တော့ LED TV တွေပေါ့ ဖုန်းမှာဆိုလည်း mobile ရိုးရိုးကနေ smart ဖုန်းတွေပေါ့ အကူးပြောင်းတိုင်း အကူးပြောင်းတိုင်း မှာ ပထမဆုံး ဈေးကွက် လက်ဦး မှုရသူက စွန့်စားရတယ်ဗျ ဈေးကွက်ထဲမှာလဲ ကိုယ်မှာသာ ရှိရင် ရင် ကိုယ့်ဈေးပေါ့ဗျာ
ကျွန်တော် ပြောချင်တာက အပြောင်းအလဲ တခု နဲ့ တခု ကြားမှာ စီးပွားရှာတတ်စေဖို့ပါ
အခုဈေးကွက်ထဲမှာ အပြောင်းအလဲလေးတွေ ရှိတာကို မြင်နေတယ် ..သူများနိင်ငံမှာ စသုံးနေပေမယ့် မြန်မာပြည်မှာ မဆိုစလောက် စတင်ဝင်နေတဲ့ ပစည်းလေးတွေပေါ့ ၁၀ မျိုးလောက်တင်ပြပေးမယ်
စကြည့်ရအောင် ( နောင်အချိန်မှာ အများအပြားသုံးလာနိင်မယ့် ပစ္စည်းလေးတွေပေါ့ )
( ၁ ) 3D printer ( သူကတဖက်ကနေ Material ထည့်လိုက်ရင် အပြင်မှာ မိမိ အသုံးပြုချင်တဲ့ ပုံတွေ ကို ထုတ်လုပ်ရတဲ့ စက်ဗျ ) တော်တော်လေး အသုံးဝင်တယ် ပုံတင်မဟုတ်တော့ဘူး အရုပ်ပါ ထုတ်လို့ရတယ် ဗျာ တခါတုန်း သေနတ် Model ကို အင်တာနက်ကနေ ဒေါင်းလုပ်ချပြီး အခြားအရာလေးတွေ နဲ့ ပေါင်းပြီး သေနတ်အစစ်လို လုပ်သွားတယ်တဲ့ဗျာ နောက် ကိုယ့်ပုံ နဲ့ ကိုယ့် အရုပ်လေးတွေ 3D camera နဲ့ထုတ်လို့ရပြီ ဈေးက သိန်း 100 ကျောက်နေ တရုတ်စက်ဆို 5သိန်း လောက်အနည်းဆုံး ထိရှိတယ် ဗျ
( ၂ ) Internet TV Smart Box ( သူကတော့ Smart system ပါတဲ့ Tv တွေ အတွက် မထူးခြားပေမယ့် မပါတဲ့ TV တွေမှာ တွဲသုံးလုံးရတဲ့ device လေးဗျို့ Android system ကိုအသုံးပြုထားတယ်ဗျ ကင်မရာ ပါတဲ့ တချို့ Function တွေဆို တဖက် TV မှာလည်း တပ်ထားမယ်ဆိုရင် Video Conferencing တွေ ပါတွဲလုပ်လို့ရတယ် တဖက်က မိသားစု ကို ဖုန်းခေါ်သလိုခေါ်ပြီး ပြောကြဆို ကြပေါ့ဗျာ ဒီ system ကိုပဲ Up လုပ်ပြီး အမျိုးမျိုး ပြု ပြင် ယူကြမယ်ပေါ့ တရုတ်စက်တွေ ကြည့်တာတော့ 1 သိန်းလောက်ပါပဲဗျာ
( ၃ ) Electric Scooter ( ဒါကတော့ လျှပ်စစ် ဆိုင်ကယ်အသေးစားလေးတွေပါ အနာဂတ်မှာ ယဉ်ကျောတွေ ရူပ်လာတော့ ဒီ Scooter လေးတွေက အသေးစားနီးစပ်တဲ့နေရာမှာ သုံးလို့ ရမယ့် Transport ယဉ်ငယ်လေးတွေ ဖြစ်လာမှာပေါ့ စိတ်ကိတ်လို အပြားလေးတွေရှိသလို တဘီးထဲ လဲ ရှိတယ်ဗျ ဈေးက 3 သိန်းလောက်ပဲ
( ၄ ) LED မီးတွေဗျ သူကတော့ အနီရောင်ကနေ အပြာရောင်ကို ပြောင်းလဲ ပြီးနောက် အောင်မြင်ချက်က 9 လောက်ရှိတယ်ပေါ့ Home Decoration တွေ ကားမီးအလှဆင်တာတွေ အခုနောက်ဆုံးတိုးတိုးလေးပြောပြမယ် ဗျာ LED T shirt ဆိုတာပေါ်နေပြီ ဈေးက 3 သောင်းဝန်းကျင်လောက်ပဲ အံမယ် Club ထဲမှာဆို သီချင်းသံနဲ့ အတူ LED က လှုပ်ရှားတယ်ဗျ
( ၅ ) Remote Control ( RC ) Toys တွေဗျ ဘယ်ကနေ ဘယ်လို လဲ မသိပါဘူးဗျာ အခု RC Toys တွေက ကလေးမပြောနဲ့ လူကြီးတွေတောင် သဘောကျတယ် အခုဆို လူငယ်တော်တော်များများ DJI UAV Drone လေးတွေ ပိုင်ချင်ကြတယ်ဗျ ဈေးကလည်းများတယ်ဗျာ သူက Go pro camera နဲ့ တွဲသုံးရင် တယ်နိပ်ဆိုပဲ ကောင်းကင်ယံကနေ ဓါတ်ပုံတွေ တ၀ကြီး ရိုက်ပေါ့ဗျာ ဆားဗေးလုပ်တဲ့နေရာတွေ မှာလဲ သုံးတယ် နောက် RCပြိုင် ကားလေးတွေ Thai မှာဆို ပြိုင်ပွဲတောင်ရှိတယ် ဒီမှာတော့ Team လေးတွေ ဖြစ်လာပြီဗျ Develop တော့ ဖြစ်လာနေပြီ စိတ်မကောင်းစရာက ဆသရ န ညိနေတယ်
( ၆ ) Video Glasses တွေဗျ Google ကနေ Google မျက်မှန်ဆိုပြီး ထုတ်လိုက်တာ သိမှာပေါ့နော် အဲဒီ ပစ္စည်းကဈေး များတော့ တော်တော်များများက မတတ်နိင်ဘူး အခု တော့ တရုတ်က လိုက်ထွက်ပါ တယ် ဈေးပေါတဲ့ မျက်မှန်က တလက်မှ 1 သိန်းခွဲ သာသာလေးရယ် ဖုန်းနဲ့ ရတယ်ဗျာ အခြား device တွေ နဲ့ လဲ တွဲသုံး လို့ရတယ်ဗျ တော်တော်လေး ကောင်းတယ် Movie တွေကို Facebook တွေကို အိပ်ရင်းကြည့်ပေါဗျာ
( ၇ ) LED Watch ခေါ်မလား Android Watch ခေါ်မလား Gps စနစ်ပါတယ်ဗျာ phone စနစ်ပါတယ်ဗျာ Spy Camera လို လဲ သုံးလို့ရသေးတယ် ဈေးကလဲ ပေါတယ် ကလေးတွေ အတွက်လဲ အထူးပြု ထားတာရှိတယ် ဖုန်းခေါ်ပြီး အသံပဲ နားထောင်တာတို့ဘာတို့ပေါ့ 5 သောင်း ၀န်းကျင်လောက်ရယ် ဒီတော့ ၀ယ်ကြ သုံးကြမှာပဲ မြင်ယောင်မိသေးတယ်
( ၈ ) Android Car DVR တွေ အခု ကားတွေ က လည်း မနည်းဘူးဗျ ၀င်ကြတာ အခုနောက်ဆုံးပေါ်လာတာက DVR ကို Android စနစ်နဲ့ ထွက်တာဗျ Honda FiT တို့ ဘာတို့ဆို Original TV လို တောင်ရှိသေးတယ် သူက android လိုဆိုတော့ Google Maps ကို အင်တာနက် သာချိတ်ထားလိုက်ရင် driving mode တွေ Map ကနေ ရှာလို့ရတာတွေ ဖြစ်လာနိင်တယ်ဗျာ လောလောဆယ်ဈေးက 3 သိန်းလောက် ရှိမလားပဲ ဈေးတော့ မပေါသေးဘူး သုံးမယ်ဆိုရင်လဲ သုံးနိင်လောက်ပါတယ်
( ၉ ) Massage mattress ဒါကတော့ အောက်ကနေ အပူလိုင်းနဲ့ နှိပ်ပေးတဲ့ ဖျာပေါ့ဗျာ အရင်ကဆိုရင် Massage လုပ်ဖို့ လသာပြေးရတာနဲ့ :) Massage Chair ကြီး ပြေးဝယ်ရနဲ့ စရိတ်တွေ ကုန်တယ်ဗျ အခုတော့ အဲဒီ ဖျာက 3 သောင်း 4 သောင်း သာသာ ရယ် အသက်ကြီးတဲ့ သူတွေ လူမမာတွေ အတွက် ပိုကောင်းတာပေါ့ ကားပေါ်မှာတင်ထားလဲရတယ် နောက် TV ကြည့် ရင်း ဇိမ်ယူပေါ့ဗျာ
( ၁၀ ) ဒါတော့ မပြောတော့ဘူးဗျာ ကျွန်တော် အတွက်ချန်ထားလိုက်မယ် ကျွန်တော် လဲ အေးဂျင့် ပဲ လုပ်ရတာ ကြတော့ ခေါင်းတွေ စား ရင်တွေ ပူတယ်ဗျ ကုန်သည် အလုပ်လေး စမ်းလုပ်ကြည့်မလားလို့ အခု ကျွန်တော် သွင်းဖို့ အတွက်ရှာ ထားတဲ့ Item ပေါင်း 100 ၀န်းကျင်လောက်ရှိမလားပဲ ကိုယ်က Logistics ထောင်ထားတာဆိုတော့ သူများတွေ ထက် သာတာ တော့ အမှန်ပဲ
အင်တာနက်ကနေ ဈေးတွေ ကြည့် အခွန်တွေ ကိုရန်ကုန် အရောက် တွက် ကိုက်မကိုက်ချိန် Marketing အတွက်လဲ စိတ်မပူဘူး ပစည်းဆိုတာ ဆန်းသစ်ရမယ် ဈေးပေါရမယ် အသုံးဝင်ရမယ် လှပသေသပ်မယ်ဆို ရင် Marketing လုံးဝမလိုဘူး မြန်မာပြည်က သူတွေ အကြိုက်လေ QC မလို ဘူး ရယ် လူများတဲ့နေရာ တခု မှာ ချပြလိုက် ရုံနဲ့ ပွဲပြတ်ပါတယ် အသစ်ဆိုရင် မြန်မြန် သွင်း မြန်မြန်ရောင်း နို့မို့ ဒီလောက အပြိုင် အဆိုင် တွေ ခပ်များများရယ် အခုလဲ ပြောပြတယ်ဆိုတာ အကြောင်းလေးရှိလို့ပါ
.............ကျွန်တော် Online Total Supply Services ကို One Stop service လုပ်နေပါပြီ လို့ အသိပေးပါတယ် ။.......
Product search
Banking Payment
Logistics ( Door To Door )
ကဲ ဘာလိုသေးလဲ အင်တာနက်ကနေ ကြည့်ပြီး ကျွန်တော်ဒါလိုချင်တယ် ပြလိုက် ကျွန်တော် လုပ်ပေးမှာပေါ့ ဆားဗစ်ခအနေနဲ့ % တော့ ပေးလေနော် online shopping သမားတွေ အတွက်သီးသန့် အစီစဉ်လေးတွေရှိပါတယ်
ကိုနေစေး
MM Customs Agent Group Admin
Via Logistics ( President )
Total Supply Chain Services

ကောဇာ ၁၃၈၃ - ၂၀၂၁ ဧပြီ ၁၅ သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး Thingyan sar ( 48 Migapixel File )

၂၀၂၁ မြန်မာပြည် ရြှေ့ဖစ်ကို ကြိုပြီးဟောကိန်းမခန့်မှန်းနိင်တာမို့ Astro ကနေခန့်မှန်းထားတာတွေကို ဖော်ပြရရင် မဟာသင်္ကြန်စာ အပြင် အခြားသော S...

Perzi