ကြိုက်တယ် ကွာ ...
နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးအတွက် ငွေကြေးသုံးစွဲမှု အလွဲသုံးစားလုပ်ခြင်း ဟုတ်၊ မဟုတ် ပွင့်လင်းမြင်သာမှု ရှိရန်လိုလာ ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ၏ နိုင်ငံခြားရေးဝန်ကြီး ဦးပီတာလင်းပင်နှင့် တွေ့ဆုံခြင်း အင်တာဗျူး၌ ဦးပီတာလင်းပင်က "ကျွန်တော်လာတော့ သမ္မတကြီး အကြံပေးရဲ့ ဟိုတယ်မှာ နေတယ်။ နေဇင်လတ်ဆီမှာ . . . ဦးလှမောင်ရွှေက သုံးလေးရက်နေတော့ လာတွေ့တယ် . . . ဦးအောင်မင်းတို့နဲ့တွေ့ဖို့ သင့်တယ်ဆိုတော့ ကျွန်တော်က လက်ခံတယ် . . . ဦးလှမောင်ရွှေ၊ ဦးခင်မောင်သန်း၊ သူတို့ Egress က နောက်တစ်ယောက် ဦးဆန်နီညွန့်သိန်း . . .ပထမဆုံး ဦးအောင်မင်း ရောက်လာတယ်။ သမ္မတကြီးက ခင်ဗျားကို တရားဝင် တွေ့ခွင့်ပေးလိုက်တာပါ . . . ခဏနေတော့ ဦးစိုးသိန်းလာတယ်။ ကျွန်တော့်ကို လက်ဆောင်တွေပေးတယ် . . . ကျွန်တော့်ကို သူတို့ပါလာတဲ့ ကားသုံးစီးက တစ်စီးယူသွားလို့ ပြောတယ်။ လိုချင်ရင် ပြန်ရင်မောင်းသွားရုံပဲ။ ပိုက်ဆံမပါရင် သုံးဖို့ပေးမယ်။ သိန်းတစ်ထောင်။ နေဖို့အတွက် အင်းလျားကန်ပေါင်ဘေးမှာ နေရာတစ်နေရာ လက်ညှိုးထိုး နေစရာလုပ်ပေးမယ် ပြောတယ်" အင်တာဗျူး၌ ဦးပီတာလင်းပင်က MPC အဖွဲ့ဝင် ဦးလှမောင်ရွှေအား "ပွဲစား" ဟု သုံးနှုန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နှင့် တွေ့ဆုံရန်အတွက် ဦးလှမောင်ရွှေကပင် ဆက်သွယ်ပေးခဲ့သည်ဟု ဆိုသည်။ လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးနေမှု ပြုလုပ်နေသော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အိမ်ရောင်း၊ ကားရောင်းပြီး လုပ်နေရခြင်းဖြစ်ကြောင်း စက်တင်ဘာ တတိယပတ် အတွင်းက တရားဝင် ထုတ်ဖော်ပြောကြားခြင်း ရှိခဲ့သည်။ "ဦးအောင်မင်းကို ကြိုက်တဲ့အချိန် ပိုက်ဆံစစ်လို့ ရတယ်။ အခု ပိုက်ဆံစိုက်ပြီး လုပ်နေတာ။ ဒါတွေက ငြိမ်းချမ်းရေးကို လိုချင်လွန်းအားကြီးလို့ အိမ်ရောင်း၊ ကားရောင်းပြီး လုပ်နေတာ။ ဘယ်အိမ်တွေ ရောင်းထားလဲဆိုတာ သိချင်သေးတယ်ဆိုရင် ကျွန်တော်လိပ်စာ ပေးလိုက်ဦးမယ်။ သွားကြည့်လိုက်ဦး" ဟူ၍ ဦးအောင်မင်းက စက်တင်ဘာ တတိယပတ်က MPC ပြောကြားခဲ့သည်။ "အခုလောလောဆယ်တော့ အိတ်စိုက်ပဲ ချတယ်။ ဘာလို့အိတ်စိုက်ပဲ ချနေလဲဆိုတော့ သတင်းထုတ်သင့်မှလည်း ထုတ်ပေါ့နော်။ အဘတို့က စိတ်တူ၊ သဘောတူ ပညာရှင်တွေနဲ့ ပေါင်းပြီးတော့ လုပ်ကြတာပေါ့။ များသောအားဖြင့်က အဘတို့ နောက်ပြီးတော့ လုပ်ငန်းရှင်တွေက ဦးလှမောင်ရွှေတို့၊ သူတို့ဆိုရင် ခရီးစဉ်တစ်ခု သွားမယ်ဆိုရင် ပိုက်ဆံချိုးလိုက်တာပဲ။ တစ်ယောက်တစ်ဝက်စီ ထည့်မယ်ဆိုပြီးတော့ ဒီလိုပဲ သွားကြလာကြ၊ ပြီးတော့ ချကြတာပေါ့နော်။ ဦးလှမောင်ရွှေဆိုရင် အဘနဲ့ပေါင်းမှ ဆင်းရဲသားစာရင်း သွင်းရတော့မယ် သူ့ကိုလေ။ အကုန် ဒီနေ့ ဒီအချိန်အထိက နိုင်ငံတော်စရိတ် လုံးဝမသုံးပါဘူး" ဟု ဦးအောင်မင်းက ၂၀၁၂ ခုနှစ် စက်တင်ဘာ တတိယပတ်က ပြောကြားခဲ့သည်။ ......မှတ်ထားရမယ် ....... လက်နက်မ ကိုင်မိတာ နာတာပဲ .. http://first-11.com/local/25600 |
ငြိမ်းချမ်းရေးအတွက် ကားပါမစ်
Subscribe to:
Post Comments (Atom)
ကောဇာ ၁၃၈၃ - ၂၀၂၁ ဧပြီ ၁၅ သူရိယသိဒ္ဓန္တ မဟာမြန်မာ မန္တလေး Thingyan sar ( 48 Migapixel File )
၂၀၂၁ မြန်မာပြည် ရြှေ့ဖစ်ကို ကြိုပြီးဟောကိန်းမခန့်မှန်းနိင်တာမို့ Astro ကနေခန့်မှန်းထားတာတွေကို ဖော်ပြရရင် မဟာသင်္ကြန်စာ အပြင် အခြားသော S...
-
တော်တော်ရူပ်တဲ့ဟာတွေပါ နည်းတဲ့စာရွက်တွေမဟုတ်ဘူး PROFILE ရော လျှောက်လွာတွေရော အခွန်တွေရော Company တွေရောနည်းတာမှတ်လို့ Duty ဆောင်ထားတာတွေဝ...
-
Myanmar e-Commerce Delivery ( အပိုင်း ၄ ) ပို့်ဆောင်ရေးလုပ်သား Delivery Man Delivery လိုင်စင် Delivery Trust Delivery အလုပ်အကိုင်အခွင့်လမ်း ...
-
Chair’s Statement on the Informal ASEAN Ministerial Meeting (IAMM) 2 March 2021 1. The Informal ASEAN Ministerial Meeting (IAMM) was conven...
No comments:
Post a Comment